Part 51.1

1.5K 125 1
                                    


MDD-51.1

တိုင်ကြားခြင်း

လူတွေက ဘယ်လို မရှင်းလင်းတဲ့ စွပ်စွဲမှုမျိုးကို ဆွဲထုတ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေခဲ့ကြတယ်။ မမျှော်လင့်ဘဲနဲ့၊ ကျန်းလီက ဒီလို စကားမျိုးကို ရုတ်တရက် ပြောထွက်ခဲ့တယ်။

"အဆင်ပြေပါတယ်" ကျန်းလီက ပြန်လာပြီးတော့ ရုတ်တရပ် လက်ခံလိုက်မှာကို လျိုကျစ်မင်က ကြောက်နေခဲ့တယ်။ သူက

သဘောတူခဲ့ပေမဲ့လည်း၊ မျက်နှာရချင်တဲ့စိတ်နဲ့ ရီရှီကျယ် ကို ပြောလိုက်တယ်

"သခင်လေးရီ၊ ကျွန်တော်လည်း ဒီလို နားလည်မှု လွဲမှားစေတဲ့ပန်းချီကားက လှည့်စားတာကို ခံခဲ့ရတာပါပဲ။ သခင်လေးက ပန်းချီကားကို ဆုတ်ဖြဲလိုက်ပေမဲ့၊ ဒီအမှားတွေကို လုပ်ခဲ့တဲ့သူကိုတော့ ဖြသ်နိုက်ရင် ကျွန်တော်တို့ ခွင့်လွှတ်လိုက်သင့်တယ်။ ကျွန်တော်လည်း ထပ်ပြီးတော့ သခင်လေးနဲ့ အငြင်းပွားမှာ မဟုတ်တော့ပါဘူး။ ငွေအသပြာတွေ စိတ်မပူပါနဲ့။ ဒီနေ့ကတော့၊ ဒုတိယကျန်းသခင်မလေးအတွက်၊ ဒီပြဿနာရဲ့ အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့တယ်။ ဒီပန်းချီကားကို သခင်လေးကို လက်ဆောင်ပေးလိုက်ပါ့မယ်။ ကျွန်တော်ကလည်း အဲဒါကို မလိုအက်တော့ပါဘူး"

လူအုပ်ထဲကနေ အော်ဟစ်သံတွေကို ကြားလိုက်ရတော့၊ လျိုကျစ်မင်က သူ့စိတ်ထဲမှာ စိတ်သိမ်ငယ်သွားပြီးတော့ အားမလိုအားမရ ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ သူက ကျန်းလီကို အရိုအသေပေးပြီးတော့ တည်ငြိမ်တဲ့ပုံနဲ့ ထွက်သွားခဲ့တယ်။

သူ့ရဲ့ နောက်က လိုက်လာတဲ့ ကျောင်းသားနှစ်ယောက်ကလည်း ညိုးငယ်စွာနဲ့ အတူတူ ထွက်ခွာသွားခဲ့ကြတယ်။ ရီရှီကျယ်က သူတို့ကို မတားဆီးခဲ့ဘူး၊ ဖြစ်နိုင်တာကတော့ ဆက်ပြီးတော့ စကားများနေတာက အကျိုးအမြတ်မရှိဘူး ဆိုတာကို သူက နားလည်သွားတာ ဖြစ်နိုင်တယ်။ ရီရှီကျယ်က ကျန်းလီကို စူးစမ်းလိုစိတ်နဲ့ ကြည့်ခဲ့တယ်။ သူက ပါးစပ်ဖွင့်ပြီးပြောခါနီးမှာ၊ ကျန်းလီက သူ့ကို ဖြည်းဖြည်းလေး ခေါင်းညိတ်ပြလိုက်ပြီးတော့ သူမရဲ့ ဘေးမှာ ရပ်နေတဲ့ ပိုင်ရွှယ်ကို ပြောလိုက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now