Part 52.1

1.1K 110 1
                                    


MDD-52.1

စာနာမှု

သခင်မကြီးကျန်းက မေးလိုက်တယ်

"ကျောင်းဆင်းတဲ့အချိန်၊ နင် လမ်းမှာ တစ်ယောက်ယောက်နဲ့ စကားများနေတယ်လို့ ငါ ကြားလိုက်တယ်"

ကျန်းလီက ကျန်းယို့ရောင်နဲ့ ကျန်းယွဲ့အာကို တစ်ချက်ကြည့်ခဲ့လိုက်တယ်။ ဒီလူနှစ်ယောက်က တခြားသူရဲ့ ကံကြမ္မာဆိုးကို မြင်ရတဲ့အခါမှာ နှစ်သက်ကြည်နူးမှုကို ဖုံးကွယ်ဖို့ရာ အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ကြတယ်။ ကျန်းယို့ရောင်နဲ့ ကျန်းယွဲ့အာတို့က ကြိုးစားပြီးတော့ ညစ်ပတ်တဲ့ ရေတွေကို သူမအပေါ် လောင်းချနေခဲ့ကြတယ်။

ကျန်းလီက ပြုံးပြီးတော့ ပြောလိုက်တယ်။

"သခင်မကြီး၊ ဒီစကားကို ဘယ်က ကြားခဲ့တယ်ဆိုတာကို ကျွန်မ မသိခဲ့ဘူး၊ ဒါပေမဲ့ အမှန်တရားက အရမ်း ကွာခြားပါတယ်"

သခင်မကြီးကျန်းက ပြောလိုက်တယ်

"အို၊ အဲ့ဆိုရင် အမှန်တရားကဘာလဲ၊ လာပြီးတော့ ပြောပါအုံး"

ကျန်းယို့ရောင်နဲ့ ကျန်းယွဲ့အာက စကား ပြောချင်ခဲ့ပေမဲ့၊ မပြောရဲခဲ့ကြဘူး။ သခင်မကြီးကျန်းက စည်းကမ်းကို အလေးထားတဲ့ စည်းကမ်းတင်းကြပ်တဲ့ သခင်မကြီး တစ်ယောက် ဖြစ်ခဲ့တယ်။ တခြားသူ စကားပြောနေတဲ့အခါ၊ နှောင့်ယှက်ခွင့် မရှိဘူး။

ကျန်းလီက ပြောလိုက်တယ်။

"ကျွန်မ ကိုယ်တိုင်ပြောတာက မတရားဘူးလို့ အထင်ခံရမှာကို ကျွန်မ ကြောက်မိတယ်။ ဒါကြောင့် အဲဒါကို ကျွန်မရဲ့ အစေခံမိန်းကလေးကို ရှင်းပြခိုင်းပါရစေ။ ပိုင်ရွှယ်ရေ"

ကျန်းလီက ပိုင်ရွှယ်ကို အထဲဝင်လာဖို့ ခေါ်လိုက်တယ်။

ပိုင်ရွှယ်က အထဲကို ဝင်လာတဲ့အချိန်မှာ၊ သခင်မကြီးကျန်းဆီကို အရင်ဆုံး သွားခဲ့ပြီးတော့ အရိုအသေပေးခဲ့လိုက်တယ်။ ကျန်းလီက ပြောလိုက်တယ်

"ဒီနေ့ ကျောင်းဆင်းတော့ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စကို သခင်မကြီးကျန်းကို လျှောက်တင်လိုက်ပါ"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now