Part 13

2.9K 280 2
                                    

13 01

အခန်း (၁၃)

ချင်ချန်းတောင်ထိပ်တွင် မက်မွန်ပွင့်တွေဟာ စည်ပင်ဝပြောစွာ အလျှံပယ်ဖူးပွင့်နေကြပြီဖြစ်တယ်။ သူတို့ကပွင့်ပွင့်ပြီးချင်းမှာပဲ အများစုဟာ စတင်ညှိုးရော်လာကြပေမဲ့လည်း သူတို့ရဲ့ကိုယ်ပိုင်ပန်းနုရောင်ကိုတော့ ထိန်းသိမ်းထားတုန်းဘဲ။ တောင်ရဲ့မြင်ကွင်းက ဝန်းကျင်ကို အနည်းငယ် သာယာပြီးနှစ်လိုဖွယ်ကောင်းအောင်ပေါင်းထည့်လိုက်ခြင်းဖြင့် ဟယ်လင်ကျောင်းတော်က ချစ်စရာသီလရှင်လေးရဲ့ ကောလဟာလနဲ့ အံကိုက်ဖြစ်နေတော့တယ်။ တောင်ထိပ်ရှိရာသီဥတုမှာ တောင်ခြေနဲ့ကွဲ​ပြားစွာမပူဘဲ အလွန်လန်းဆန်းအေးမြတယ်။ အရင်နဲ့မတူဘဲတုန်အာနဲ့ ကျန်းလီတို့က အဆုံးမရှိတဲ့ အလုပ်တွေကို လုပ်စရာ မလိုတော့ဘူး။ သခင်မလျူက အမျှော်အမြင်ကြီးစွာနဲ့ မထွက်ခွာခင်မှာ သူတို့အတွက် အစားအသောက်နဲ့ငွေကို လုံလုံလောက်လောက်ချန်ထားပေးခဲ့တယ်။

ကူဖော်လောင်ဖက် ယွီရှန်းလည်းရှိတော့ ကျောင်းကြီးက မုန်းစရာ ကောင်းတဲ့ သီလရှင်တွေ ကင်းစင်နေတယ်။ တုန်အာရဲ့ ရယ်သံတွေ ကိုလည်း အရင်ကထက် ပိုကြားလာရတယ်။ခြောက်လမြောက်ရဲ့ဒုတိယနေ့မှာ ရုတ်တရက် ကျောင်းအပြင်ဘက်က ဆူညံသံတစ်ခုထွက်လာတယ်။အဲ့အချိန်မှာ တုန်အာက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ယန်ကျင်းကစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ယွီရှန်းပြောပြတာကို နားထောင်နေရင်း ပြူတင်းပေါက်အဝနားမှာထိုင်တယ်။ သူကအဲ့အသံတွေအပေါ် လန့်သွားပြီး ထူးဆန်းစွာ ပြောတယ်။ "အပြင်မှာဘာတွေဖြစ်နေတာလဲ"

တုန်အာနဲ့အတူ ယွီရှန်းကိုနားထောင်နေတဲ့ ကျန်းလီက အကြည့်တွေကိုရွေ့လျားလိုက်ပြီး တိုးတိုးလေး ပြောတယ်။

"သူတို့ရောက်ပြီ"

တုန်အာက ပဟေဠိဖြစ်နေရင်း "ဘယ်သူရောက်တာလဲ"

ကျန်းလီက အသာလေး ပြုံးပြီး "ငါတို့ကို လာကြိုမဲ့သူတွေ ရောက်ပြီ"

ယွီရှန်းက ခဏစဥ်းစားပြီးနောက် ထရပ်လိုက်ပြီးပြောတယ်။ "ဒီအစေခံက တစ်ချက်လောက် အပြင်ကိုသွားကြည့်လိုက်ပါ့မယ်..ဒုတိယသခင်မလေးက အရင်ဆုံး ဒီမှာပဲ နေခဲ့ပါ"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now