Part 55.1

1K 99 0
                                    


MDD-55.1

အပေးအယူ

"မင်းက အစိုးရ အရာရှိ ဖြစ်ချင်တာလား"

ရီရှီကျယ်က တစ်ခဏလောက် စကားမပြောနိုင်ဖြစ်သွားခဲ့တယ်။ သူ့ကို အာရုံစိုက်နေတဲ့ ကျန်းလီရဲ့ အကြည့်တွေက ဖြောင့်မတ်နေခဲ့တယ်။ အဲဒါက သူ့ကို သေသေချာချာကို ထင်ယောင်ထင်မှား ဖြစ်နေစေခဲ့တယ်။ ရီရှီကျယ်က ကျန်းလီရဲ့ အမြင်ကို ချက်ချင်း ရှောင်ရှားလိုက်ပြီးတော့၊ သူ့ရဲ့ တုန့်ပြန်ချက်အတိုင်း နှာသံနဲ့ ပြန်ပြောလိုက်တယ်။။

တကယ်တော့ သူက ကျန်းလီနဲ့ ဒီလိုကိစ္စမျိုးတွေကို ပြောဖို့ မလိုအပ်ခဲ့ဘူး။ ရီမိသားစုကို ရန်သူတွေအဖြစ် ကျန်းလီက တစ်ခါ သတ်မှတ်ခဲ့ဖူးတယ်။ ထူးဆန်းတဲ့ တိုက်ဆိုင်မှုကြောင့်မို့၊ ကျန်းလီက ယုံကြည်နိုင်လောက်တဲ့ လူလို့ သူက ခံစားလာခဲ့ရတယ်။

"အစိုးရ ကောလိပ်ရဲ့ စာမေးပွဲမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တသ်ခုခုနဲ့၊ အရာရှိ ဖြစ်လာနိုင်တယ်။ မင်းက အစိုးရအရာရှိဖြစ်ဖို့ ရှန်ယန်းကနေ ဒီအထိ ကို လာခဲ့ပြီးပြီပဲ။ အမေဘက်က အဖွားနဲ့ တခြားသူတွေက ဒီနေရာကို တစ်နေ့နေ့တော့ ရွှေ့ခဲ့ရတော့မှာပဲမဟုတ်လား"

ကျန်းလီက ပြောလိုက်တယ်။

ကျန်းလီက ဒီအချက်ကို မထင်မှတ်ဘဲ တွေးတောနိုင်ခဲ့တာကို ရီရှီကျယ်က အံ့အားသင့်သွားခဲ့တယ်။ သူက ပြောလိုက်တယ်

"ဒီမှာ အခြေကျပြီးရင် သူတို့က ရောက်လာလိမ့်မယ်"

ကျန်းလီက သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

"ပြောင်းရွှေ့တာရဲ့ အားသာချက်တွေ အားနည်းချက်တွေ အများကြီး ရှိပါတယ်။ မင်းသာ မြို့တော်မှာ အခိုင်အမာ ခြေကုပ်ယူနိုင်ရင်၊ ရှေ့လျှောက် ရီမိသားစုက ဂုဏ်သိက္ခာရှိတဲ့လူလို့ မှတ်ယူခံရနိုင်တယ်။ ရီမိသားစုရဲ့ လူငယ် မျိုးဆက်သစ်တွေထဲက တစ်ယောက်၊ နှစ်ယောက်လောက်ကသာ အရာရှိတွေ ဖြစ်လာမယ်ဆိုရင်၊ ရီမိသားစုက အနှစ်တစ်ရာအထိ အကာအကွယ်ပေးခံရပြီးတော့ စိတ်ပူပင်မှု ကင်းရှင်းနေလိမ့်မယ်။ ဒါပေမဲ့ မြို့တော်ကို ပြောင်းရွှေ့လာတာက အချို့လူတွေကိုတော့ ပိုပြီးတေယ့ မနာလို ဖြစ်စေနိုင်တယ်။ အဲဒါဆိုရင် ရီမိသားစုကလည်း အန္တရာယ်ရှိလာလိမ့်မယ်"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now