MDD-59.1
ပြဇာတ်တစ်ခုကို စောင့်ကြည့်ခြင်း
ချန်းယွမ် သံအမတ်ကြီးရဲ့ သမီး မန်ဟုန်ကျင်းနဲ့ ဒုဝန်ကြီးရဲ့သမီးဖြစ်တဲ့ ကျန်းလီ တို့ရဲ့ အလောင်းအစားက ရန်ကျင်း တစ်မြို့လုံးကို အတော် ရိုက်ခတ်သွားခဲ့တယ်။ ဝေးလံတဲ့ တောင်တန်းဒေသက လူတွေရော၊ သေးငယ်တဲ့စားသောက်ဆိုင်က လူတွေပါမကျန်ဘဲ မကြာသေးခင်က လုပ်ခဲ့ကြတဲ့ ဒီ အလောင်းအစား အကြောင်းကိုပဲ ပြောဆိုနေခဲ့ကြတယ်။ မြို့ပေါ်ကလူတွေကလည်း ဒီပြဿနာကို ဂရုစိုက်ပြီး ဆွေးနွေးနေခဲ့ကြတယ်။ လောင်းကစားဒိုင်တွေကလည်း သူတို့နှစ်ယောက်ရဲ့ အလောင်းအစားနဲ့ ပတ်သက်ပြီးတော့ ငွေပမာဏ နည်းနည်း၊ များများနဲ့ လောင်းကြေး ထပ်နေခဲ့ကြတယ်။ အသက်ကြီးတဲ့သူပဲ ဖြစ်ဖြစ်၊ အသက်ငယ်တဲ့ သူပဲဖြစ်ဖြစ် ဒီအလောင်းအစား အပေါ်မှာပဲ လောင်းကြေး ထပ်နေချင်ခဲ့ကြတယ်။
ဝန်ရှန်းလျောင်ရဲ့ လသာဆောင်က ပုံမှန်တွေ့နေကျနေရာမှာ လူသုံးယောက်က လက်ဖက်ရည် သောက်နေခဲ့ကြတယ်။ အစိမ်းရောင်အင်္ကျီဝတ်ထားတဲ့လူက လောင်းကြေးထပ်ဖို့လာနေတဲ့ များပြားတဲ့လူအုပ်ကြီးကို ကြည့်ပြီးတော့ ပြောလိုက်တယ်
"ဒီလိုလူ အများကြီးက လာပြီးတော့ လောင်းကြေးထပ်နေကြတာဆိုတော့ ဒီတစ်ခါ အလောင်အစားက ထူးခြားမှာသေချာနေခဲ့တယ်"
"ဒါပေမဲ့ သူတို့တွေ အကုန်လုံးက တစ်ဖက်သတ်ဆန်လွန်းနေခဲ့တယ်။ သူတို့အားလုံးက ချန်ယွမ် သံအမတ်ကြီးရဲ့သမီးကပဲ နိုင်မယ်ဆိုပြီးတော့ လောင်းထားခဲ့ကြတယ်။ ဘယ်သူကမှ ကျန်းမိသားစုရဲ့ ဒုတိယသခင်မလေးဘက်ကနေပြီးတော့ မလောင်းခဲ့ကြဘူး"
ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ ကွမ်းလျူက ခေါင်းကို အသာယမ်းကာ ပြောလိုက်တယ်။ သူရဲ့ လက်ဖက်ရည်ကို သောက်နေတဲ့ပုံက ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ပုံ ပေါ်နေတော့ အရက်သောက် နေတယ်လို့တောင် ထင်နေခဲ့ရတယ်။ အဲ့ဒီနောက်မှာ စားပွဲခုံကို လက်နဲ့ ရိုက်လိုက်ပြီးတော့ အသံနေအသံထားနဲ့ ပြောလိုက်တယ်။
"ငါက မျှတတဲ့ ဆက်ဆံရေးကို လိုလားတဲ့သူပဲ။ အင်အားနည်းတဲ့သူကို အနိုင်ယူနေတာကို ငါမကြည့်ရက်ဘူး"
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...