Part 77.2

1.3K 91 1
                                    


Part 4

"အိပ်မက်ဆိုးဆိုရင် ကျွန်မတို့ရွာမှာအဆိုတစ်ခုရှိတယ် အိပ်မက်ဆိုးမက်ပြီးစိတ်မသက်မသာဖြစ်နေရင် နေပူဆာလှုံလိုက်တာနဲ့ အကုန်ပျောက်သွားမယ်တဲ့ မမလေးကြောက်နေရင် နေပူဆာသွားလှုံကြရ-...."

"ဘာမဟုတ်တာတွေပြောနေတာလဲ?" တုန်အာက ပိုင်ရွှယ့်တစ်ယောက်ပြောလို့မပြီးခင်ဘဲ ဖြတ်ပြောလိုက်တယ်။

"အပြင်မှာ အခုမိုးရွာနေတာ ဘယ်မှာလဲ နေ?"

ပိုင်ရွှယ့်က ခဏလောက်တန့်သွားပြီးမှ ထပ်ပြောတယ်။ "အော် ဒါဆိုလည်း နေရောင်ထွက်လာမယ့် တစ်ရက်နှစ်ရက်လောက်စောင့်လိုက်ရုံပေါ့"

တုန်အာက ကျန်းလီကိုမေးတယ်။ "မမလေး ဘာအကြောင်းများမက်ခဲ့လို့ အရမ်းကြောက်နေတာလဲ?"

ကျန်းလီက ဖုံးကွယ်ဖို့အစွမ်းကုန်ကြိုးစားပေမယ့်လည်း ကြောက်ရွံ့မှုတွေက သူ့မျက်လုံးတွေထဲမှာ အထင်းသားမြင်နေရတုန်းပဲ။ သူကအမြဲ ခပ်ပြုံးပြုံးနဲ့ ဒီကမ္ဘာပေါ်မှာ သူ့ကိုကြောက်အောင်လုပ်နိုင်တာ ဘာမှမရှိဘူးလို့ထင်ရပေမယ့် သူဒီလိုခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ရင်လည်း တခြားသူတွေထပ်ပိုသိသာတယ်။

"အဆင်ပြေပါတယ်" ကျန်းလီက မျက်လွှာချရင်းဆိုတယ်။ "ဒီတိုင်း မိတ်ဆွေဟောင်းတစ်ယောက်အကြောင်း မက်တာပါ"

မနေ့ညက သူရွှယ့်ကျောက်ကို အိပ်မက် ထပ်မက်ခဲ့တယ်။ဒီတစ်ခါ အိပ်မက်က အရင်တစ်ခုနဲ့လားလားမှမဆိုင်ဘဲ ရွှယ့်ကျောက်က ထောင်လိုနေရာတစ်ခုမှာ ဖမ်းချုပ်ခံထားရတယ်။ အဲ့နေရာကို လူတွေအများကြီး စောင့်ကြပ်နေကြပြီး သူတို့တွေက လူတွေထပ်မကောင်းဆိုးဝါးတွေနဲ့ ပိုတူတယ်။ ရွှယ့်ကျောက်ရဲ့တစ်ကိုယ်လုံးက သွေးတွေနဲ့ဖုံးလွှမ်းနေပြီး ထောင်ခန်းရဲ့အလယ်မှာ ချိတ်ဆွဲခံထားရတယ်။

ကျန်းလီက သူ့အနားသွားချင်ပေမယ့် ကြားထဲကသံတိုင်တွေကာထားတာကြောင့် သူမက သူ့နာမည်ကိုအော်ခေါ်ရုံသာတတ်နိုင်တယ်။ သူအော်ပေမယ့် ရွှယ့်ကျောက်က နည်းနည်းတောင်လှုပ်မလာတာကြောင့် သေသလား ရှင်သလားတောင် မသိနိုင်ဘူး။ ခဏအကြာမှာ ဘယ်ကမှန်းမသိ လူတွေရောက်လာပြီး သူတို့က ရွှယ့်ကျောက်ကို စတင်နှိပ်စက်ကြတော့တယ်။ သူတို့လက်ထဲ ရဲနေအောင်အပူပေးထားတဲ့ သံမဏိချောင်းရှိနေပြီး အဲဒါနဲ့ ရွှယ့်ကျောက်ရဲ့ကိုယ်ပေါ် မီးကပ်ကြရုံမက ဆားနဲ့ငရုတ်သီးမှုန့်ရောထားတဲ့ ရေတွေကိုလည်း အဲ့ဒဏ်ရာတွေပေါ်လောင်းချကြသေးတယ်။ ရွှယ့်ကျောက်က ကျယ်လောင်စွာနာနာကျင်ကျင် စတင်အော်ဟစ်တော့ ကျန်းလီက အင်မတန်ကြေကွဲဝမ်းနည်းရပေမယ့် သူမ ရွှယ့်ကျောက်ကိုသွားကယ်လို့မရဘူး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now