Part 59.2

699 75 0
                                    


MDD-59.2

ပြဇာတ်တစ်ခုကို စောငိ့ကြည့်ခြင်း

ကွမ်းလျူက အံ့သြတကြီးနဲ့ ပြောလိုက်တယ်

"သခင်မလေးကျန်းက ကျန်းအိမ်တော်မှာ အရေးမပါဘူးမလား။ သူမရဲ့ ကိစ္စက ကျန်းမိသားစုအပေါ်ကို ဘယ်လို သက်ရောက်စေတာလဲ"

လျူလီကလည်း ကျီဟန်ရဲ့အဖြေကို စောင့်နေခဲ့တယ်။

တစ်ခဏလောက်ကြာတော့မှ ကျီဟန်က ဝမ်ကျိကို လက်ယက်ခေါ်ရင်း ပြောလိုက်တယ်။

"ကျန်းမိသားစုရဲ့ အကြောင်းတွေက ခုထက်ထိ မစသေးပါဘူး။ စိုးရိမ်မနေပါနဲ့"

ကျီဟန်က ပြောလိုက်တယ်။

"ဝမ်ကျိ၊ ငွေစ ၁၂၀၀၀ကို ထုတ်ပြီးတော့ ရန်ကျင်းမြို့ရဲ့ အကြီးဆုံး လောင်းကစားရုံကိုသွားလိုက်"

"သခင်လေးလည်း ဒီလောင်းကစားကနေ အမြတ်ထုတ်ချင်တယ်လား"

ကွမ်းလျူက အကြည့်တွေ တောက်ပသွားကာ ထပြောလိုက်တယ်။

ကျီဟန်က ဝမ်ကျိကို ခိုင်းရင်း ပြောလိုက်တယ်။

"ဒီပြဇာတ်ကို ဘယ်လို သိမ်းမလဲဆိုတာ သိချင်တယ်၊ ကျန်းအိမ်တော်ရဲ့ ဒုတိယ သခင်မလေးဘက်က သွားလောင်းလိုက်"

ရန်ကျင်းမြို့ကြီးက သူမနဲ့ မန်ဟုန်ကျင်းတို့ရဲ့ လောင်းကစားကြောင့် စည်ကားနေခဲ့ပေမဲ့၊ ကျန်းလီကတော့ ဘာတစ်ခုကိုမှ မသိခဲ့ရဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ် လောက်ကတည်းက သူမက သူမရဲ့အိမ်တော်မှာပဲနေရင်း စာမေးပွဲအတွက် အေးအေးဆေးဆေး ပြင်ဆင်နေခဲ့တယ်။ ဒါပေမဲ့ ကျန်းလီ စခဲ့တဲ့ ပြသာနာက ကျန်းအိမ်တော် အတွက်တော့၊ ပြဿနာကြီးတစ်ခု ဖြစ်နေတာကြောင့်၊ ဒီသတင်းက သခင်မကြီးကျန်းနဲ့ ကျန်းယွမ်ပိုင်တို့ဆီကို ရောက်သွားခဲ့တယ်။

ဝမ်ဖုန်းခန်းမကြီးထဲမှာ သခင်မကြီးကျန်းက ကျန်းလီကို နားမလည်တဲ့အကြည့်တွေနဲ့ ကြည့်ပြီးတော့ ပြောလိုက်တယ်။

"မိန်းကလေးလီ၊ သမီးက တစ်ကယ်ပဲ ဘယ်လိုဖြစ်ချင်တာလဲ"

"စိတ်မဆိုးပါနဲ့ အမေရယ်"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now