Part 80.1

987 76 0
                                    


Ch 80

Part 1

ကျီဟန်က အတော်လေးနောက်ကျမှ ရောက်လာခဲ့တာဖြစ်တယ်။ ဒါပေမယ့် အဲဒါကို ဧကရာဇ်ကအမျက်ရှဟန် တစိုးတစိမျှမရှိဘဲ ကြည့်ရတာ ပုံမှန်ကိစ္စလို နေသားတောင်ကျနေသလိုပဲ။ ဧကရာဇ်တင်မက မင်းသားချန်းဝမ်တောင် ဘာမှတ်ချက်မှမပေးရဲဘူး။ ကျန်းလီကမြင်ကွင်းအားလုံးကို ကြည့်ရှုစိစစ်နေတယ်။ လူတိုင်းက မြို့စား ရှုကိုသူ့ရဲ့ဒေါသကြီးပြီး ဆိုးယုတ်ရက်စက်တဲ့ ကိုယ်ကျင့်စရိုက်ကြောင့် ‌ကြောက်ကြပေမယ့် ကျန်းလီကတော့ နန်းတွင်းရုံးတော်အတွင်းမှာ မြို့စား ရှုတစ်ယောက် သူ့စိတ်ကြိုက်လုပ်လို့ ရနေတာက သူ့နောက်မှာ တခြားတစ်ခုခုကို မှီခိုထားတာကြောင့်လို့ ခံစားနေရတယ်။ ဘယ်လောက်ပဲ သောင်းကျန်းမောက်မာတဲ့သူပဲဖြစ်ဖြစ် သူတို့ထပ်အင်အားကြီးတဲ့သူကို သွားရန်စမိမယ်ဆို တခြားဘက်က သင်ခန်းစာကောင်းကောင်း ပြန်ပေးလိုက်မှာပဲ။ ဒါပေမယ့်ကြည့်ရတာ မြို့စား ရှုကိုပညာပေးနိုင်တဲ့သူ ဒီလောကကြီးထဲမှာ မမွေးသေးဘူးထင်တယ်။

လျိုထိုက်ဖေးဘက်က လူတွေက ဘယ်လောက်ပဲအာဏာရှိပြီး တင်စီးဘဝင်ကိုင်နေပါစေ သူတို့က မြို့စား ရှုကိုတော့ မလေးမစားမလုပ်ရဲကြဘူး။ မင်းသမီး ယုံနင်းလည်း အပါအဝင်ပဲ။ သူမက မြို့စား ရှုနဲ့တွေ့လိုက်တိုင်း စကားတောင် အများကြီးမပြောဘူး။ ကမ္ဘာပေါ်က လူတိုင်းကိုယ့်ထပ်ရာထူးမြင့်အင်အားကြီးတဲ့သူကို ကြောက်ကြတာ သဘာဝပဲ။ ဧကရာဇ် ဟုန်ရှောင်းက ကောင်းကင်ဘုံရဲ့အဖိုးတန်သားတော်လေး ဖြစ်တာတောင် မြို့စား ရှုလောက် လွတ်လပ်စွာနဲ့ပူပင်ကြောင့်ကြမဲ့တဲ့ဘဝမျိုး မရရှိခဲ့ဘူး။ ကျန်းလီက ဖြစ်နိုင်ချေတွေကို တွေးကြည့်တယ်။

မြို့စား ရှုရဲ့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပုံက ထက်မြက်ပြီး အရမ်းကျေနပ်စရာကောင်းလို့ ဘယ်သူမှသူ့ကိုကျော်မတက်ရဲသလို စော်ကားမော်ကားလည်း မပြုရဲတာဖြစ်လိမ့်မယ်။ ဒီလိုတွေးပြီးတော့ ကျန်းလီက သူ့ပေါက်ကရအတွေးတွေကို ရယ်မိလိုက်ပြီး ခေါင်းခါကာ ရှင်းထုတ်လိုက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWo Geschichten leben. Entdecke jetzt