Part 54.2

976 94 0
                                    


MDD-54.2

ဝမ်းကွဲအစ်ကိုကြီး

"ကျွန်မ ပြောချင်တာက အဲဒီတုန်းက ကျွန်မရဲ့ အသက်က အရမ်းငယ်သေးတယ်။ အဖွားက ရှန်းယန်လို့ ခေါ်တဲ့ အဝေးကြီးမှာရှိနေတာ။ အမေက အစောကြီး ကွယ်လွန်သွားခဲ့ပြီးတော့၊ အဖေကလည်း အစိုးရ တာဝန်ကိစ္စတွေနဲ့ အလုပ်များနေခဲ့တယ်၊ အဲဒါကြောင့်မို့ မိထွေးကပဲ အများကြီး ပြုစုစောင့်ရှောက်ပေးခဲ့ရတယ်။ ကျွန်မပြောသမျှကို တစ်ယောက်ယောက်က သင်ပေးထားနိုင်သလို၊ တစ်ယောက်ယောက်ကလည်း ကျွန်မကို အဲ့လိုမျိုး စကားတွေပြောဖို့ ခြိမ်းခြောက်ထားနိုင်ခဲ့တယ်"

ရီရှီကျယ်က သူမကို စကားနည်းနည်းလောက် ပြောပြီးတော့ ခနဲ့ ချင်ခဲ့တယ်။ ဒါပေမဲ့ ကျန်းလီရဲ့ လေးနက်တဲ့ အကြည့်တွေကို မြင်လိုက်ရတဲ့အခါမှာ၊ သူက စိတ်မရှုပ်ဘဲ မနေနိုင်ခဲ့ဘူး။

ဒီစကားလုံးတွေက ကျန်းလီရဲ့ စိတ်ထဲက မှန်းဆချက်တစ်ခုသာ ဖြစ်နိုင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ဒုတိယ ကျန်းသခင်မလေးက အခုလိုမျိုး နာကျင်စေတတ်တဲ့ စကားလုံးတွေကို ပြောတတ်ဖို့ရာ အရမ်းငယ်လွန်းနေခဲ့တယ်။ ပြီးတော့ ကုန်သည်တွေကို အထင်သေးတဲ့ အခုလို ကိစ္စမှာတော့ ကျန်းလီရဲ့ နောက်မှာ တစ်ယောက်ယောက်က ထိန်းချုပ်ထားတာ သေချာပေါက် ရှိလိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်။ ကျန်းလီကို ကျိရှုရန်က ကြည့်ရှုပေးတာကို အခြေခံပြီးတော့၊ ကျိရှုရန်ရဲ့ ရက်စပ်ယုတ်မာမှုတွေက ကျန်းလီအပေါ်မှာ အသုံးချထားကောင်း ချထားလိမ့်မယ်။

ကျိရှုရန်က ဒုတိယကျန်းသခင်မလေးကို ချော့မော့တာပဲဖြစ်ဖြစ် ခြိမ်းခြောက်တာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်နေပါစေ အဲဒါက ဒုတိယကျန်းသခင်မလေးရဲ့ စိတ်ကူးမဟုတ်ခဲ့ပေမဲ့ တခြားလူတွေရဲ့ လွှမ်းမိုးမှုသာ ဖြစ်ခဲ့တယ်။

ရီရှီကျယ်က တိတ်ဆိတ်သွားခဲ့တယ်။ ကျန်းလီရဲ့ စကားလုံးတွေက သူ့ကို ယိမ်းယိုင်သွားစေခဲ့တယ်။ ကျန်းလီကို အပြစ်တင်နေခဲ့ရင်တောင်မှ၊ ကျန်းလီရဲ့ အခုလက်ရှိ မျက်နှာ အမူအရာက အတုအယောင်တွေ မဟုတ်နေခဲ့ဘူး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now