Part 77.1

327 52 2
                                    


Ch 77

part 1

မင်ယီကျောင်းတော်ရဲ့စာမေးပွဲကြီး ပြီးသွားပြီး များမကြာမီအချိန်အတွင်းမှာပဲ ကျန်းအိမ်တော်က နန်းတော်ရဲ့ညခင်းဧည့်ခံပွဲအတွက် ဖိတ်ကြားစာလက်ခံရရှိလာတယ်။ ဧကရာဇ်ဟုန်ရှောင်းက ငယ်ငယ်ကတည်းက ရိုးရှင်းမှုကိုသာ နှစ်သက်ပေမယ့် လက်ရှိ ဧကရီမိဖုရားကြီးကတော့ ကိန်းကြီးခမ်းကြီးနိုင်တာကို သဘောကျတယ်။

ထိုနှစ်ယောက်ဟာ သွေးသားမတော်စပ်သော်ငြား အတော်လေး ချစ်ခင်စွာပနံသင့်လှတယ်။ ဧကရာဇ်ရဲ့မွေးမိခင် ကြင်ယာတော် ရှားက စောစီးစွာနတ်ရွာစံသွားခဲ့ပြီး ဧကရီမိဖုရားကြီးမှာလည်း သားသမီးတစ်စုံတရာ မရှိတာကြောင့် အရင်ဧကရာဇ်ဟောင်းက ဒီသားတော်လေး ဟုန်ရှောင်းကိုဧကရီမိဖုရားကြီးလက်အောက်မှာ ကြီးပြင်းစေခဲ့တယ်။ အင်မတန်ကြာညောင်းစွာ အတူတူရှိခဲ့ကြတဲ့အလျောက် သူတို့နှစ်ဦးက အမှန်ကို သံယောဇဉ်ရှိကြတယ်။

မှူးကြီးမတ်ရာတွေကို ဖိတ်ကြားတာကလွဲ ဒီဧည့်ခံပွဲရဲ့ ရည်ရွယ်ချက်က ထိပ်ဆုံးအဆင့် ပထမရတဲ့ နှစ်ယောက်ကို ဆုတော်ချီးမြှင့်ဖို့ပဲ ဖြစ်တယ်။ ပထမရတဲ့နှစ်ယောက်က ဘယ်အိမ်တော် ဘယ်ရာထူးရှိသူရဲ့ သားသမီးပဲဖြစ်ဖြစ် ပြည့်ရှင်ကိုယ်တိုင် ချီးမြှင့်ခြင်းဖြစ်တဲ့အတွက် အင်မတန်ခမ်းနားဝမ်းမြောက်ဖွယ်ရာမို့ ကျန်းလီကို သဘောမကျတဲ့ ကျန်းသခင်မကြီးကတောင် သူမပွဲတက်တဲ့အခါ အမှားအယွင်းတစ်ခုမှ မရှိစေဖို့အတွက် သူ့ဘေးနားက အစေခံတွေကို အဖိုးထိုက်ဆုံးအရာတွေကိုသာ ဂရုတစိုက် စီစဉ်ပေးဖို့ ညွှန်ကြားလိုက်တယ်။

အခုဆို ကျန်းလီရဲ့ဘဝက အရင်ထက်အများကြီး ပိုကောင်းလာခဲ့ပြီ ဖြစ်တယ်။ အိမ်တော်က အစေခံတွေအကုန်လုံးကလည်း အရင်လိုကျန်းလီကို ပြောင်ပြောင်တင်းတင်း အတင်းမချရဲတော့ပဲ နောက်ကွယ်မှာသာ တီးတိုးပြောဆိုရဲတော့တယ်။ ဒါပေမယ့် ကျန်းလီရဲ့အရှိန်အဝါက တစ်ဆင့်ပြီး တစ်ဆင့် ထိုးတက်လာတယ်ဆိုတာကတော့ သူတို့အားလုံးလက်မခံချင်လည်း လက်ခံရတော့မယ့် ငြင်းမရတဲ့ အမှန်တရားပဲ။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now