43 01
Ch 43
part 1
ရှုရှို့အဆောင်အတွင်း ကျန်းယို့ရောင်က ပန်းဖွားအသစ်လေးတွေကို လက်ထဲလှည့်လည်ဆော့ကစားရင်း သလွန်အပေါ်မှာထိုင်နေတယ်။ ကျန်းလီက သူ့အဖေကို ရှာတယ်လည်းကြားရော ချက်ချင်း ထရပ်လိုက်ပြီး မေးတယ်။
"သူက အဖေ့ကို ရှာတယ် သူကဘာလို့ အဖေ့ကို ရှာရတာလဲ"
"ကြည့်ရတာတော့ အခုအိမ်တော်မှာ ဆရာခေါ်သင်တဲ့ ကိစ္စကြောင့် ဖြစ်မယ်ထင်ပါတယ်"
ကျိရှုးရန်ရဲ့ နေရာအဆင့်အတန်းက အဓိကအဆောင်မှာ တော်တော် မြင့်တယ်။ မသိမသာ ကိစ္စလေးတစ်ခုဆိုရင်တောင် ကျိရှုးရန်က မကြာခင် တန်းသိမှာပဲ။ ဒီလူသတင်းလာပို့တာက အတော်မြန်တယ်ဆိုရမယ် တစ်ဖက်မှာ ကျန်းလီက အခန်းထဲ ဝင်ရုံပဲရှိသေး ဒီဘက်က ကျိရှုးရန်နားထဲ တန်းရောက်နေပြီ။
"သူဘာလုပ်ချင်လို့လဲ ကိုယ်တိုင်ဆရာတစ်ယောက်ရွေးချင်လို့များလား"
ကျန်းယို့ရောင်က မေးတော့ ထိုသူက နည်းနည်း တွန့်ဆုတ်နေတာကြောင့် ကျိရှုးရန်က ထိုသူကို ငွေတုံးအနည်းငယ်ပါတဲ့ အိတ်တစ်အိတ်ပေးဖို့ အစေခံမလေး တစ်ယောက်ကို ခိုင်းလိုက်တယ်။
"လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်"
အဲ့တော့မှ ထိုသူရဲ့ စိုးရိမ်ပူပန်မှုတွေက ပျောက်ချင်းမလှပျောက်သွားပြီး ပြောတော့တယ်။
"သခင်မကို အကြောင်းပြန်ပါတယ် စာကြည့်ခန်းအပြင်မှာ စောင့်နေတဲ့သူရဲ့ ပြောပြချက်အရ ဒုတိယသခင်မလေးက မင်ယီကျောင်းတော်မှာ တက်ချင်လို့ သခင်ကြီးကိုလာရှာတာလို့ ပြောပါတယ်"
"မင်ယီကျောင်းတော်"
ကျန်းယို့ရောင်က သည်းမခံနိုင်တော့ဘဲ စီခနဲထအော်တယ်။ "သူကလား မင်ယီကျောင်းတော်ကို တက်ဖို့ သူ့မှာ ဘာအရည်အချင်းရှိလို့လဲ"
ကျိရှုးရန်ကထိုသူကို လက်ဝှေ့ယမ်းကာ ထွက်သွားဖို့ အချက်ပြလိုက်တယ်။ ထိုသူ လှစ်ခနဲ အပြင်ထွက်သွားတော့မှ သူကတွေးတယ်။
ကျန်းလီက ယန်ကျင်းကို အခုမှပြန်ရောက်တာကို မင်ယီကျောင်းတော်ကို တန်းသွားချင်နေတယ်ပေါ့ တကယ့်ကို မျှော်မှန်းထားသလို သူမစိတ်က နက်ရှိုင်းတာပဲ။ ဘာဘဲဖြစ်ဖြစ် သူ့ရဲ့ ဒီလိုအကျင့်စရိုက် သင်ယူမှုအရည်အချင်းတွေနဲ့ မင်ယီကျောင်းကိုဝင်သွားလို့ကတော့ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ သူက အရင်တုန်းက အမှားလုပ်ခဲ့ဖူးတာပဲ။ ဒီတစ်ခါလည်း ထပ်ပြီးမှားလို့ကတော့ သူ့နောက်မှာဘယ်သူမှ ရှိတော့မှာမဟုတ်ဘူး။ ကျန်းယို့ရောင်ရဲ့မွေးနေ့တုန်းက အဖြစ်ကြောင့် ကျန်းသခင်မကြီးနဲ့ ကျန်းယွမ်ပိုင်တို့က သူမ(ကျိရှုးရန်)အပေါ်စိတ်ပြေဖို့ အတော်ကြာခဲ့တယ်။ ဒါနဲ့တင်မပြီးသေးဘူး ကျိရှုးရန်က တခြားသခင်မတွေ သူ့နောက်ကွယ်မှာ ဘာတွေ ဘယ်လိုတောင် ပြောနေကြမလဲ မသိဘူး။ သူမက ကျန်းလီနဲ့ သေချာ ဒီစာရင်းရှင်းဖို့ကျန်သေးတယ်။ ဒါပေမယ့် အခု မထင်မှတ်ထားဘဲ ကျန်းလီက သူ့ကိုယ်သူ ကျားခံတွင်းဝအရောက်လာပို့ပေးနေတော့ အတော်ပဲ ဖြစ်သွားတယ်။
![](https://img.wattpad.com/cover/358860337-288-k496207.jpg)
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...