Part 4
ကျန်းယွီအာရဲ့ သူများထပ်သာပြီးနိုင်လိုစိတ်ပြင်းပြမှုမျိုးနဲ့ဆို သူ့စိတ်ဓာတ်က သေချာပေါက် တခြားသူတွေဆီအောက်ကျခံပြီး ကျိုးကျိုးနွံနွံနေဖို့ ငြင်းဆန်မှာပဲ။ အဲဒါကြောင့်ပဲ သူမျက်စိအရှေ့က အကျိုးအမြတ်တွေကို မမြင်နိုင်တော့ဖို့ကလည်း လွယ်လွန်းနေတာ...။ကျန်းလီရဲ့ 'ဆက်ခံသူ ကျိုးရဲ့ ကိုယ်လုပ်တော်ဖြစ်ရတာက သာမန်လူရဲ့ဇနီးဖြစ်ရတာထပ်တောင် သာသေးတယ်' ဆိုတဲ့စကားက ကိုယ်ကျင့်သိက္ခာနဲ့ဦးနှောက်ရှိတဲ့ မိန်းကလေးမျိုးဆို ဒါကိုလက်ခံမှာမဟုတ်ဘူး။ ဒါပေမယ့် ကျန်းယွီအာကတော့ အဲ့လိုမတွေးလောက်ဘူး။ အခုတော့ ဒီပြဿနာတစ်ခုကိုပဲ ဖြေရှင်းလိုက်တာ ပိုကောင်းပါတယ်။
ကျန်းလီက နန်းတွင်းသူနောက်လိုက်လာခဲ့ရင်း သူတို့အချိုးအကွေ့တစ်ခုချိုးပြီးတာနဲ့ လူသွားလမ်းရဲ့အစွန်ဆုံးနားက လက်ဖက်ရည်ဆောင်အခန်းငယ်လေးတစ်ခုကို ရောက်သွားတော့တယ်။ နန်းတွင်းသူက ပြောတယ်။
"ကျန်းသခင်မလေး ၂အရင် အထဲဝင်ပြီး နားနေလိုက်ပါ အဲ့မှာ လက်ဖက်ရည်နဲ့အခြားအဆာပြေမုန့်တွေလည်းရှိပါတယ် ဒီအစေခံက အခန်းထဲ နွေးအောင်ရေခဲထည့်ထားတဲ့ ကြေးနီအိုးတွေကို ရွှေ့ပေးပါမယ်"
ကျန်းလီ : "သွားတော့"
ကျန်းလီက တည်ငြိမ်စွာထိုင်ချလိုက်တယ်။ နန်းတွင်းသူထွက်သွားပြီးနောက် သူကခဏတွင်း ထရပ်ကာ အခန်းထဲထွန်းထားတဲ့ အမွှေးတိုင်ရှေ့ကိုသွားလိုက်တယ်။ သူ့နှုတ်ခမ်းလေးက အပေါ်ကိုမြင့်တက်သွားပြီး အမွှေးတိုင်ကိုနှစ်ပိုင်းချိုးပစ်လိုက်တယ်။ ဒီလိုအဖြစ်မျိုးကို ကြုံဖူးလို့လားမသိ ဒီတစ်ကြိမ်တော့ သူမက အတော်ကိုတည်ငြိမ်နေတယ်။ သူ့လက်တွေက အကျီလက်ဖျားစထဲက ခပ်သေးသေးဓားတိုလေးကို ထိကြည့်လိုက်တယ်။ ဒါက ကျန်းကျင်းရော့ပေးထားတဲ့ ဓားလေးဖြစ်ပြီး အဲ့အချိန်ထဲက သူမရဲ့အကျီထဲအမြဲသိမ်းထားခဲ့တယ်။ ကျန်းယွမ်ပိုင်ရဲ့သမီးက နန်းတော်ထဲဒီလိုချွန်မြတဲ့ လက်နက်ယူဆောင်လာလိမ့်မယ်လို့ ဘယ်သူမှတွေးမိမှာ မဟုတ်ဘူး။

YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...