Part 54.1

1K 100 0
                                    


MDD-54.1

ဝမ်းကွဲအစ်ကိုကြီး

ကပ်လျက်မှာရှိတဲ့ လက်ဖက်ရည်စံအိမ်တော်က အဆောက်အဦးငယ်လေးထဲမှာ ရီရှီကျယ်က ကျန်းလီကို စောင့်ဆိုင်းနေခဲ့တယ်။

မနက် အစောပိုင်းတုန်းက၊ ကျန်းလီရဲ့ အစေခံမိန်းကလေးကနေ တစ်ဆင့် စာတစ်စောင်ကို ပေးပို့ဖို့အတွက်၊ ရီရှီကျယ်က ကျန်းအိမ်တော်ရဲ့အပြင်ဘက်မှာ စောင့်ဆိုင်းပြီး အဲ့စာကို အပ်နှံခဲ့လိုက်တယ်။ ရီရှီကျယ်က လက်ဖက်ရည်စံအိမ်တော်ရဲ့ အဆောက်အဦးငယ်လေးထဲမှာ ကျန်းလီကို တွေ့ဆုံဖို့ ဖိတ်ခေါ်ခဲ့တယ်။ စကားတွေက လွန်သလို ဖြစ်နေပေမဲ့၊ ကျန်းလီက ကိုယ်တိုင်ကိုယ်ကျ လာချင်မှ လာလိမ့်မယ်။

ဒါပေမဲ့လည်း၊ နောက်ဆုံးမှာတော့ ကျန်းလီက ရောက်ရှိလာနေခဲ့တယ်။

ကျောင်းသွားရမဲ့ အချိန် မဟုတ်ပေမဲ့၊ အဲ့ဒီနေရာက မင်ရီခန်းမနဲ့ သိပ်တော့လည်း မဝေးခဲ့ဘူး။ ရီရှီကျယ် နဲ့ ရိုးရိုးရှင်းရှင်း စကားပြောတာကတော့ ကျောင်းချိန်ကို ထိခိုက်စေမှာတော့ မဟုတ်ဘူး။ သူမရဲ့ ပစ္စည်းတွေကို စနစ်တကျ စီစဉ်ပြီးတဲ့အချိန်မှာတော့၊ ကျန်းလီက ချိန်းဆိုမှုကို စောင့်ဆိုင်းဖို့ လာခဲ့တယ်။

လက်ဖက်ရည်စံအိမ်တော်ထဲမှာ၊ ရီရှီကျယ်က မွဲပြာရောင် ၀တ်ရုံကို ၀တ်ဆင်ထားခဲ့တယ်။ အရောင်က ရိုးရှင်းနေပေမဲ့၊ သေသေချာချာ ကြည့်ရင်တော့ ဝတ်ရုံက အရမ်းကောင်းတယ် ဆိုတာကို သိနိုင်ခဲ့တယ်။ အင်္ကျီ အနားပေါ်မှာ ခေါက်ပြီးတော့ ချုပ်ထားတဲ့ပုံစံက ရှားပါးတဲ့ အပ် နှစ်ထပ် ချည်ထိုးလက်ရာ တစ်ခုလည်း ဖြစ်ခဲ့တယ်။ ဒီလူငယ်လေးက ထူထဲတဲ့ မျက်ခုံးမွှေးနတွေနဲ့ မျက်လုံးကြီးကြီးတွေ ရှိပြီးတော့၊ သိသိသာသာကိုပဲ ချောမော တောက်ပနေခဲ့တယ်။ ကျန်းလီကို ကြည့်နေတဲ့ သူ့ရဲ့ အကြည့်တွေက နိုးကြားမှုအပြည့် ဖြစ်နေတဲ့ အကြည့်တွေနဲ့ ဖြစ်နေခဲ့တယ်။

"အစ်ကိုဝမ်းကွဲရီ"

ရီရှီကျယ်နဲ့ မျက်နှာချင်းဆိုင်ကနေ ကျန်းလီကနေ ထိုင်လိုက်ပြီးတော့ ပြောလိုက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now