Part 31

2.8K 248 1
                                    

အခန်း (၃၁.၁)

အတု

(အခုကစပြီးတော့ ကျီဟန်ရဲ့ကျီနဲ့ ကျီရှုရန်ရဲ့ကျီကို ဒီလို ခွဲလိုက်ပါမယ်နော်။ ကျီဟန်ကို ကျီလို့ သုံးပြီးတော့ ကျီရှုရန်တို့ကို ကျိမိသားစုလို့ သွားပါမယ်နော်။ မင်မင်တို့က Eng ကနေ ပြန်တာ ဖြစ်လို့ နာမည်နည်းနည်းလွဲမှားတာမျိုး ရှိခဲ့ရင် ကြိုတင် တောင်းပန်အပ်ပါတယ်။)

တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာ ရုတ်တရက် အလွန်ကျယ်လောင်ပြီးတော့ ကြွပ်ဆတ်ဆတ်နိုင်တဲ့ အသံတစ်ခုက ထွက်ပေါ်လာခဲ့တယ်။ အဲ့အသံက ကျန်းလီရဲ့ ရှေ့မှာရပ်နေတဲ့ အစေခံမိန်းကလေး ဖြစ်တဲ့ တုန်အာဆီကပဲ ဖြစ်ခဲ့တယ်။

ကျယ်လောင်တဲ့ အသံနဲ့ တုန်အာက ပြောလိုက်တယ်။

"ဒီအစေခံက သခင်မလေးကို ယုံပါတယ်"

ကျန်းလီက တုန်လှုပ်ခြောက်ခြား သွားခဲ့တယ်။ သူမက စကားပြောဖို့ လုပ်နေတဲ့ အချိန်မှာ၊ နောက်ထပ် အမျိုးသမီးရဲ့ အသံကို ကြားလိုက်ရတယ်။ တစ်စုံတစ်ယောက်က ပြောလိုက်တယ်။

"ဒုတိယသခင်မလေးကျန်းက ဒီကိစ္စကို မလုပ်ခဲ့ဘူးဆိုတာကို ယုံတယ်။

ချင်ချန်းတောင်ပေါ်မှာ သူမနှင့် ခင်မင်ရင်းနှီးမှုကို ကြိုတင်တည်ဆောက်ထားခဲ့တဲ့ သခင်မကြီးလျူဆိုတာ သေချာသွားဖို့ ကျန်းလီက သူမရဲ့ ခေါင်းကို လှည့်ကြည့်ခဲ့တယ်။ သူမကို ကြည့်နေတဲ့ ကျန်းလီကို တွေ့လိုက်ရတော့၊ သခင်မကြီးလျူက အဝေးတစ်နေရာကနေ ကျေနပ်အေးချမ်းတဲ့ အပြုံးကို ပြုံးပြလိုက်ပြီးတော့ ပြောလိုက်တယ်။

"နောက်ဆုံးတွေ့ရှိချက်အရ၊ အဲအချိန်တုန်းက မျက်မြင်သက်သေက ဇာတ်လမ်းထဲက ဒီအစေခံမလေးနဲ့ နံဘေးမှာပဲ ရှိခဲ့တယ်"

သူမက မြေပြင်ပေါ်မှာ ခန္ဓာကိုယ်ကို ကျုံ့ထားတဲ့ ရှန်းချောင်ကို တစ်ချက်ကြည့်လိုက်ပြီးတော့ ဆက်ပြောလိုက်တယ်။

"ဒုတိယ ကျန်းသခင်မလေးက ဒီကိစ္စကို လုပ်ခဲ့တယ်လို့ ဒီအစေခံက ပြောနိုင်သလို၊ သခင်မလေးက မလုပ်ခဲ့ဘူးလို့လည်း ပြောလိုက်နိုင်တယ်။ ဒါက ဘာမှမဖြစ်ပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းထဲမှာ အဲဒါကို ဆုပ်ကိုင်ထားတဲ့ လူအပေါ်မှာပဲ မူတည်နေတယ်။ အဆင့်နှစ်မှူးမတ်တစ်ယောက်ဖြစ်တဲ့ သခင်ကြီးကျန်းက၊ သူ့သမီးအရင်းကို ယုံရမဲ့အစား၊ ဆွေမျိုးလဲ၊ မိတ်ဆွေလဲ မဟုတ်တဲ့ အစေခံမိန်းကလေး ပြောတာကိုပဲ ယုံခဲ့တယ်။ ဒီလိုပုံစံမျိုးနဲ့ဆိုတော့၊ အလယ်တရားရုံးတော်က လူတွေအားလုံးက လက်ခံဖို့ ငြင်းပယ်လိုက်မှာကိုတော့ ဒေါ်လေးတော့ ကြောက်နေမိတယ်"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now