Part 79.1

1.1K 90 0
                                    


Ch 79

Part 1

ခန်းမထဲက သခင်မတွေအားလုံးက ကျန်းမိသားစုဝင်တွေနဲ့ မစိမ်းကြဘူး။ ကျန်းမိသားစုက ယန်ကျင်းမှာ ထင်ရှားကျော်ကြားတဲ့ အိမ်တော်မို့ ဘယ်အိမ်တော်ပဲဖြစ်ဖြစ် ပွဲအခမ်းအနားတစ်ခုခုရှိပြီဆို ဒီကျန်းအိမ်တော်ကို ဖိတ်ဖို့ မမေ့ရဲကြတဲ့အပြင် ကျီရှုးရန်နဲ့လုရှီတို့ကလည်း အမြဲတခြားသခင်မတွေနဲ့ ဝိုင်းဖွဲ့ကာ အတူလက်ဖက်ရည်သောက်ရင်း စကားပြောဆိုနေကြဆိုတော့ သူတို့ကရင်းနှီးနေပြီးသား ပြီးတော့ ဒုတိယမိသားစုခွဲမှာ သမီးမရှိဘဲ ကျီရှုးရန်တို့အဓိကမိသားစုမှာကျ ကျန်းလီကိုလွန်ခဲ့တဲ့ ၈နှစ်ထဲက မေ့ထားကြတာမို့ သူတို့မျက်မှန်းတန်းမိတာဆိုလို့ ကျန်းယိုရောင်ပဲရှိတယ်။ ကျန်းလီရဲ့မကြာသေးခင်က အောင်မြင်မှုကြီး နှစ်ခုဖြစ်တဲ့ ဂီတနဲ့မြင်းစီးမြှားပစ်စွမ်းရည်ကြောင့်သာ ကျန်းလီရှိသေးတယ်ဆိုတာ သိသွားကြတာ။

ဒါပေမယ့်ဒါက စစ်ဆေးမှုကွင်းပြင်ကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့သူတွေက သိကြတာဖြစ်ပြီး ကိုယ်တိုင်မမြင်ခဲ့တဲ့ သူတွေကကျ အခုထိသူတို့မှာ မယုံနိုင်သေးဘဲ ချဲ့ကားပြောဆိုထားကြတာလို့ မှတ်ထင်နေကြတုန်းပဲ။ အဲဒါကြောင့် အခုနန်းတော်ဧည့်ခံပွဲမှာ ကျန်းလီကိုကိုယ်တိုင်အကဲခတ်ချင်နေကြတဲ့သူတွေ အများကြီးရှိနေတယ်။ ကျန်းသခင်မကြီးနဲ့ကျီရှုးရန်တို့နောက်မှာ လိုက်လာတဲ့ပထမဆုံးသခင်မလေးကတော့ ကျန်းယိုရောင်ပဲ။ တစ်ချက်ကြည့်ရုံနဲ့သူမရဲ့ဝတ်စုံက လူအားလုံးရဲ့အမြင်ကိုဖမ်းစားသွားပြီး ဆင်းရဲဒုက္ခဆိုတာဘာမှန်းမသိတဲ့ ရွှေပေါ်မြတင်နေထိုင်လာတဲ့သခင်မလေး ဆိုတာသိသာစေတယ်။ သူမကနူးညံ့တဲ့အပြုံးလေးနဲ့အတူ ကြွကြွရွရွလေးလျှောက်လာတယ်။

အမျိုးသားတွေအနေနဲ့ မိန်းကလေးတစ်ယောက်ကိုကြည့်တဲ့အခါ သူမရဲ့ကိုယ်ပိုင်အလှနဲ့ ထက်မြက်မှုကိုကြည့်ကြတာ ဒါပေမယ့် သူတို့မိဘတွေကတော့ ကောင်းမွန်တဲ့ချွေးမကိုရှာဖို့အတွက် ဒီလိုအပေါ်ယံအရာတွေကို ကြည့်တာမဟုတ်ဘဲ မိန်းကလေးတစ်ယောက်အနေနဲ့မယားဝတ်ကျေပွန်မှုနဲ့ အိမ်တော်ရဲ့အရာအားလုံးကို ဘယ်လောက်ထိအေးချမ်းအောင်စီမံနိုင်သလဲဆိုတာကို အဓိကထားကြည့်ကြတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now