Ch 76
Part 1
နောက်ဆုံးတော့ မင်ယီကျောင်းတော်ရဲ့အတွင်းအပြင် စာမေးပွဲ ၆ခုစလုံးဟာ အင်တိုက်အားတိုက်စတင် ကျင်းပခဲ့ပြီး ခမ်းခမ်းနားနားနဲ့ပြီးဆုံးသွားခဲ့ပြီ။ ဒီတစ်ခေါက် လူတိုင်းရဲ့ပါးစပ်ဖျားမှာတင်ကျန်ခဲ့တဲ့ နာမည်တစ်ခုကတော့ သေချာပေါက် ကျန်းသခင်မလေး ၂ ကျန်းလီပဲ။ မင်ယီကျောင်းတော်ကို စတင်ဖွင့်လှစ်ကတည်းက ဒီလိုစစ်ဆေးမှုအားလုံးမှာ တစ်ယောက်ထဲ အပြတ်အသတ် ပထမရခဲ့တယ်ဆိုတာက ဒါပထမဆုံးပဲ။ တကယ်လို့ ကျန်းသခင်မလေးက ငယ်ငယ်ထဲက ပါရမီရှင်လေးဆို ဒီလောက်က သိပ်အံ့ဩစရာ မဟုတ်ပေမယ့် သိတတ်စအရွယ်ထဲက တောင်ပေါ်ဘုရားကျောင်းဆီအပို့ခံလိုက်ရတဲ့သူတစ်ယောက်က ဒီလိုအရည်အချင်းရှိတာက လူတွေအားလုံးကို ပိုအထင်ကြီးစေတယ်။
ယန်ကျင်းနေရာအစုံက လောင်းကစားရုံတွေအားလုံး ဒီတစ်ခေါက်စာမေးပွဲမှာအမြတ်အတော်ရလိုက်တယ်။ အကြောင်းအရင်းကတော့ ကျိန်းသေ ကျန်းလီတို့နှစ်ယောက်ရဲ့အလောင်းအစားကြောင့်ပေါ့။ လူအတော်များများက မုန့်ဟုန်ကျင်းဘက်ကလောင်းကြပြီး တချို့တလေကသာ ကျန်းလီဘက်ကအနည်းအကျဥ်း လောင်းခဲ့ကြတာ... ဆိုတော့ အကျိုးအမြတ်တွေအားလုံးက ဒိုင်ဆီရောက်သွားတာကြောင့် လောင်းကစားရုံပိုင်ရှင်တွေက ကျန်းလီကိုအရမ်းချစ်ကြတယ်။ သူတို့နဲ့ဆုံတဲ့လူတိုင်းကို သူတို့ရဲ့ကျေးဇူးရှင်လေး ကျန်းလီအကြောင်းကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အမွှန်းတင်ကာကျန်းလီကောင်းကြောင်းတွေကို ပြောကြတော့တယ်။ ရလဒ်ကတော့ ကျန်းသခင်မလေးရဲ့ နာမည်ဂုဏ်သတင်းက ဒီစာမေးပွဲကြောင့် အများကြီးထိုးတက်သွားတယ်။
ဒီတစ်ခါစာမေးပွဲမှာ ကျန်းသခင်မလေးရဲ့ထူးခြားပြောင်မြောက်လွန်းတဲ့ ဗျပ်စောင်းစွမ်းရည်နဲ့မြင်းစီးမြှားပစ်အရည်အချင်းကို မျက်မြင်တွေ့လိုက်ရတာကြောင့် တခြားသခင်မလေးတွေက ယှဥ်နိုင်စွမ်းမရှိတော့ဘဲ သူမက လူတွေစိတ်ထဲ တစ်ဦးတည်းတောက်ပနေတော့တယ်။ ကျန်းလီကြောင့် ကျန်းယိုရောင်ရော မုန့်ဟုန်ကျင်းရောက လူတွေစိတ်ထဲချောင်ထိုးခံလိုက်ရပြီး မုန့်ဟုန်ကျင်းကိုမှတ်မိကြရင်တောင် သူ့ရဲ့မင်းသမီး ယုံနင်းကိုထိခိုက်စေတာရယ်နဲ့ ယုံကြည်မှုအရှိလွန်နေတဲ့ သူမရဲ့ ပြက်ရယ်ပြုဖွယ် အလောင်းအစားကြောင့်သာ ဖြစ်လိမ့်မယ်။
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...