Part 65.1

425 47 0
                                    


Ch 65.1

ကျန်းလီဝင်လာတာမြင်တော့ ကျန်းယွမ်ပိုင်က ပါးစပ်ဟလိုက်ပေမယ့် ဘာပြောရမှန်းလဲ မသိတာကြောင့် နေရခက်စွာနဲ့ အသာလေး ချောင်းဟန့်လိုက်တယ်။ ကျန်းလီက ရှေ့လှမ်းလာပြီး နှုတ်ဆက်တယ်။

"ဦးလေး ၂ ဦးလေး ၃"

ကျန်းယွမ်ဖျင်းက ပီတိဖြစ်စွာပြုံးရင်းပြောတယ်။

" ကျန်းလီ​​လေး ကောင်းကောင်း လုပ်ခဲ့တာပဲ မင်ယီကျောင်းမှာ ပထမရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး အခုပဲ သမီးအဖေကိုပြောနေတာ သမီးကို ဒီတစ်ခေါက်တော့ ကောင်းကောင်း ဆုချဖို့"

"ဦးလေး၂ ကို ကျေးဇူးအများကြီးတင်ပါတယ်"

ကျန်းယွမ်ဖျင်းက ကျန်းလီကို ချစ်ခင်မြတ်နိုးစွာကြည့်နေပုံက စိတ်သဘောကောင်းတဲ့သူတစ်ယောက်ပုံပေါက်စေတယ်။ ကျန်းလီက တွေးလိုက်တယ်။ ကျန်းယွမ်ပိုင်ထက်စာရင် သူကတောင် ဟန်ဆောင် ပန်ဆောင်ရှိသေးတယ်။ ကျန်းယွမ်ရှင်းလို ငကြောက်ပုံနဲ့ယှဥ်ရင် သူကအများကြီးသာတယ်ဆိုပေမယ့် ကျန်းလီက ထိုသူဟာ ဒီတိုင်းရိုးသားတဲ့ ချစ်ခင်စိတ်အပြည့်နဲ့ ဦးလေးတစ်ယောက်ပဲလို့ မထင်ဘူး။ ဒီလူရဲ့ အပြုံးမျက်နှာဖုံးနောက်မှာ ကျားချောင်းချောင်းနေတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ အများကြီး ရှိနေတယ်။ သူ့ဒေါသကို နည်းနည်းလေး သွားဆွလိုက်ရုံနဲ့ ကျားမြှီးက အလိုလိုထွက်လာမှာပဲ။

ကျန်းယွမ်ရှင်းက ဟိုးအဆုံးမှာရပ်နေရင်း ကျန်းလီကိုကြည့်ကာ ရယ်တာတောင် သတိထားပြီး ရယ်ရင်း ပြောလာတယ်။

"ဂုဏ်ပြုပါတယ် ကျန်းလီလေး"

ကိုယ်လုပ်တော်က မွေးတဲ့ တရားမဝင်သားအနေနဲ့ အိမ်တော်ထဲ နေထိုင်နေတာကလွဲ ဘာမှ အရာမရောက်ဘူး။ ကျန်တဲ့ ကျန်းညီအစ်ကိုနှစ်ယောက်ရဲ့ အရာရှိရာထူးတွေက ပိုတောက်ပြောင်လာတဲ့အခါ ပိုဆိုးတာပေါ့ သူက လုံးဝကို ချောင်တစ်ချောင်မှာ အမေ့ခံလိုက်ရတော့တယ်။ ခမ်းနားတဲ့ ကျန်းအိမ်တော်နဲ့ဆို ဆီနဲ့ရေလို ကွာခြားနေတော့တယ်။

ယန်ရှီက သူ့မျက်မှောက်မှာ ကျန်းယွမ်ရှင်းက ကျန်းလီကို ချီးကျူးနေတာမြင်တော့ အတော် စိတ်ပျက်သွားတယ်။ အရင်ကဆို သူ့သမီးက ဒီဘာသာရပ်သုံးခုမှာ ကျန်းအိမ်တော်က သခင်မလေးတွေထဲ အတော်ဆုံးနဲ့ ပထမဖြစ်ခဲ့တာ...ကျန်းယိုရောင်ကကျ သူ့အမေက ငယ်ငယ်ကတည်းက ဗျပ်စောင်းဆရာတစ်ယောက်ကိုခေါ်ကာ အနီးကပ် သင်စေခဲ့တာကြောင့် သူမက ဗျပ်စောင်းမှာ ပိုတော်တယ်။ ကျန်းယွီအာကတော့ ဒီလိုခေါ်မသင်နိုင်ခဲ့ဘူး။ လက်ရေးလှ၊ အတွက်အချက်နဲ့ ယဥ်ကျေးမှုထုံးတမ်းပညာရပ်တွေကကျ ကိုယ့်ရဲ့ အရည်အချင်းအပေါ်ပဲ မူတည်တာ ဖြစ်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now