Ch 62
အခုဖြေဆိုနေရတဲ့ ဘာသာရပ်သုံးခုလုံးက ကျန်းလီအတွက် သိပ်ကို လွယ်ကူလွန်းတယ်။ ထုန်ရှန်းက သူတက်ခဲ့တဲ့ကျောင်းလေးက မင်ယီကျောင်းတော်လောက် မခမ်းနားမလှပပေမယ့် သိမ်နုပ်တိမ်ကောနေတာမျိုးလည်း မဟုတ်ဘူး။ သင်ယူစဥ်ကာလအတွင်းမှာ လူကုံထံတွေက သူတို့နည်းသူတို့ဟန်နဲ့ရှိကြသလို သာမန်လူတွေကလည်း ကိုယ့်ရဲ့ ကိုယ်ပိုင် နည်းဟန်တွေရှိလိမ့်မယ်လို့ ကျန်းလီက ယုံကြည်တယ်။
သင်ကြားပေးဖို့အတွက် နန်းတော်ထဲက အဆင့်မြင့်ဆရာတွေ မရှိပေမယ့်လည်း သူမအဖေ ရွှယ့်ဟွိုင်ယွမ်ရဲ့ အထူးဂရုပြုသင်ကြားပေးမှုအောက်မှာ ကျန်းလီက အတော်ဆုံးမဟုတ်တောင် အညံ့ဆုံးလို့လည်း ပြောလို့မရပါဘူး။ ဒါ့အပြင် သူမအဖေက မိန်းကလေးဆိုပြီး အိမ်ထဲ အမြဲတမ်း မနေစေဘဲ လွတ်လပ်မှုရဲ့အရသာနဲ့ ကျယ်ပြန့်တဲ့ လောကကြီးကို ထိတွေ့ပေးခဲ့တာက တခြားယောက်ျားလေးတွေထက်တောင် သူမကို ပိုအမြင်ကျယ်စေခဲ့တယ်။
အဲ့ဒီလိုမှမဟုတ်ရင် သူယန်ကျင်းမှာ နေခဲ့တုန်းက ပထမဆုံးအလှလေးဆိုတဲ့ ဂုဏ်ပုဒ်အပြင် ပထမဆုံး အရည်အချင်းရှိတဲ့သခင်မလေးဆိုတဲ့ ဂုဏ်ပုဒ်ကို ဘယ်ရပါ့မလဲ။
သူက အဖြေလွှာပေါ်မှင်တံတင်ရင်း စဥ်းစားတွေးတောခြင်းမရှိ မရပ်တန်းရေးရင်း အပြီးသတ်လိုက်တာက တစ်ခါတည်းလက်တန်းလုပ်သွားသလို အေးအေးဆေးဆေးပဲ။ အဲ့ဒါအပြင် 'ထိပ်တန်းဂုဏ်ထူးဆောင်ရဲ့ ကတော်' ဆိုတဲ့ ချိန်းကြိုးကြီးကိုဖြုတ်လိုက်ပြီး တစ်ခါသေဖူးပြီးသားလူတစ်ယောက်အနေနဲ့ သူမက ပိုတောင်အမြင်ကျယ်လာသေးတယ်။ အခန်းထဲက လှည့်လည်စစ်ဆေးနေတဲ့ အခန်းစောင့်ဆရာမက ကျန်းလီရဲ့ တစ်ခုခုဝင်ပူးထားသလို ရပ်နားခြင်းမရှိ စာရွက်အပေါ် မှင်တံပြေးနေပုံကိုကြည့်ပြီး အလွန်အံ့အားသင့်သွားရတယ်။
အချိန်တွေဟာ လျင်လျင်မြန်မြန်ကုန်ဆုံးသွားပြီး ဘာသာရပ်သုံးခုလုံးကို ဖြေဆိုပြီးသွားပြီ ဖြစ်တယ်။ အခန်းစောင့်ဆရာမက အဖြေလွှာတွေကို ဂရုတစိုက်သိမ်းရင်း အရေးကြီးတဲ့စကားအနည်းအကျဥ်းကို သေသေချာချာ ထပ်တလဲလဲ သတိပေးပြောဆိုပြီးနောက် ချက်ချင်း ထွက်ခွာသွားတယ်။ စာမေးပွဲကြီးပြီးပြီဆိုတော့ နောက်ငါးရက်အကြာမှာ ထုတ်ပြန်မယ့် ရလဒ်ကိုသာ စောင့်ကြည့်ရတော့မယ်။

YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...