အခန်း (၃၃)
ယွီရှန်း
"ဒါကြောင့် ရှန်းချောင်က ပိုက်ဆံနဲ့ အဖိုးတန်ပစ္စည်းတွေကို မက်မောပြီး တခြားသူတွေကို အပြစ်တင်တာ"
ကျောက်ခဲတစ်လုံးက လှိုင်းလုံး တစ်ထောင်ကို ဖြစ်စေတယ်။ ဧည့်သည်တွေက ချက်ချင်းကို မှတ်ချက်ပေးခဲ့တယ်။ အစတုန်းက ဒုတိယသခင်မလေးက ညီအစ်မကြားက သဘောထားကွဲလွဲမှုတွေကြောင့် အိမ်တော်မှာ ကျန်ခဲ့တဲ့ တတိယသခင်မလေးကို မုန်းတီးနေတာလို့ အကုန်လုံးက တွေးခဲ့ကြတယ်။ ကျန်းလီက ကျန်းယို့ရောင်ကို မနာလိုစွာနဲ့ ကျိန်ဆဲခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့၊ အနီးကပ်ပြုစုတဲ့ အစေခံမိန်းကလေးက ငွေမက်လွန်းသူ ဖြစ်နေပေမဲ့ တခြားသူတွေကို အပြစ်တင်ခဲ့တယ်။
ဒီကိစ္စက တကယ်ကို ရိုးရှင်းခဲ့တယ်။ ဒါတွေက ကျန်းလီရဲ့ အနီးကပ် အစေခံမိန်းကလေး ဖြစ်တဲ့၊ ခိုးဝှက်ရတာကို ကြိုက်တဲ့ ရှန်းချောင်ကနေ အစပြုလာတာ ဖြစ်ပြီးတော့၊ ကျန်းယို့ရောင်အတွက် ကျန်းလီက ပေးတဲ့ လက်ဆောင်ကို ခိုးယူချင်ခဲ့တယ်။ ဒါပေမဲ့ သူမကို စုံစမ်းလိုက်တဲ့အခါမှာ ဒီကိစ္စကို ဖော်ထုတ်မှာကို သူမက ကြောက်ရွံ့နေခဲ့တယ်။ ဒါကြောင့် သူမက အစားထိုးအနေနဲ့ အရည်အသွေးနိမ့်တဲ့ ဆံထိုးကို ရှာဖွေခဲ့တယ်။
ရှန်းချောင်က ကျန်းလီရဲ့ ခြေသလုံးကြွက်သားကို ကိုင်ထားပြီးတော့ သူမရဲ့ ခေါင်းကို ခါယမ်းကာ ပြောလိုက်တယ်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီရတနာတွေအားလုံးကို ဒုတိယသခင်မလေးက ပေးခဲ့တာပါ။ ဒီအစေခံက ခိုးတာ မဟုတ်ရပါဘူး။ ဒုတိယသခင်မလေး၊ ဒီအစေခံကိုယ်စား စကားနည်းနည်းလောက်တော့ မြန်မြန် ပြောပေးပါအုံး"
အဒီလက်ဝတ်ရတနာတွေနဲ့ ဆံပင်ညှပ်ကလစ်တွေက အမှန်တကယ်တော့ ရှန်းချောင်က ခိုးယူထားခဲ့တာ မဟုတ်ပေမဲ့ ကျန်းလီကတော့ အဲဒါကို မဝန်ခံခဲ့ဘူး။
ကျန်းလီက သူမကိုကြည့်ပြီးတော့ ဝမ်းနည်းပူဆွေး သွားခဲ့တယ်။
"ရှန်းချောင်၊ ငါက နင့်ကို ပေါ့ပေါ့တန်တန် မဆက်ဆံခဲ့ဘူး။ နင်က ငါ့ကို ဘာကြောင့် ဒီလိုမျိုး လုပ်နေရတာလဲ။ ငါ့မှာ ငွေစ အများကြီး မရှိဘူး။ ငွေတွေ အကုန်လုံးကို တတိယညီမလေးအတွက် ဆံထိုးဝယ်ဖို့ သုံးစွဲခဲ့တာ။ ကျန်ရှိနေတာက အဲဒီလက်ဝတ်ရတနာတွေပဲ။ ဒီလက်ဝတ်ရတနာက စျေး မပေါ့ပါဘူး၊ နင့်ကို ပေးခဲ့ရင်တောင်မှ၊ အဲ့လောက်တော့ မရှိပါဘူး။ ဒါပေမဲ့ နင့်ကို အားလုံးကို ပေးလိုက်မယ်ဆိုရင်၊ သဘောကောင်းပြီး ရက်ရောတဲ့ လူတွေလိုမျိုး ဖြစ်သွားမှာကိုတော့ စိတ်မကောင်းမိဘူး"
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...