Part 5
မုန့်ဟုန်ကျင်းက စိတ်ပျက်သွားတယ်။ သူ့လက်ဖျားစထဲမှာ စာရေးတဲ့စုတ်တံလိုအချောင်းလေးတစ်ချောင်း ရှိတယ်။ အဲဒါက မနှစ်တုန်းက သူ့အစ်ကိုက သူ့ကိုကစားဖို့အတွက်ပေးခဲ့တာဖြစ်ပြီး ရှည်သွယ်တဲ့အချောင်းလေးရဲ့ အောက်ခြေမှာ ပြူထွက်နေတဲ့ခလုတ်လို စက်လုံးလေးတစ်လုံးရှိတယ်။ အဲ့ခလုတ်လေးကိုတစ်ချက်လောက် ဖိလိုက်တာနဲ့အထဲက ငွေအပ်တစ်ချောင်းက အပြင်ကိုတန်းထွက်လာမှာ ဖြစ်တယ်။ မုန့်ဟုန်ကျင်းက ငွေအပ်ပေါ်မှာဆေးတစ်မျိုးသုတ်လိမ်းထားတယ်။ ကျန်းလီမြှားသုံးချောင်းပစ်နေတဲ့အချိန်ကို အခွင့်အရေးယူရင်း သူကလည်း မြှားပစ်သလိုမျိုးဟန်ဆောင်ကာ သူ့လက်ကိုမြှောက်ရင်း အဲ့ခလုတ်လေးကိုဖိလိုက်တော့ ငွေအပ်က မြင်းရဲ့တင်ပါးကိုသွားစိုက်တာကြောင့် မြင်းက ကြောက်လန့်သွားရတာပဲ။ ထိုငွေအပ်က အတော်လေးသေးငယ်ပါးလွှာပြီး သေသေချာချာလုပ်ထားတာကြောင့် နောက်ပိုင်းစစ်ဆေးတဲ့အခါကျရင်လည်း လွယ်မှာမဟုတ်ဘူး။ပြီးတော့ ဘယ်သူကဒါကို သူလုပ်တယ်လို့ထင်မှာလဲ?
မုန့်ဟုန်ကျင်းက ကျန်းလီရဲ့အစတုန်းက မကျွမ်းမကျင်တဲ့ပုံစံကိုမြင်ပြီး ကျန်းလီမှာ သာမန်မြင်းစီးတတ်ရုံလောက်ဘဲလို့မှတ်ထင်ကာ ဒီတစ်ခေါက်တော့ သေချာပေါက်မြင်းပေါ်ကပြုတ်ကျတော့မှာလို့ အပိုင်တွက်ထားခဲ့တာ။ ဒါပေမယ့် သူက ကျန်းလီရဲ့ဟန်ဆောင်ထားတဲ့ မူယာမာယာတွေထဲထပ်လှည့်စားခံလိုက်ရတာပဲ။ အနားကတပ်သားတွေက ကျန်းလီဆီအလျင်အမြန်ရောက်လာကြတယ်။ ကျန်းယွမ်ပိုင်က ပိုပြီးပူပင်သောကရောက်သွားတော့တယ်။ စိတ်ဖောက်သွားတဲ့မြင်းတစ်ကောင်က သိပ်ကြောက်ဖို့ကောင်းတာ မြင်းကိုထိန်းချုပ်လို့ရလိုက်ရင်တောင် အပေါ်ကစီးလာတဲ့ကျန်းလီက အနည်းနဲ့အများ ဒဏ်ရာတော့ရသွားနိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကိုကယ်ထုတ်သွားပေးမယ်ဆိုလည်း ဒီမှာရှိနေတဲ့တပ်သားတွေ အကုန်လုံးကယောက်ျားလေးတွေချည်းပဲ။ ကျန်းလီသာ ယောက်ျားလေးတစ်ယောက်အဖက်ခံလိုက်ရမယ်ဆို ဘာပဲဖြစ်ဖြစ် ဝေဖန်ဖို့ထောက်ပြစရာ ဖြစ်လာလိမ့်မယ်။
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...