Part 69.1

616 79 0
                                    


Ch 69

part 1

ထိုနေ့မှာ ကျန်းလီကသာမန်နေ့တွေထက် စောစောထခဲ့တယ်။ မနက်ခင်းရဲ့ ပထမဆုံးလုပ်ငန်းဆောင်တာကတော့ တုန်အာက သူ့ဆံပင်ကိုဘယ်လိုထုံးပေးရမလဲဆိုတာနဲ့ အဝတ်အစားရွေးပေးတာပဲ။ ဘာလို့ဆို ပိုင်ရွှယ့်က လယ်သမားမိသားစုကမို့ သူကဒီလိုအရာတွေမှာ မကျွမ်းကျင်တာကြောင့် တုန်အာကပဲ ဒီကိစ္စတွေ အကုန်တာဝန်ယူလိုက်ရတယ်။

တုန်အာက ကျန်းအိမ်တော်ကို စရောက်ထဲက သူက ဘယ်တော့မှ အပျင်းတစ်မနေဘဲ ကျန်းလီက ကျန်းယိုရောင်ထက် ဘယ်နေရာမှာမှ လိုအပ်ချက်ရှိမနေရအောင် အမြဲတစေ ဒုက္ခသုက္ခခံကာ အလုပ်ကို ကြိုးကြိုးစားစားလုပ်ခဲ့တယ်။ သူတို့ပြင်ဆင်လို့ပြီးတဲ့အခါ ဝမ်ဖုန်းခန်းမရဲ့တံခါးဝက ကျန်းယိုရောင်တို့ဆီ အပြေးလေး လှမ်းရတယ်။ အဲ့မှာသူတို့အဖေလည်းရှိနေပြီး ကျန်းယိုရောင်က ကျန်းယွမ်ပိုင်ရဲ့ အကျီလက်စကိုဆွဲကာ ချစ်စရာဟန် ချွဲနွဲ့ပြီး တစ်ခုခုပြောနေတယ်။ ကျန်းယွမ်ပိုင်ကလည်း သူ့ခေါင်းကို ငုံ့ကာ သူမကိုချစ်ခင်စွာနဲ့ ကြည့်နေလိုက်တာ ကျန်းလီရောက်လာတာတောင် မမြင်ဘူး။ သူတို့ဘေးမှာရပ်နေတဲ့ ကျီရှုးရန်က ကျန်းလီရောက်လာတာကို ရှင်းရှင်းလင်းလင်းမြင်ပေမယ့် သူမကမမြင်ချင်ယောင်ဆောင်နေပြီး ကျန်းလီနောက်တစ်လှမ်းလောက်ရှေ့တိုးလာတော့မှ မြင်သွားသလိုနဲ့ ပြုံးရင်းပြောတယ်။

"လီအာလည်း ရောက်လာပြီပဲ"

ကျန်းယွမ်ပိုင်က မသိစိတ်ရဲ့ နှိုးဆော်မှုကြောင့် လှမ်းကြည့်လိုက်တယ်။ ကျန်းလီကလည်း ကျန်းယိုရောင်ကိုကြည့်နေတယ်။

ဒီနေ့က အင်မတန် အရေးကြီးတဲ့နေ့မို့ တုန်အာတောင် သူမကိုအစွမ်းကုန်ပြင်ဆင်ပေးထားတာ ကျီရှုးရန်ကလည်း သူ့သမီးကို သေသေချာချာ ပြင်ဆင်ပေးထားမှာပေါ့။ ကျန်းယိုရောင်က ပျံသန်းနေတဲ့ ငှက်ကလေးတွေနဲ့ ပန်းပွင့်ပုံပါတဲ့ ခပ်ဖျော့ဖျော့ ခရမ်းပြာစကပ်ရှည်ကိုဝတ်ဆင်ထားတယ်။ အပေါ်မှာတော့ ပုစဥ်းတောင်ပံလိုပါးလွှာပြီး ဖြူဖွေးတဲ့ ချည်ခင်သား ဝတ်ရုံရှည်ကိုထပ်ဝတ်ထားတာဖြစ်ရာ လေတိုက်လိုက်တဲ့အခါ ဝေ့ဝဲသွားပုံက ဒဏ္ဍာရီတွေထဲက မသေမျိုးကျင့်ကြံသူ နတ်မိမယ်လေးလိုပဲ။ သူမရဲ့ ပုလဲလိုဝင်းမွတ်တဲ့နားရွက်ပေါ်မှာ သန္တာပုလဲနီ နားဆွဲတစ်စုံကို ဆွဲထားတာက သူမကိုပိုနူးညံ့ပုံပေါက်သွားစေတော့တယ်။ ကျန်းယိုရောင်ကလည်း ကျန်းလီရဲ့အဝတ်အစားကို စုံဆန်ကြည့်ကာ အကဲဖြတ်နေတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now