Part 78.2

1.3K 85 4
                                    


Part 3

ကျန်းလီက ပြောလိုက်တယ်။ "အဲ့လိုလူတွေက သပ်သပ်ကိုရှိတယ် ကိုယ့်ရဲ့မိသားစုနောက်ခံက မကောင်းတာကြောင့် အမြဲ သူတို့စိတ်ထဲ လောကကြီးက သူတို့အပေါ်မတရားဘူးလို့ငြီးရင်း တစ်နေ့လုံး မခံမရပ်နိုင်စိတ်တွေနဲ့ ဘယ်လိုပိုမြင့်တဲ့နေရာကို တက်ရမလဲဆိုပြီး ကြံစည်နေတတ်တာ ဒီလိုလူတွေက ဘယ်လိုအရာမဆိုလုပ်နိုင်ကြတယ်"

အစေခံလေးတွေက တစ်ဝက်လောက်ဘဲနားလည်ပေမယ့် ခေါင်းငြိမ့်ကြတယ်။ ကျန်းလီက တွေးလိုက်တယ်...ကြည့်ရတာ တကယ်တော့ ကျန်းယွီအာက ရှန်ယွီရုံနဲ့အမျိုးအစား အတူတူလောက်ပဲ လူတစ်ယောက်ရဲ့ အဆင့်ကနိမ့်ကျလေ အဲ့သူကတစ်ခါလောက် နေရာမြင့်မြင့်ရသွားကြည့် အဲ့ထပ်ပိုမြင့်တဲ့နေရာကို ထပ်လောဘတက်လေပဲ။ သူတို့ကပိုမြင့်တဲ့နေရာကို ဘယ်နည်းနဲ့မဆိုသုံးရင်း တက်ချင်ကြတာ ဒါပေမယ့် ကွာတာတစ်ခုက ကျန်းယွီအာကငယ်သေးပြီး သူမရဲ့စိတ်ထဲကခံစားချက်တွေကို ဘယ်လိုဖုံးကွယ်ရမလဲ မသိဘူး...ရှန်ယွီရုံကတော့ အဲ့ဒါကိုကောင်းကောင်းကြီး ပိုင်နိုင်တယ်။ သူ့ရဲ့မျက်နှာဖုံးကို ကျွမ်းကျင်စွာ တပ်ထားနိုင်လွန်းလို့ သူ့ဇနီးဖြစ်တဲ့ သူမတောင် မရိပ်မိတဲ့အထိပဲ။

သိပ်ရယ်စရာကောင်းတယ်။

ခန်းမထဲကကျန်းယိုရောင်ရဲ့ပုံစံကို ပြန်တွေးမိတော့ ကျန်းလီရဲ့အပြုံးတွေက တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ သူဒီရက်ပိုင်း သတိကြီးကြီးထားရမယ်။ ကျန်းလီက ခဏလောက်စဥ်းစားချင့်ချိန်ပြီးမှ ပြောလိုက်တယ်။

"တုန်အာ ငါ့ရဲ့သေတ္တာလေး ယူလာခဲ့ပါဦး"

*******

မနေ့က ခန်းမထဲက အငြင်းပွားစရာကိစ္စက ဒီနေ့နန်းတော်ထဲ ဝင်ရမယ့်အပျော်တွေကိုတော့ မဖျက်ဆီးနိုင်ဘူး။ ကျန်းယွီအာက ကျန်းလီကိုမြင်တဲ့အခါ သူကအရင်လိုအေးစက်စက်နဲ့ မျက်မှောင်ကြုံ့ထားတာမျိုးမရှိဘဲ ပြုံးပြုံးလေးရှိနေတယ်။ သူက ကျန်းလီရဲ့စကပ်ကိုတောင် ချီးကျူးလိုက်သေးတယ်။ ကျန်းလီကလည်း ပြန်ပြောလိုက်တယ်။ "ညီမလေး ၅လည်း အရမ်းကြည့်ကောင်းနေတယ်"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now