Part 64

898 94 0
                                    


Ch 64

ကျီရှုးရန်ရဲ့ အပြုံးက တောင့်တင်းသွားပြီး ကျန်းယိုရောင်က အောင့်မထားနိုင်တော့ဘဲ နှုတ်ကလွှတ်ခနဲထွက်သွားတယ်။ "ဘာပြောလိုက်တာ?"

သူမအသံက အင်မတန်ကို ကြောက်ရွံ့ထိတ်လန့်သွားပုံရတယ်။

"နားကြားမှားတာ နေမှာပါ" ကျန်းယွီအာက ရင်ထဲအသည်းထဲကကို မယုံနိုင်ဖြစ်နေပြီး ကိုယ့်ဘာသာရေရွတ်ကာ ခေါင်းခါလိုက်တယ်။ မသိရင် အဲ့လိုလုပ်တာက အမှန်ကိုပျောက်ကွယ်သွားစေနိုင်တဲ့အတိုင်းပဲ။

"သေချာပေါက် နားကြားမှားတာပါ"

"အခုကျွန်မကြားတာ မမှားဘူးဆို လီအာက ပထမအဆင့်ရတယ် ဟုတ်တယ်မလား?"

ပထမဆုံး အမှန်ကိုလက်ခံပြီး တုန့်ပြန်တာကတော့ လုရှီပဲ။ သူမမျက်နှာပေါ်မှာ အပြုံးပန်းတွေဝေလာပြီး ပြောတယ်။ သူမက ကျီရှုးရန်ရဲ့အေးခဲနေတဲ့ အပြုံးဆီ အကြည့်တစ်ခုပစ်လွှတ်လိုက်ရင်း ရင်ထဲမှာ ကြိတ်အူမြူးနေတော့တယ်။ သူက ဟိုးအစကတည်းက ကျီရှုးရန်တစ်ယောက် သူ့အဖေ ဒုအင်ပါယာစစ်ဆေးရေးမှူးရဲ့ အရှိန်အဝါပေါ် မှီခိုပြီး တစ်နေ့တစ်ခြား အိမ်တော်ထဲ ပိုပိုပြီး သြဇာလွှမ်းမိုးလာနိုင်တာကို အမြင်မကြည်ခဲ့တာ ဖြစ်တယ်။ လုရှီက နဂိုထဲက သူ့မာနနဲ့သူ အောက်မကျို့လိုတဲ့သူဖြစ်တာကြောင့် ဂူတစ်ဂူထဲ ကျားနှစ်ကောင် မအောင်းနိုင်ဘူးဆိုသလို သူကလည်း ကျီရှုးရန်ကို သည်းမခံနိုင်ဘူး။ ပြီးတော့ သူမရဲ့သမီးကျန်းယိုရောင်က တစ်နှစ်ပြီးတစ်နှစ် စာမေးပွဲမှာ အဆင့်တွေက ကောင်းသထက်ကောင်းလာတော့ သူတို့ဒုတိယမိသားစုက သူ့သားနှစ်ယောက်ကို တိမ်မြုပ်သွားစေတယ်။ အခုတော့ ကျန်းလီတစ်ယောက် ပေါ်လာပြီး သူမရဲ့ ကြီးမားတဲ့ ခွန်အားကို ရက်ရက်စက်စက် ဖိနှိပ်ချပစ်လိုက်ပြီ။ အဲ့တော့ ရန်သူရဲ့ရန်သူက ကိုယ့်မိတ်ဆွေဆိုတဲ့အတိုင်း သူ့အနေနဲ့ ကျီရှုးရန်ကို ဒီလိုမြင်ရတာ သိပ်ကျေနပ်တယ်။

"လီအာကို ဒီလောက်အရည်အချင်းရှိလိမ့်မယ်လို့တောင် မထင်ထားဘူး" သူမကအခွင့်အရေးရပြီဆိုတော့ တုံ့ဆိုင်းခြင်းမရှိ ကျီရှုးရန်ဆီ တည့်တည့် ဓားတစ်ချောင်းပစ်သွင်းလိုက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now