Part 50

1.6K 124 1
                                    


Ch 50

ကျန်းလီက တစ်ခွန်းထဲ ခပ်ပျော့ပျော့ ပြောလိုက်တာ ဖြစ်ပေမယ့် ဒီစကားကြောင့် ခုဏက တိတ်ဆိတ်နေခဲ့တဲ့ လူအုပ်ကြီးကို အပြိုင်အဆိုင် ဆွေးနွေးသံတွေနဲ့ ပွက်လောရိုက် သွားစေတယ်။ လျိုကျစ်မင်က ကျန်းလီကို သူမ ဘယ်အိမ်တော်ကလဲ ဆိုတာ ပြောပြီးတာနဲ့ လှောင်ဖို့ စောင့်နေခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် သူ ဒါကိုကြားပြီးနောက် ဆန့်ကျင်ဘက်အဖြစ် သူတစ်ကိုယ်လုံးက ရှိရင်းစွဲနေရာမှာပဲ တောင့်တင်း အေးခဲ သွားတော့တယ်။

ယန်ကျင်းက ကျန်းအိမ်တော်ရဲ့ သခင်မလေးလား အကြီးအကဲချုပ်ရဲ့ သမီးဆို ကျန်းယို့ရောင်ပဲ ရှိတာ မဟုတ်ဘူးလား။ သူမ ခုနက ပြောသွားတာ ဒုတိယ သခင်မလေး ဆိုလားပဲ။ အဲ့တော့ အရင်က တောင်ပေါ်အပို့ခံလိုက်ရတဲ့ ကျန်းလီလား။ ထိုက်ချန်းချင်းအိမ်တော်က အငယ်ဆုံးသားက ယန်ကျင်းမှာ ကြိုက်တဲ့နေရာ လျှောက်သွားလျှောက်လာ လုပ်လို့ရတာ မှန်ပေမယ့် ဧကရာဇ်ရဲ့ အလေးစားဆုံးနဲ့ အလေးထားရဆုံး ဆရာဖြစ်တဲ့ အကြီးအကဲချုပ် ကျန်းယွမ်ပိုင်ကို သွားခလုတ်တိုက်လို့ ရတယ်လို့တော့ မဆိုလိုဘူး။

လျိုကျစ်မင် တစ်ယောက်တော့ ကျားရှေ့တည့်တည့် မှောက်လျက်လဲတာပဲ။ အခုသူသာ ဒီစွပ်စွဲချက်ကို အမှန်လို့ ဝန်ခံလိုက်ရင် ရှေ့လျှောက် ယန်ကျင်းမှာ ဘယ်လိုလုပ် ရောနှောနေလို့ ရတော့မှာလဲ။ ဒါ့အပြင် သူက ရီရှီကျယ်ရဲ့ ငွေကိုလိုချင်လို့ ပန်းချီကားအတုနဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတာ လူတွေအားလုံး သိသွားရုံမက အင်ပါယာကျောင်းက သူ့အတန်းဖော်တွေသာ သိသွားကြည့် သူတော့ တစ်သက်လုံး လှောင်ရယ်ခံရတော့မှာ... သူ့အဖေကလည်း သူ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး သူ့ကို အရေခွံစုတ်လိမ့်မယ်။

လျိုကျစ်မင်စိတ်ထဲမှာ ဗြောင်းဆန်နေပြီ။ သူက အရင်ကလည်း သူ့ထက်ရာထူးမြင့်တဲ့ သခင်လေးတွေနဲ့ မရင်ဆိုင်ဖူးတာ ကျနေတာပဲ။ တချို့အိမ်တော်က သခင်လေးတွေက ရာထူးသာမြင့်တာ စိတ်နုတော့ သူကပဲ အမြဲအနိုင်ရနေကြပဲ။ သူက တွေးလိုက်တယ်။ ကျန်းလီက ဘာမဟုတ်တဲ့ ပျော့ညံ့တဲ့ မိန်းကလေးပဲဟာ နည်းနည်း ကြမ်းပြလိုက်ရင် သူငြိမ်ရင်ငြိမ်သွားမှာပေါ့။ သူက ကျန်းလီကို ပြန်ပြီး မထီမဲ့မြင်နဲ့ သရော်တော်တော် ပြောတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now