Part 71

1.3K 111 0
                                    


Ch 71

ကျင်းဟုန်နတ်မိမယ်က ဘုံကိုးဆင့်က နတ်သက်ကြွေလာတာဆို ဒီမြို့စား ရှုက တိတ်ဆိတ်တဲ့ ညအချိန်မှာ ဝတ်ရုံနီဆင်မြန်းကာ လှည့်လည်လျှောက်သွားရင်း မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝိညာဉ်ကိုဖမ်းစားပစ်နိုင်တဲ့ နတ်ဆိုးမိစ္ဆာတစ်ကောင်ပဲ။ သူ့ရဲ့ ရဲရဲတောက် ဝတ်ရုံက တစ်ကွင်းလုံးက လူတွေအကြည့်ကိုဖမ်းစားသွားခဲ့တယ်။ အကြည့်တစ်ချက်နဲ့တင် စွဲလမ်းဖို့လုံလောက်တဲ့မျက်နှာဆိုပေမယ့် ထိုပေါ်က အပြုံးလို့တောင်ပြောလို့မရတဲ့ နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်နေပုံကအစ အတော်လေး ကောက်ကျစ်ပုံပေါ်နေတယ်။ ဆွဲဆောင်မှုရှိတဲ့ လူငယ်လေးရဲ့ မျက်လုံးထောင့်က မှဲ့နီလေးအပြင် ဝတ်ရုံမှာ ချည်ထိုးအနားကွပ်ထားတဲ့ ရွှေနဲ့အနက်ရောင်လိပ်ပြာလေးတွေကအစ တစ်မျိူးတဖုံ လူတွေကို ကလူမြှူဆွယ်နေတဲ့အတိုင်းပဲ။ အားလုံးက သူလျှောက်လာတာကို မှင်သက်စွာကြည့်နေကြတယ်။

သူက ခြံဝန်းထဲ လထွက်ကြည့်သလို တစ်လျှောက်လုံး ပျင်းရိပျင်းတွဲဟန်နဲ့ အေးအေးလူလူ လျှောက်လာသော်ငြား အဲ့တာကပဲ ထူးထူးဆန်းဆန်း ကျက်သရေရှိနေတယ်။ သူ့ရှေ့ရောက်သွားတဲ့အခါ နတ်သမီးတောင် သိမ်နုပ်ညံ့ဖျင်းသွားလောက်တယ်။

ကျန်းလီက ဒါကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်။ ကောင်းကင်ဘုံက အကောင်းဆုံး ရုပ်ဆင်းရူပါကို ပေးစွမ်းထားတာပဲ။ သူမလို တခြားချောမောတဲ့ သခင်လေးတွေ အများကြီး တွေ့ဖူးပြီးသားသူတောင် သူ့ကိုတွေ့လိုက်တဲ့ တစ်ခဏ ထိုသူတွေက အလိုလိုအောက်ရောက်သွားရတယ်။ သူ့မျက်စိနဲ့ကိုယ်တိုင်သာ မတွေ့ခဲ့ဘူးဆို လောကကြီးမှာ ဒီလို ချောမောလွန်းတဲ့ လူတစ်ယောက်ရှိလိမ့်မယ်လို့ ယုံတောင် ယုံနိုင်မှာ မဟုတ်ဘူး။

သူသာမက မုန့်ဟုန်ကျင်းနဲ့ ကျန်းယိုရောင်တို့ကလည်း ထိုသူဆီက အကြည့်မလွှဲနိုင်ဖြစ်နေကြတယ်။ ကြည့်ရတာ အကုန်လုံးက ထိုသူဟာ စိတ်အပြောင်းအလဲမြန်ပြီး ဒေါသကြီးတဲ့ လူယုတ်မာတစ်ယောက်ဆိုတာ မေ့သွားကြပုံပဲ။ သူက နတ်သားလိုမျက်နှာနဲ့ နတ်ဆိုးလိုအကျင့်စရိုက်ရှိတဲ့သူပဲ။ သူ့ချောမောမှုက ရနံ့မွှေးတဲ့ အဆိပ်တစ်ခွက်နဲ့ အသွင်တူတယ်။ ဒါကြောင့် ဒီလိုဒေါသအိုး သခင်လေးကို ဘာမှသွားမစတာ အကောင်းဆုံးပဲ။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now