part 2
ကျန်းလီက ရုတ်တရက် သတိရသွားတယ်။ မင်းသားချန်းဝမ်မှာ တရားဝင်ကြင်ယာတော်(စီဖေး) မရှိသေးဘဲ ကျန်းဖေး(အဆင့်နိမ့်)တစ်ယောက်ပဲ ရှိသေးတယ်။ လက်ရှိ ဒီမျိုးရိုးမြင့်သခင်မလေးတွေကြားထဲမှာ မင်းသားချန်းဝမ်အောက် အနည်းငယ်ပဲ နိမ့်တဲ့အဆင့်နဲ့ သခင်မလေးတွေရှိတော့ သူတို့အနေနဲ့ မင်းသားချန်းဝမ်ရဲ့ စီဖေးနေရာကို တက်ရောက်သွားနိုင်တယ်။ မင်းသားချန်းဝမ်က သင့်တော်တဲ့ ကြင်ယာတစ်ယောက်လာရှာတာများလား? ကျန်းလီနားထဲ ကျန်းကျင်းရော့ရဲ့ 'အိမ်ထောင်ဖက်ရှာဖို့' ဆိုတဲ့ စကားကြီးပဲ ပြန်ကြားယောင်မိပြီး ရယ်ချင်သွားရတယ်။
သူကပြုံးမလို့ပဲရှိသေးတယ် နောက်တစ်ခါထပ် မှင်သက်တောင့်တင်းသွားရတယ်။ မင်းသားချန်းဝမ်ရဲ့ နောက်ကလိုက်လာတဲ့ မင်းသမီးယုံနင်းရဲ့ အနီးကပ်နေရာမှာ ဝင်ထိုင်လိုက်တဲ့ ဝတ်ရုံဖြူအရှည်နဲ့ ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ ထိုသူက လူငယ်အငွေ့အသက်တွေထင်ဟပ်နေတုန်း ဆိုပေမယ့် အခုတော့ သူက ရင့်ကျက်သွားတဲ့အပြင် မြင့်မားတဲ့နေရာတစ်ခုမှာတောင် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ပြီ။
အကွာအဝေးက ခြားနေတာတောင် ကျန်းလီ သူ့ကို တစ်ချက်လောက်ကြည့်ရုံနဲ့ကို မှတ်မိနေတုန်းပဲ။ ဒီလောက်အကွာအဝေးလေးကို မဆိုနဲ့ဦး တောင်ပေါင်းတစ်ထောင် ပင်လယ်၁၀စင်းခြားနေပါစေ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သွားရင်တောင် ကျန်းလီ သူ့ကို အကြည့်တစ်ချက်နဲ့ အရိပ်ပဲမြင်တာနဲ့တင် မှတ်မိနေဦးမှာပဲ။
သူမရဲ့ တစ်ဦးတည်းသော ခင်ပွန်းသည်...အပြစ်ကင်းစွာ လင်မယားအနေနဲ့ အချစ်ငှက်ကလေးတွေဖြစ်ခဲ့ကြတဲ့ သူမရဲ့ ယောကျ်ား။ နေ့စဉ်နေ့တိုင်း သူမကို မျက်ခုံးမွှေးဆွဲပေးခဲ့တဲ့သူ..သူမရဲ့ လက်ကိုမြဲမြံစွာ ကိုင်စွဲရင်း ဆံဖြူသွားကြိုးတဲ့အထိ အတူတူ ရှိပေးမယ့်သူ သူမရဲ့အိပ်ရာကို မျှဝေပေးခဲ့တဲ့အိမ်ထောင်ဖက် တဖြစ်လည်း သူမရဲ့နောက်ဆုံးချိန်မှာ အေးစက်စွာ ထိုင်ကြည့်နေခဲ့တဲ့ရန်သူ...။
မြောက်မြားစွာသော အတွေးတွေ ခံစားချက်တွေနဲ့အတူ ကျန်းလီက မျက်လုံးတွေမှိတ်လိုက်မိတယ်။ အတိတ်က နောင်တတစ်ပုံတစ်ခေါင်းက သူ့စိတ်ထဲအလုအယက် တိုးဝင်လာကြတယ်။ တစ်စစီ ဖြစ်သွားတဲ့ အပိုင်းအစလေးတွေက ပြန်ပြည့်စုံစွာ ပေါင်းစပ်သွားလုနီးနီးမှာပဲ နောက်ဆုံးအရေးကြီးဆုံးအချိန်မှာတော့ သူတို့ဟာ ကြေးဝါမှန်လို အပိုင်းပိုင်းပြန်ဖြစ်သွားခဲ့ရတယ်။ သူမရဲ့ နောက်ဆုံးအချိန် တခြားလူတွေလက်ထဲရုန်းကန်နေရခဲ့တဲ့အချိန်မှာ သူမကိုထိတ်လန့်အံ့အားသင့်သွားစေတာကတော့ အပြင်ပြူတင်းပေါက်က ရင်းနှီးတဲ့ အရိပ်ကလေးတစ်ခုပဲ။
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...