Part 67

720 82 0
                                    


Ch 67

မုန့်ယိုဒယ်ရဲ့မှန်းချက်အတိုင်း ကျန်းလီရဲ့ အဖြေလွှာက တကယ်ပဲ နန်းတော်ထဲအထိ ပေါက်ရောက်သွားခဲ့တယ်။ လူငယ်လေးတစ်ယောက်က နန်းတွင်းစာကြည့်ခန်းထဲက ထွက်လာတာနဲ့ တံခါးပေါက်က မိန်းမစိုး ရှုက ဦးညွှတ်ကာ လိုက်ပို့တယ်။ ဒီလူငယ်လေးကြည့်ရတာ တစ်စုံတစ်ခုကို တမ်းတလွမ်းဆွတ်နေသလိုပဲ။ အသက်၂၀စွန်းစွန်းလေးမှာပဲ ဒီလိုနေရာကိုရောက်လာနိုင်တာက အမှန်ကို ချောမွေ့လွယ်ကူလွန်းတယ်။လာမယ့်နှစ်က မျိုးဆက်သစ်လူငယ်တွေကတော့ ဒီ့ထက်သာလွန်သွားလိမ့်မယ်လို့ မှန်းရတာပဲ။ ဒီလူကတော့ သေချာပေါက် လက်ရှိလက်ထောက်ချုပ် ရှန်ယွီရုံအပြင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ? ဧကရာဇ်ဟုန်ရှောင်းက လက်ထောက်ချုပ်ရှန်ကို အခုချိန်မှာ သိပ်နှစ်သက်ပြီး လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သူနဲ့အတူ မကြာခဏ ဆွေးနွေးလေ့ရှိတယ်။ အဲဒါကြောင့် ဧကရာဇ်က ရှန်ယွီရုံကို နန်းတွင်းရုံးတော်ထဲ ကျန်းယွမ်ပိုင်ရဲ့နေရာကို ဆက်ခံဖို့ရည်ရွယ်ထားတာလို့တောင် ပြောဆိုနေသံတွေထွက်နေတယ်။ ဘယ်သူမှ အနာဂတ်ကကိစ္စတွေကို သေချာမသိပေမယ့် ထိုသူ့အကြိုက်လိုက်ထားတာက ဘာပဲဖြစ်ဖြစ်အရှုံးမရှိဘူးလေ။

ရှန်ယွီရုံက အပြင်ထွက်ပြီး နန်းတော်ဥယျာဥ်ရဲ့ရှည်လျားတဲ့ အဓိက လျှောက်လမ်းကိုဖြတ်သွားတဲ့အခါမှာ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတယ်။ မင်းသမီးယုံနင်းက ဥယျာဉ်ထဲက ကျောက်တုံးစားပွဲရှေ့မှာထိုင်ကာ အပန်းဖြေနေတယ်။ သူမက ရှန်ယွီရုံကို တွေ့တာနဲ့ ဆွဲဆောင်မှုရှိရှိပြုံးပြလာတယ်။

"သခင်လေးရှန်"

လက်ရှိအချိန်က နွေရာသီဆိုပေမယ့် ဥယျာဉ်ထဲက သစ်ပင်တွေက စိမ်းလန်းစိုပြေပြီး တိုက်လာတဲ့ လေကလည်းအေးမြတယ်။ သစ်ရွက်လေးတွေကြားက နေရောင်ခြည်တန်းတွေက သူမရဲ့ပါးတစ်ဝက်ပေါ်မှာ နေပျောက်ထိုးနေတယ်။ ခြုံပြောရရင် သူမက ဂုဏ်သရေရှိ လှပပြီး သူမအသားအရည်က ပထမတန်းစား ကျောက်စိမ်းဖြူလိုချောမွတ်နေတော့ တွေ့တဲ့လူတိုင်းကို ထိကိုင်ချင်အောင် ဆွဲဆောင်နေသလိုပဲ။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now