Part 3
ဧကရာဇ် ဟုန်ရှောင်းက သူ့ရှေ့က တုန်လှုပ်မှုမရှိတဲ့ မိန်းမငယ်လေးကို ကြည့်လိုက်တယ်။ သူမအကြည့်တွေက မရိုမသေလုပ်ခြင်းမရှိတဲ့အပြင် အတော်ကိုနူးညံ့ပြီး ကြည်လင်နေတယ်။ ဧကရာဇ်က သူနဲ့မျက်လုံးခြင်းဆုံတဲ့အပေါ် အမျက်ထွက်ခြင်းမရှိဘဲ ကျန်းလီရဲ့လက်ကောက်ဝတ်က ပုတီးလက်ပတ်လေးကို သတိထားမိတော့မှ သူမက တောင်ပေါ်မှာ ၈နှစ်လောက်နေခဲ့ရတာကို ပြန်အမှတ်ရသွားပြီး မေးလာတယ်။
"ကြားရက်တွေမှာ ဘုရားကျမ်းစာတွေဖတ်ဖြစ်လား? ဘယ်ကျမ်းစာတွေများ ဖတ်သလဲ?"
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ် ဒီနိမ့်ကျတဲ့ကျွန်တော်မျိုးမ အားတဲ့အချိန်တွေမှာ ကျမ်းစာတွေကို ကူးယူရေးရတာကို နှစ်သက်ပြီး '(အသိဉာဏ်၏ ပြီးပြည့်စုံမှု ကျမ်းဂန်)' '(ဟွားယန် ကျမ်းဂန်)' '(ရွှေရောင်တော် ကျမ်းဂန်)' နဲ့ '(ကြာပဒုမ္မာ ကျမ်းဂန်)'တို့ကို ကြားရက်တွေမှာ အမြဲဖတ်လေ့ရှိပါတယ်"
ဧကရာဇ်က သူမအဖြေကိုကြားတော့ ပြုံးရင်း "မင်းဆီမှာ ငါကိုယ်တော် ဒီလိုအေးချမ်းတဲ့စိတ်မျိုး တွေ့ရတာ မဆန်းတော့ပါဘူးလေ မင်းရဲ့ပုံစံနဲ့ဆို သေချာပေါက် ဧကရီမိဖုရားကြီးနဲ့ ပလဲနံပသင့်ဖြစ်နေမှာပဲ"
ဧကရီမိဖုရားကြီးကလည်း အရင်ထဲက ဘာသာရေးကိုင်းရှိုင်းတဲ့သူဖြစ်တယ်။ အခုဧကရာဇ်ရဲ့ စကားတွေက ကျန်းလီအတွက် အင်မတန် စိတ်ဓာတ်မြှင့်တင်ပေးရာရောက်တယ်။ ကျန်းလီက ပြုံးလိုက်ပြီး ဧကရာဇ်ကိုတစ်ချက် အကဲခတ်လိုက်တယ်။ ဒီနှစ်မှ ပြည့်ရှင်က သက်တော်၂၇ပဲရှိသေးပေမယ့် တခြားရွယ်တူတွေနဲ့ဆို ပိုအသက်ကြီးရင့်ပုံပေါ်ပြီးအများကြီးလည်း ပိုတည်ငြိမ်တယ်။ သရဖူဆောင်းချင်ရင် သရဖူရဲ့အလေးချိန်ကို ခံနိုင်ရမယ်ဆိုသလိုမျိုး ဒါက သေချာပေါက် ဧကရာဇ်ဆိုတဲ့သရဖူကြောင့် ဖြစ်လိမ့်မယ်။ ကျန်းလီက နည်းနည်းကိုယ်ချင်းစာမိသွားတယ်။
တစ်ဖက်က ပြည့်ရှင်မှာလည်း တအံ့တဩဖြစ်သွားရတယ်။ ကျန်းလီရဲ့နာမည်ဆိုးအပြင် တခြားဆိုးဝါးတဲ့သတင်းတွေကို သူကြားခဲ့ပေမယ့် ကျန်းလီက ငယ်စဥ်ကတည်းက မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတာက သူ့အဖြစ်နဲ့တူနေတဲ့အတွက် စာနာမိတာကြောင့် ဧကရာဇ်က ကျန်းလီအပေါ် အဲ့လောက် စက်ဆုပ်မနှစ်မြို့တာမျိုး မရှိဘူး။ အခုကျန်းလီရဲ့ပုံစံကို မျက်စိနဲ့တပ်အပ်မြင်လိုက်ရတော့ မကောင်းတဲ့ကောလဟာလတွေက ပျောက်ကွယ်သွားပြီး ပိုပိုအသိအမှတ်ပြုလာတော့တယ်။

YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...