Ch 41
ဖုန်းဖေးဥယျာဥ်တွင် >>>
ကျန်းကျင်းရော့က အရာမရောက်မှန်းသိသော်ငြား မရပ်မနား တဗျစ်တောက်တောက် ရေရွတ်နေတယ်။ နောက်ဆုံး သူက ကျန်းလီရဲ့ အကြံကို မပြောင်းနိုင်မှန်း သဘောပေါက်သွားတော့မှ လက်လျှော့ပြီး ပြောလိုက်တယ်။
"ငါ ပြောသင့်သမျှ အကုန်ပြောပြပြီးပြီ နင်က ဒီလိုလုပ်ချင်ရင်လည်း လုပ်ပေါ့ ငါ့မှာဘာမှ ပြောစရာမရှိဘူး ဦးလေးတစ်ဆီ သွားမယ်ဆိုလည်း သွား ဒါပေမယ့် အဲဒါက အလုပ်မဖြစ်ဘူးဆိုရင်တော့ နင့်အစေခံတွေနဲ့ ငါ့ကိုပြန်လာပြောလိုက် အဲ့တော့မှ ဘွားဘွားကြီးဆီသွားဖို့ ငါတို့ဆွေးနွေးကြမယ်"
ကျန်းကျင်းရော့အနေနဲ့ သူဒီလောက်ထိ ပြောတာကဘဲ သိပ်သဘောကောင်းလွန်းနေပြီ။ ကျန်းလီက ပြောတယ်။
"ကျေးဇူးအများကြီးတင်ပါတယ်"
ကျန်းကျင်းရော့က ခေါင်းခါလိုက်တယ်။ ကျန်းလီက ခဏလောက် အချိန်ယူ စဥ်းစားပြီးတော့မှ မေးတယ်။
"ငါ နင့်ကို တစ်ခု မေးချင်လို့"
"ဘာကိုလဲ"
"နင့်ရဲ့ စာလေ့လာတာရော ဘယ်လိုလဲ"
ကျန်းလီရဲ့ မေးခွန်းကြောင့် သူက မထင်မှတ်ထားဘဲ အတော်ရှက်သွားတယ်။ သူက စားပွဲကိုရိုက်ချကာ မတ်တပ်ရပ်လိုက်ပြီး အကျယ်ကြီးအော်တော့တယ်။
"ကျန်းလီ နင် ဒီလောက်ထိ ငါ့ကို အနိုင်မကျင့်သင့်ဘူး နင်ငါ့ကိုလှောင်တာတောင် ငါဘာမှပြန်မပြောသေးဘူး နင်ကြိုက်တာသာ လုပ်တော့ ဒီသခင်လေးက ဘာမှဝင်မပတ်သက်တော့ဘူး"
သူက ပြောပြီးတာနဲ့ ဒေါသထွက်ထွက်နဲ့ ဘေးကခွေးခြေခုံလေးကို မဲသဲစောင့်ကန်ကာ အပြင်ကိုထွက်သွားတော့တယ်။ တုန်အာက သူ့နှုတ်ခမ်းကို ဆက်ခနဲတွန့်လိုက်ပြီး
"ဒီသခင်လေးနှစ်က အနာပေါ် တုတ်ကျသွားသလိုပဲ မမလေးကို ဒီလောက် ဒေါသထွက်သွားပုံအရ"
ကျန်းလီက သူဒီလောက်ထိ စာလုပ်တာကို ငြင်းဆန်လိမ့်မယ်လို့ မထင်ထားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းအိမ်တော်က စာပေအရာရှိတွေရဲ့ ကြည်လင်တဲ့ စမ်းချောင်းတစ်ခု အဖြစ်တော့ ယူဆလို့ရပါသေးတယ်။ ကျန်းလီက ဒီမှာရှိနေတဲ့ လူတွေအကုန်လုံးက အရည်အချင်းရှိတဲ့ သူတွေချည်းပဲလို့ တွေးထားတုန်းပဲ။ ဒါပေမယ့် ကျန်းကျင်းရော့ရဲ့ ဒီလိုဖြစ်ပျက်သွားပုံက သူမကို သိပ်ရင်းနှီးတဲ့ တစ်စုံတစ်ခုကို အမှတ်ရသွားစေတယ်။ သူ့ရဲ့ မောင်ငယ်လေး ရွှီကျောက်ကလည်း ဒီလိုမျိုးပဲ။
![](https://img.wattpad.com/cover/358860337-288-k496207.jpg)
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...