Part 58.2

772 60 0
                                    


MDD-58.2

အဖွဲ့အစည်း

ကျန်းယို့ရောင်ကို ကြည့်နေကြတဲ့ လူတွေအားလုံးက အဆုံးသတ်မှာ သူမ မျက်နှာ ပျက်တာကို မြင်ချင်ကြတဲ့ အုပ်သုတနဲ့ သနားတဲ့ အုပ်စု ဆိုပြီးတော့ အုပ်စု နှစ်စု၊ သုံးစု ကွဲသွားခဲ့ကြတယ်။ ကျန်းယို့ရောင်က ဖြတ်သွားရင်းနဲ့ ကျန်းလီကို ကြည့်ပြီးတော့ ပြောလိုက်တယ်

"ဒုတိယအစ်မတော်၊ နင်က ဘာလို့ သခင်မလေးမန်းနဲ့ ယှဉ်ပြိုက်ရတာလဲ။ ဟုန်ကျင်းက မင်ယီကျောင်းတော်ရဲ့ စာမေးပွဲတိုင်းမှာအမြဲတမ်း ထိပ်ဆုံးသုံးယောက်ထဲ ပါခဲ့တာ။ ဒီတစ်ခါ နင်က သူမနဲ့ ထိပ်တိုက်တွေ့တာက အသိဉာဏ်ရှိတဲ့ လုပ်ရပ်တော့ မဟုတ်ဘူး"

ကျန်းလီက သူမကို ကြည့်ပြီးတော့ ပြောလိုက်တယ်

"တတိယညီမပြောတဲ့စကားအတိုင်း၊ ငါက မုန့်ဟုန်ကျင်းကို ရှာပြီးတော့ လောင်းကြေးကို ဖျက်သိမ်းလိုက်သင့်သလား"

ကျန်းယို့ရောင်က သူမရဲ့ ပါးစပ်ကို စိုးရိမ်တကြီးနဲ့ မဖွင့်ခင်တစ်ခဏမှာ ဆွံ့အတောင့်တင်းသွားခဲ့တယ်။

"ဒါပေမဲ့ မင်ယီကျောင်းတော်က လူတွေအားလုံးက အဲဒါကို သက်သေလုပ်ပေးထားတာလေ။ ဒုတိယအစ်မတော်၊ အခုမှ လောင်းကြေးကို ဖျက်သိမ်းလိုက်မယ်ဆိုရင်၊ အစ်မက အရှုံးသမား ဖြစ်သွားပြီးတော့၊ ကျွန်မတို့ မိသားစုရဲ့ ဂုဏ်သိက္ခာတွေ

ညှိုးနွမ်းသွားလိမ့်မယ်"

ကျန်းလီက ပြောလိုက်တယ်

"အဲဒါဆိုရင်၊ လောင်းကြေးကို မဖျက်သိမ်းရဘူးပဲ။ တတိယညီမလဲ ငါ့အတွက် စိတ်ပူနေဖို့ မလိုတော့ပါဘူး။ ငါက အမြဲတမ်း ကံကောင်းတတ်တယ်။ ဒီအခွင့်အရေးမှာသာ ကံကောင်းမယ်ဆိုရင်၊ အလောင်းအစား က အနိုင်ရမှာပဲ မဟုတ်လား"

ကျန်းယို့ရောင်က ပြုံးပြီးတော့ ပြောလိုက်တယ်

"အဲဒါဆို အဆင်ပြေပါတယ်"

ဒါပေမဲ့ သူမရဲ့ အသံက လုံးဝ မယုံနိုင်စရာ ဖြစ်နေခဲ့တယ်။

ကျန်းယို့ရောင်က ထွက်သွားပြီးတဲ့နောက်မှာ လျူဝူက လမ်းလျှောက်လာခဲ့တယ်။ ကျန်းယို့ရောင်ရဲ့ ထွက်ခွာသွားတဲ့ နောက်ကျောကို ကြည့်ပြီးတော့ သူမက ပြောလိုက်တယ်

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now