Part 81.1

829 77 0
                                    


Ch 81

Part 1

နန်းတော်ဧည့်ခံပွဲအတွင်း ယောက်ယက်ခပ်လှုပ်ရှားမှုတွေပြီးတော့ ဧကရီမိဖုရားကြီးက အပြင်ထွက်ကာ ရေကန်ထဲက ကြာပန်းတွေကြည့်ဖို့ တိုက်တွန်းလာတယ်။ နန်းတော်ရေကန်ကြီးက ယန်ကျင်းမြို့ရဲ့ ယုံနင်းမြစ်ကြီးကို အတုယူကာကျယ်ပြောစွာနဲ့ ဗိသုကာပညာရှင်ဆရာကြီးတစ်ယောက်က ဖန်တီးတည်ဆောက်ပေးခဲ့တာ ဖြစ်တယ်။ နွေရာသီအချိန်အခါမှာဆို ၁၀မိုင်လောက်ရှည်လျားကျယ်ပြန့်တဲ့ ကျောက်စိမ်းရောင်ထနေတဲ့ရေပြင်ပေါ်မှာ ကြာပန်းတွေပေါက်ရောက်နေပြီး ညအခါ ကောင်းကင်ပေါ်မှ လမင်းကြီးရဲ့လရောင် စိန်တွေပက်ကြဲထားသလို ကြယ်လေးတွေစတဲ့ သဘာဝတရားအလှနဲ့ ပေါင်းစပ်လိုက်တဲ့အချိန် မြင်ကွင်းဟာ အင်မတန်ရင်သပ်ရှုမောဖွယ်ရာ ဖြစ်သွားတော့တယ်။

အရင်နေ့တွေက အပူချိန်တွေဟာ ကန်ရေပြင်ပေါ်ဖြတ်သန်းတိုက်ခတ်လာတဲ့ အေးမြတဲ့လေညှင်းကြောင့် ဖယ်ရှားခံလိုက်ရသလို လူအများကို သက်တောင့်သက်သာဖြစ်စေတယ်။ အခမ်းအနားပြီးတာနဲ့ ဒီလိုရှုခင်းကြည့်တာက အမြဲ မျိုးရိုးမြင့်အများစုကြိုက်နှစ်သက်တာ ဖြစ်ရမယ်။ကျန်းလီက ကျန်းမိသားစုတွေရဲ့နောက်လိုက်လာပြီး သူ့နောက်မှာတော့ကျီရှုးရန်တို့သားအမိ နှစ်ယောက်က နီးကပ်စွာလိုက်လာတယ်။ ကျန်းလီက သတိကြီးကြီးထားနေရပေမယ့် တခြား သခင်မတွေအားလုံးက ရေကန်ဘေးနားက အပန်းဖြေဆောင်လေးတွေထဲ အေးအေးလူလူထိုင်လိုက်ကြပြီး စားပွဲပေါ်မှာလည်း သရေစာမုန့်တွေ အသီးအနှံတွေကို အလျှံပယ်ပြင်ဆင်ပေးထားတယ်။

ကျန်းလီလည်း သူတို့နားသွားထိုင်ဖို့လုပ်နေတုန်း တစ်စုံတစ်ခုက သူ့လက်ထဲရောက်လာတယ်။ သူကပြန်လှည့်ကြည့်လိုက်တော့ မျက်နှာစိမ်းနန်းတွင်းသူလေးတစ်ယောက်က သူမနားကဖြတ်ကျော်သွားတာ တွေ့လိုက်ရတယ်။ သူလည်း လက်ထဲကပစ္စည်းလေးကို ဆုပ်ညှစ်ကြည့်လိုက်တော့ စာရွက်အပိုင်းလေးတစ်ခုဆိုတာ သိလိုက်ရတယ်။ ဖြတ်ခနဲပဲ သူက ကျီရှုးရန်တို့လက်ချက်လို့ထင်ပြီး သူတို့ကိုကြည့်လိုက်မိပေမယ့် ကျီရှုးရန်ကဘာမှ ထူးဆန်းတဲ့အပြုအမူမျိုးမရှိဘဲ ဒါကိုသတိထားမိပုံတောင် မပေါ်တာမို့ ကျန်းလီက စိတ်ရှုပ်သွားရတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now