Part 66

783 89 0
                                    


Ch 66

ကျန်းလီကစာမေးပွဲမှာ ပထမရတယ်ဆိုတာက အလင်းလိုအလျင်နဲ့ ယန်ကျင်းတစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီဆိုတော့ မုန့်ဟုန်ကျင်းရဲ့ နားထဲလည်း ရောက်မှာပဲ။ အဲ့ဒီအချိန် ချန်းရွှမ်အိမ်တော်မှာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ အိမ်ထဲမှာတော့ မုန့်ဟုန်ကျင်းတစ်ယောက် အိပ်ရာပေါ်လှဲရင်း ခပ်တိုးတိုးရှိုက်နေတယ်။ သူ့အမေကတော့ သူ့ကိုရင်ခွင်ထဲထည့်ဖက်ရင်း နှစ်သိမ့်ပေးနေတယ်။

"သမီးရယ် ထပ်မငိုပါနဲ့တော့ စာမေးပွဲက အခုမှ သုံးခုပဲပြီးသေးတာလေ နောက်ထပ်သုံးခုကျန်ပါသေးတယ် ဟုတ်တယ်မလား အခြေအနေတွေက နောက်ဆုံးအဆုံးအဖြတ် မဟုတ်သေးပါဘူး"

"ရှက်စရာကောင်းလိုက်တာ!" သူမရဲ့အဖေ မုန့်ယိုဒယ်က ပြောလိုက်တယ်။ အခုချိန်မှာတော့ ချန်းရွှမ်သံတမန်ရဲ့ မျက်နှာအရောင်က တော်တော် ရုပ်ဆိုးအကျည်းတန်နေတယ်။

"ဟိုက ဘယ်လောက်အရည်အချင်းရှိလဲ မသိဘဲ အလောင်းအစားသွားလုပ်ပြီး အခုတော့ ခွက်ခွက်လန်အောင် ရှုံးသွားတယ်မလား နင့်အဖေဖြစ်ရတာ ငါမျက်နှာပျက်ရတယ် တကယ် အသုံးကိုမကျဘူး"

သူ့အဖေစကားတွေကြားတော့ သူမက ပိုငိုတော့တယ်။ မဒမ်မုန့်က သူ့သမီးတစ်ယောက် ကြေကွဲဝမ်းနည်းစွာ ရှိုက်ငိုနေပုံကိုတွေ့ပြီး ရင်ထဲဆို့နင့်သွားရတယ်။ သူကချက်ချင်းပြန်ပြောတယ်။

"ရှင်ဘယ်လိုတောင် ဒီကိစ္စမှာ ဟုန်ကျင်းကို အပြစ်တင်နိုင်ရတာလဲ? အဲ့ဒီကျန်းလီက အခုမှ ယန်ကျင်းကို ပြန်ရောက်တာ မလား? တောင်ပေါ်မှာ ၈နှစ်လောက်နေခဲ့တဲ့ သူကို လူတိုင်းက ဘာမှမသိသေးဘူးလို့ပဲ တွေးကြမှာလေ ဘယ်သူသိမှာလဲ သူက ချက်ချင်းကြီး နိုင်သွားလိမ့်မယ်လို့ ရှင်ကရော ဉာဏ်အလင်းတွေပွင့်ပြီး ကြိုမြင်နိုင်ခဲ့လို့လား?"

မုန့်ယိုဒယ်က ပါးစပ်ပိတ်သွားတယ်။ တကယ်လည်း သူဒီလိုအကျိုးဆက်မျိုးကို ကြိုမြင်ခဲ့တာမှ မဟုတ်တာ။ သူ့သမီးက ကျန်းလီနဲ့ အလောင်းအစားလုပ်ခဲ့တာကြားတုန်းက သူမကို စိတ်လိုက်မာန်ပါမလုပ်ဖို့လောက်ဘဲ တစ်ခွန်းနှစ်ခွန်း ခပ်ပေါ့ပေါ့ဆူပူခဲ့တာဖြစ်တယ်။ ဘာလို့ဆို သူကလည်း သေချာပေါက် ကျန်းလီကရှုံးနိမ့်မယ်ဆိုတာ အပိုင်တွက်ထားလို့ဖြစ်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now