တစ်ယောက်ယောက်သာ ကျီဟန်ရဲ့အခန်းထဲဝင်လိုက်မယ်ဆိုရင် သူတို့လုံးဝကို အံ့ဩသွားလိမ့်မယ်။ မြို့စား ရှုက အလှအပ အဆင်တန်ဆာတွေကိုသိပ်ကြိုက်တာ ဒါပေမယ့်သူ့စာကြည့်ခန်းက အတော်လေးပြောင်ရှင်းလွန်းလို့ ဘာမှတောင်မရှိသလောက်ဘဲ။ တစ်ခန်းလုံးက အဖြူအမဲ သစ်တော်ပင်သားနဲ့လုပ်ထားတဲ့ ရိုးရှင်းတဲ့ပစ္စည်းတွေချည်းမို့ ဟာတာတာဖြစ်နေပေမယ့်လည်း သူ့ရဲ့ချောမောတဲ့မျက်နှာကြောင့် လစ်ဟာနေတဲ့ခံစားချက်ကြီးက တမဟုတ်ချင်းပျောက်သွားနိုင်တယ်။ ရေနံဆီမီးအိမ်ထဲက တောက်လောင်နေတဲ့မီးတောက်ကလေးက အခန်းအတွင်းမှိန်ဖျဖျအလင်းပေးထားတယ်။ အခန်းထဲမှာနောက်ထပ် လူတစ်ယောက်ရှိသေးတယ်။
လုကျီက ခေါင်းစခြေဆုံးအပြာရောင်ဝတ်စုံကို ဆင်မြန်းထားတုန်းပဲ။ သူပြုံးလိုက်တာကြောင့် သူ့ရဲ့မုတ်ဆိတ်မွှေးတွေက အနည်းငယ်လှုပ်ရှားသွားပြီး သူကမေးတယ်။
"သခင် ဒီနေ့သွားတဲ့ ဂီတစစ်ဆေးမှုက ဘယ်လိုလဲ?"
"အရမ်းပျင်းဖို့ကောင်းတယ်" ကျီဟန်က ပျင်းရိပျင်းတွဲနဲ့ပြောလာတယ်။
"ဒါဆို သခင်မနက်ဖြန်လည်း နောက်စစ်ဆေးမှုကိုကြည့်ဖို့ ဒုက္ခခံရဦးမှာပေါ့"
ကျီဟန်ကသူ့မျက်လုံးတွေကိုစိတ်မရှည်ဟန်နဲ့ လှန်လိုက်တယ်။ သူက ဒီနေ့အတွက်အကဲဖြတ်တင်မဟုတ်ဘဲ မနက်ဖြန် မြင်းစီးမြှားပစ်မှာလည်း ထပ်ပြီးအကဲဖြတ်ပေးရမှာဖြစ်တယ်။ ဆိုတော့ သူမနက်ဖြန်အဲ့ကို ထပ်သွားရဦးမှာ အသေအချာပဲ။
"ဘာလို့ အရှင်မင်းကြီးက သခင်ကိုအကဲဖြတ်အဖြစ်သွားဖို့ခိုင်းရတာလဲ?" လုကျီက သိချင်နေတယ်။
"လုကျီ ငါမင်းကို ခန့်ထားတာ ငါ့ကိုမေးခွန်းတွေပြန်ထုတ်ဖို့ မဟုတ်ဘူး"
အဲ့စကားကြောင့် လုကျီရဲ့စိတ်ထဲကြောက်လန့်မှုကြောင့် တုန်လှုပ်သွားရပြီး ခဏလောက်အကြာမှာပဲ သူ့ရှေ့ကသူရဲ့ အလေးမထားဟန်ခပ်ပေါ့ပေါ့အဖြေတစ်ခု ထွက်လာတယ်။
"အရှင်မင်းကြီးက မင်းသားချန်းဝမ်ကိုစောင့်ကြည့်ဖို့ ငါ့ကိုလွှတ်လိုက်တာပဲ"
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...