Ch 63
ယဲ့ရှီကျယ်က ဝမ်ရှန်းလော့အတွင်း သူ့သူငယ်ချင်းနဲ့အတူ သတင်းကိုစောင့်နေတယ်။ သူက သူ့ကိုယ်သူ စိတ်အေးဟန်ဆောင်နေပေမယ့် သူ့မျက်နှာပေါ်မှာ ပူပန်မှုတွေကို မြင်နေရတုန်းပဲ။အပြင်က ဆူဆူညံညံမြင်ကွင်းကို ကြည့်ရင်း သတင်းလာပြောမယ့်သူမလာဘူးဆို လူအုပ်ကြီးလူစုကွဲသွားဖို့ စောင့်ရုံကလွဲ သူ့မှာရွေးချယ်စရာ မရှိဘူး။စာရင်းဘေးနားဝန်းကျင်က စုပြုံနေတဲ့လူတွေထဲက သတင်းရလာတဲ့တစ်ယောက်က အလျင်အမြန်ပြေးထွက်လာတယ်။ သူကနောက်တစ်ယောက်ကိုရလဒ်အကြောင်းပြောနေပုံရတာကို ဆိုင်ထဲကလူတွေက တွေ့တော့ အဲ့သူကို ချက်ချင်းပြန်သွားပြီး အကုန်သွားကြည့်လာဖို့ ဆော်သြလိုက်တယ်။ယဲ့ရှီကျယ်အနီးက သေရည်စားပွဲကလူတစ်ယောက်က ထထွက်သွားပြီး ဘယ်လောက်မှတောင် မကြာလိုက်ဘူး။သူက ဆိုင်ထဲ ဒယိမ်းဒယိုင်လဲကျလုနီးပါး ပြန်ပြေးဝင်လာတယ်။ သူက ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး ဆိုင်ထဲကသူအားလုံးက သူ့အနားဝိုင်းလာရင်း မေးကြတယ်။ "ထိပ်ဆုံးအဆင့်ကို ဘယ်သူရသွားလဲ?"
"အင်ပါယာကျောင်းတော်ရဲ့ စာရင်းထိပ်ဆုံးက ယဲ့ရှီကျယ်"
အဲ့ဒီသူက သူ့ခြေထောက်တွေခွေယိုင်ကြမတတ်ဖြစ်နေတာကို ထိန်းကာ သက်ပြင်းရှည်ကြီးချရင်းပြောတယ်။
"လက်ယာအမတ်ကြီးရဲ့ အကြီးဆုံးသား သခင်လေးလီကျင်းက ဒုတိယနေရာ, အမတ်ကြီးနင်းယွမ်ရဲ့ ဆက်ခံသူ ကျိုးယန်ပန်က တတိယနေရာတဲ့"
လူအပေါင်းက ရုတ်ရုတ်သဲသဲဖြစ်သွားကြပြန်တယ်။ "ယဲ့ရှီကျယ်က ဘယ်သူလဲ? တစ်ခါမှ မကြားဖူးပါဘူး ကျောင်းသားအသစ်လား?"
"အံ့သြစရာကဒီတစ်ခေါက် သခင်လေးလီကျင်းက ပထမ မဟုတ်တာဘဲ တကယ်မထင်ထားဘူး"
"အမတ်ကြီးနင်းယွမ်ရဲ့ ဆက်ခံသူကို ဒီတစ်ခေါက် ဒုတိယရလိမ့်မယ်လို့ ထင်ထားတာ တတိယလို့တော့ မထင်ထားဘူး"
"ဆိုတော့ ယဲ့ရှီကျယ်က ဘယ်သူလဲ? သူ့ကိုသိကြလား?"
အများက အကြိတ်အနယ်ဆွေးနွေးနေကြတုန်း ယဲ့ရှီကျယ်ရဲ့သူငယ်ချင်းက သူ့ပုခုံးကိုဖိကိုင်ကာ စိတ်လှုပ်ရှားစွာနဲ့ "ရှီကျယ် မင်းကြားလား မင်းက ပထမတဲ့"

KAMU SEDANG MEMBACA
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Fiksi Sejarahဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...