Part 73.2

1.4K 102 1
                                    


ရှန်ယွီရုံရဲ့ အရင်နဲ့မတူ တစ်မူထူးခြားနေတဲ့ပုံစံကို မင်းသားချန်းဝမ်ဘေးမှာ ထိုင်နေတဲ့မင်းသမီးယုံနင်းက မြင်ဖြစ်အောင်မြင်သွားတယ်။ သူ့နှုတ်ခမ်းပေါ်မှာ အပြုံးလေးတစ်ခုက မပြောင်းမလဲရှိနေသော်လည်း သူ့မျက်ဝန်းတွေထဲမှာတော့ ခါးသီးတဲ့မခံမရပ်နိုင်မှု အရိပ်အယောင်တွေ ထင်ဟပ်နေတယ်။ ရှန်ယွီရုံရဲ့ပုံကိုကြည့်တာနဲ့ သူက ရွှယ့်ဖန်းဖိန်းကိုပြန်သတိရနေတယ်ဆိုတာ အသိအသာကြီးပဲ။ ရှန်ယွီရုံက အခုချိန်ထိ ရွှယ့်ဖန်းဖိန်းကိုသူ့စိတ်ထဲ ရှိနေတုန်းပဲဆိုတာကြီးက မင်းသမီးယုံနင်းကို မနာလိုမရှုစိတ်တွေနဲ့ စိတ်ဆိုးဒေါသထွက်သွားစေတယ်။ သူက စင်ပေါ်က ဘာမှမဆိုင်တဲ့ ကျန်းလီကိုတောင် မုန်းလိုက်သေးတယ်။

အားလုံးသေသင့်တယ်.. ဘယ်သူက ဒီကျန်းသခင်မလေးကို အဲ့အပျက်မကို သတိရလောက်တဲ့အထိ ဆင်တူအောင် လုပ်ခိုင်းလို့လဲ?

ကျန်းလီကတော့ ဘယ်သူ့ပုံစံကိုမှလိုက်မကြည့်နေတာကြောင့် သူတို့ဖြစ်ပျက်နေကြတာတွေကို မသိဘူး။သူက မြို့စား ရှုဘယ်ရောက်နေလဲဆိုတာကိုပဲ စိတ်ရောက်နေတယ်။ အဲ့မြို့စားရဲ့ အကြည့်တွေက အမြဲလူကို စိတ်မအေးရအောင်လုပ်နိုင်စွမ်းရှိတယ်။ အဲ့အကြည့်တွေရဲ့နောက်မှာ အဓိပ္ပာယ်တစ်ခုခုရှိနေတာ များလား? ဒါပေမယ့် ချင်းချန်တောင်ပေါ်မှာပထမဆုံးတွေ့ဖူးတာကလွဲလို့ ကျီဟန်နဲ့သူ့အကြား ဘာကိစ္စမှမရှိဘူးလေ...ကျီဟန်က သူမကိုမှတ်မိတယ်ဆိုတောင် ကံကြောင့်ပဲဖြစ်လိမ့်မယ်။ ဒါမှမဟုတ် ဘာဆွေမျိုးမှတော့ တော်စပ်တာ မဟုတ်လောက်ပါဘူးနော်?

ပြီးတော့မှ ကျန်းလီက အကြံတစ်ခုခေါင်းထဲထွက်လာတော့တယ်။ ချင်းချန်တောင်ပေါ်မှာတုန်းက ကျင်းအန်အရေးကိစ္စမှာ သူမအပိုင်ကြံထားတာကိုဖော်ထုတ်ချင်လို့ဖြစ်လိမ့်မယ်....ဘာပဲဖြစ်ဖြစ် ဘာသက်သေမှမှ မရှိတာ..။

ဒီအတွေးနဲ့တင်သူက တခြားကျောင်းသူတွေရဲ့တီးခတ်မှုကိုတောင် အာရုံမထားနိုင်တော့ဘူး။ကျန်တဲ့ ကျန်းယွီအာတို့တောင် အလှည့်ပြီးသွားပြီး ယှဥ်ပြိုင်သူအားလုံးပြီးသွားတော့ နေ့လည်တောင်ရောက်သွားပြီ။ ကျန်းယိုရောင်နဲ့ အထူးသဖြင့် ကျန်းလီရဲ့ဖျော်ဖြေမှုတို့ကြောင့် နောက်ထပ်တီးခတ်မှုတွေက ပျင်းစရာကောင်းသွားပြီး သူတို့လက်လှုပ်ရှားမှုတွေကတောင် ညံ့နေသလိုခံစားလိုက်ရတော့တယ်။ဒါက တကယ်တော့ သူတို့ကညံ့နေတာမဟုတ်ဘဲ ကွာဟချက်က အရမ်းကြီးလွန်းလို့ အိပ်နေတဲ့သူတောင် တစ်ရေးနိုးထပြီး ကျွမ်းကျင်မှုအဆင့်ကိုခွဲခြားပြနိုင်တယ်။ အယောက်စီတိုင်းပြီးသွားတော့ ရလဒ်ကချက်ချင်းထွက်လာခဲ့ပြီ ဖြစ်တယ်။ ပြီးတော့ လူတိုင်းရဲ့အကြည့်တွေက ကျန်းလီနဲ့ကျန်းယိုရောင်တို့နှစ်ယောက်ဆီမှာပဲ ရှိနေတယ်။ ကျန်းယိုရောင်က ပွဲကြည့်စင်ထဲမှာရပ်နေပြီး သူ့အမေလက်ကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။သူသာ ကျန်းလီကိုရှုံးသွားလို့ကတော့ ကျိုးယန်ပန်ကသူ့ကို ဘယ်လိုကြည့်မလဲဆိုတာ တွေးတောင်မတွေးရဲဘူး။ လုရှီက ဒီတစ်ခေါက်တော့ ကျန်းယိုရောင်က အရင်ကလောက် ယုံကြည်ချက်မရှိတော့တာကိုတွေ့ပြီး ချက်ချင်းရယ်မောကာ ကျီရှုးရန်ကိုပြောလိုက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now