Ch 42
part 1
ကျန်းလီပြောတာကိုကြားပြီး ကျန်းယွမ်ပိုင်က ခဏလောက် ကြောင်အသွားတယ်။ အခုချိန်မှာ သူဘယ်လို မျက်နှာအမူအရာနဲ့ တုံ့ပြန်ရမလဲတောင် မပြောတတ်တော့ဘူး။
ဘယ်တုန်းက သူ့ရှေ့က ဒီမိန်းကလေးက အမည်းစက်နဲ့အတူ ကြီးပြင်းလာရပေမယ့် ကျော့ရှင်းတဲ့ သခင်မလေး ဖြစ်သွားသလဲဆိုတာ မသိတော့ဘူး။ ကျန်းယို့ရောင်ထက် သူမက သူ့ရဲ့ ငယ်ပုံစံနဲ့ပိုဆင်တယ်။ ချင်ချန်းတောင်ကို အပို့ခံလိုက်ရတုန်းက သူမက ဝဝကစ်ကစ် ၇ နှစ်အရွယ် ကလေးမလေးပဲရှိသေးတဲ့ပုံရိပ်က သူနောက်ဆုံးမှတ်မိတာပဲ။ အခုတော့ ၈နှစ်ကြာသွားပြီးနောက် သူမက ကလေးမလေး မဟုတ်တော့ဘဲ လှပတဲ့ မိန်းကလေးတစ်ယောက် အဖြစ် ပြောင်းလဲသွားပြီ။ သူမှတ်မိတဲ့ ရင်းနှီးမှု တစ်စိုးတစ်စိတောင် မရှိတော့ဘူး။
ပြီးခဲ့တာတွေ အကုန်လည်း ပြီးခဲ့ပါပြီလေ သူက ကျန်းလီရဲ့ ၈နှစ်တာဘဝ နေထိုင်မှုကာလလေးကို လွတ်သွားပြီးပြီ။ သူ့ခေါင်းထဲ ရှိနေသေးတာက မောက်မာတင်စီးတဲ့ ဆတ်ဆတ်ကြဲ ၇ နှစ်အရွယ် ကလေးမလေးပဲ။ အခုသူမက ရင့်ကျက်တဲ့ပုံစံနဲ့ အေးအေးဆေးဆေး တောင်းဆိုနေတော့ သူ့မှာ ဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်နေတော့တယ်။
"သမီး အခုဘာတွေပြောနေလဲရော သိရဲ့လား တစ်ခါမှ သင့်လျော်မှန်ကန်တဲ့ စနစ်တကျ သင်ကြားမှုမရှိပဲနဲ့ ဘယ်လိုလုပ် မင်ယီကျောင်းတော်ရဲ့ သင်ကြားရေးတွေကို လိုက်မှီနိုင်မှာလဲ"
"အဖေ သမီးကလည်း အဖေ့သမီးပါပဲ" ကျန်းလီက ဖြတ်ပြောတယ်။
"နှစ်ယောက်လုံး သမီးချင်း အတူတူကို ညီမလေးသုံး ကျတော့ တက်လို့ရပြီး သမီးကျ အိမ်မှာပဲ ဆရာခေါ်သင်ရမယ်ဆိုတော့ ဒါအဖေ မတရားတာဘဲ"
ကျန်းယွမ်ပိုင်က နောက်တစ်ကြိမ် ထပ်ပြောစရာ ပျောက်ရှသွားပြန်တယ်။ သူ့ခေါင်းထဲမှာ ကျိရှုးရန် ကျန်းအိမ်တော်မရောက်သေးခင် အချိန်တွေက ပြန်ပေါ်လာတယ်။ သူ့မှာ သမီးနှစ်ယောက် ရှိတယ်။ ပထမဆုံးသမီးက ကိုယ်လုပ်တော်နဲ့ ရတာမို့ သိပ်အရေးမပါဘူး။ ကျန်းလီကတော့ သူ့ပထမဇနီးက မွေးတဲ့ တရားဝင်သမီးဖြစ်ပြီး ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတယ်။ အဲ့တုန်းက ကျန်းယွမ်ပိုင်က ရီကျန်းကျန်းတစ်ယောက် ဒီကလေးကို ခက်ခက်ခဲခဲနဲ့ မွေးခဲ့ရတာမို့ သူမအပေါ် အတော်စိတ်မကောင်း ဖြစ်ခဲ့ရပြီး မကြာခဏ ကျန်းလီလေးကို သူ့ဂုတ်ပေါ်မှာ တက်စီးစေခဲ့ပြီး ပေးဆော့ခဲ့တယ်။
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...