ကျီချန်းကျီကခေါင်းငြိမ့်လိုက်တယ်။ သူတို့စကားပြောနေတုန်း အလယ်မှာပဲ မထင်မှတ်ထားစွာနဲ့ ကျန်းယိုရောင်က အပြင်ကပြေးဝင်လာတယ်။ သူမကအင်မတန် စိုးရိမ်နေဟန်နဲ့ အသည်းအသန် ပြေးဝင်လာတာကြောင့် ကျီချန်းကျီကိုတောင် သတိမထားမိဘူး။
"အမေ" သူမရဲ့အသံက ရှိုက်သံတွေစွက်နေပြီး ဆို့နင့်နေဟန်အပြည့်နဲ့။ကျီရှုးရန်က ထိတ်လန့်ကာသူ့သမီးဆီချက်ချင်း သွားပြီးလက်ကိုကိုင်ဆွဲရင်း သူ့သမီးမျက်နှာပေါ်က မျက်ရည်စီးကြောင်းတွေကို တွေ့တော့ အရမ်းစိတ်ပူသွားပြီးမေးတော့တယ်။
"ယိုရောင် သမီး ဘာဖြစ်လာလို့လဲ?"
သူက တစ်ခါထဲကျန်းယိုရောင်ရဲ့ အစေခံမလေး နှစ်ယောက်ဖြစ်တဲ့ ကျင်းဟွာနဲ့ယင်းဟွာကိုပါ ပြင်းပြင်းထန်ထန် ပြစ်တင်မောင်းမဲတော့တယ်။
"နင်တို့တွေ ကိုယ့်ရဲ့သခင်မကိုဘယ်လိုတောင် ဂရုမစိုက်လို့-"
"အမေ" ကျီရှုးရန်ရဲ့စကားမဆုံးသေးခင်ပဲ ကျန်းယိုရောင်ကသူ့အမေရင်ခွင်ထဲဝင်လိုက်ပြီး ရှိုက်သံတွေနဲ့အတူ ပြောလာတယ်။ "ဆက်ခံသူ ကျိုး! ဆက်ခံသူ ကျိုးကသမီးနဲ့စေ့စပ်ထားတာကို ဖျက်သိမ်းချင်နေတယ်..."
"ဘာ?" ဘေးကကျီချန်းကျီက စားပွဲကိုလက်နဲ့ရိုက်ချကာ ထရပ်လိုက်တယ်။
"ယိုရောင် သမီးဘာပြောလိုက်တာ?"
အဲ့ဒီတော့မှ ကျန်းယိုရောင်က သူ့အဒေါ်ရောက်နေတာ သိတာ..သူက ရှိုက်သံကြီးနဲ့အော်ခေါ်လိုက်တယ်။
"ဒေါ်ဒေါ်"
ပြီးတာနဲ့ ဝမ်းပန်းတနည်းဆက်ငိုတော့တယ်။ ကျီရှုးရန်က ကျန်းယိုရောင်ကို အကျိုးအကြောင်းမမေးခင် အစေခံလေးတွေကို တံခါးသေချာပိတ်ခိုင်းလိုက်ပြီးမှ "ယိုရောင် သမီးဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ? ကျိုးယန်ပန်က ဘယ်လိုလုပ်သမီးနဲ့စေ့စပ်ထားတာကို ပြန်ရုတ်သိမ်းမှာလဲ? သမီး ဒီကောလဟာလကို အပြင်တစ်နေရာရာကကြားလာတာ ဖြစ်နိုင်-..."
"အမှန်ပဲ အမေ ကျင်းဟွာရဲ့အစ်မက အမတ်ကြီး နင်းယွမ်ရဲ့အိမ်တော်မှာ လက်တိုလက်တောင်းလုပ်နေတာ မနေ့ညက အမတ်ကတော်နဲ့ ဆက်ခံသူတို့ ကတောက်ကဆဖြစ်တာကြားလို့ အဲ့အစေခံမလေးက ဆက်ခံသူရဲ့အဆောင်က အစေခံကောင်လေးကိုလာဘ်ထိုးပြီး အသေအချာမေးခဲ့တာ သူပြောတာ ဆက်ခံသူ...ဆက်ခံသူကလေ.. သမီးနဲ့စေ့စပ်ထားတာကို ဖျက်ပြီး ကျန်းလီနဲ့လက်ထပ်ချင်နေတာတဲ့!!"
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...