Part 57.1

857 70 0
                                    


MDD-57.1

အလောင်းအစားသုံးခု

ရှောင်တီယင်းက မင်ယီကျောင်းတော်ထဲကို ဝင်လာပြီးတဲ့အချိန်မှာ ချက်ချင်းဆိုသလို စာစသင်ခဲ့တယ်။ ကျန်းလီက သူမရဲ့ ရင်းနှီးတဲ့ ရုပ်ရည်ကို ကြည့်ပြီးတော့ အတွေးနယ်ချဲ့လိုက်တယ်။

ရှန်းယွီရုန်က အမှတ်အများဆုံး ရရှိတဲ့သူ ဖြစ်လာပြီးတဲ့အချိန်မှာ၊ မင်ယီကျောင်းတော်မှာ ပညာရပ်ခြောက်ခုကို သင်ကြားပေးတဲ့ ဆရာတွေအားလုံးနဲ့ ကျန်းလီက ခင်မင်ရင်းနှီးလာခဲ့တယ်

သူမကို ရန်ငြိုးထားကြတဲ့ ကျိလျောင် အပြင်၊ တခြားဆရာ၊ ဆရာမတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေ အပြည့်ဖြစ်နေခဲ့ကြတယ်။ အဲဒီထဲမှာ၊ ရှောင်တီယင်းက ကျန်းလီကို ကောင်းကောင်း ဆက်ဆံပေးခဲ့တဲ့ တစ်ယောက် ဖြစ်ခဲ့တယ်။

ရှောင်တီယင်းက စိတ်ထားနူးညံ့တာကြောင့်မို့၊ ကျိလျောင်က ကျန်းလီကို ပစ်မှတ်ထားတဲ့အချိန်တိုင်း၊ ရှောင်တီယင်းက အရာအားလုံးကို အဆင်ပြေအောင် ပြုလုပ်ပေးခဲ့တယ်။ အဲဒါအပြင်၊ ကျန်းလီက ရှောင်တီယင်းရဲ့ အရည်အချင်းကို အရမ်းတန်ဖိုးထားခဲ့တယ်။ ရှောင်တီယင်းက ခုနှစ်သံ ကူချင်း ကို တီးမှုတ်ရာမှာ ထူးချွန်ပြီးတော့ ယန်ကျင်းရဲ့ ပထမဆုံးသော ဂီတပညာရှင် ဖြစ်လာခဲ့တယ်။ ဒီလိုမျိုး အရည်အချင်းတွေ ကြောင့်မို့၊ နန်းတော်ရဲ့ မိဖုရားကြီးက နန်းတွင်းမှာ ဝင်ရောက်ဖျော်ဖြေပေးဖို့ တစ်ခါက တောင်းဆိုခဲ့ဖူးတယ်။ ဒါပေမဲ့ နန်းတွင်းရဲ့ ဂီတပညာရှင်ဖြစ်ရမဲ့အစား၊ ရှောင်တီယင်းက မင်ယီကျောင်းတော်ရဲ့ ဆရာမသာ ဖြစ်ချင်ခဲ့တယ်။

ကူချင်းမှာ ကျန်းလီရဲ့ စွမ်းရည်ကလည်း တော်တော် ကောင်းမွန်ခဲ့တယ်။ သူတို့ နှစ်ယောက်စလုံးက သံစဉ်တွေကို ဖလှယ်လေ့ရှိကြပြီးတော့၊ တစ်ယောက်နဲ့တစ်ယောက်က မြင့်မားတဲ့ တောင်တန်းနဲ့ ရေစီးကြောင်းလိုမျိုး ခင်မင်တဲ့သူငယ်ချင်းတွေလို ခံစားချက်တွေ ရှိခဲ့ကြတယ်။

ဒါပေမဲ့ လူ့သဘာဝအရ တားမြစ်ထားတဲ့ ကိစ္စတွေ ပေါ်ထွက်လာပြီးတဲ့ အချိန်မှာတော့၊ သူမဆီကို ဘယ်တော့မှ အလည်မလာခဲ့တော့တဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေသာ ဖြစ်ခဲ့ကြတယ်။ ရှောင်တီယင်းက သူမရဲ့ ဂုဏ်သိက္ခာကို မြတ်နိုးပြီးတော့ ဂုဏ်သိက္ခာ အရှက်တရားကို မသိတဲ့သူနဲ့ အဆက်အသွယ်လုပ်ဖို့ ဆန္ဒမရှိခဲ့တာလည်း ဖြစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်မှု ပဲ ကျန်းလီက တစ်ခုခုကို သတိရသွားခဲ့တယ်။ အဲ့ဒီနေ့က အမေရှန်းရဲ့ မွေးနေ့ပွဲမှာ ဖိတ်ကြားခံရတဲ့ ဧည့်သည်တွေထဲမှာ သူမလဲ ရှိနေခဲ့ပြီးတော့ ကျန်းလီရဲ့ ဘေးမှာ ထိုင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ရှောင်တီယင်းက သူမကို အရက်သောက်ဖို့ မကြာခဏ တိုက်တွန်းနေခဲါပြီးတော့ အခန်းမှာ ပြန်ပြီး အနားယူဖို့ရာ တွန်းအားပေးခဲ့တယ်။ သုမက နိုးထလာတဲ့အခါမှာ၊ ကြီးမားတဲ့ အုံကြွမှုတွေ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ရှောင်တီယင်းက အရိုးရှင်းဆုံး ပြောနေခဲ့တဲ့အချိန်မှာ၊ သူမရဲ့ ကိုယ်ပိုင် အစေခံက လမ်းတစ်ဝက်မှာ သူမကို အခန်းကို ပြန်ခေါ်သွားခဲ့တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now