Part 72.1

1.4K 126 1
                                    


Ch 72.1

ကျန်းယိုရောင်က စင်မြင့်ပေါ် အေးအေးလူလူ တက်သွားတယ်။ လက်ရှိ ရာသီဥတုက ၈လပိုင်းမို့ နွေလယ်ခေါင်လို့ပြောလို့ရပေမယ့် မနေ့ညက မိုးရွာထားတာကြောင့် လေပြည်က ခပ်အေးအေးတိုက်ခတ်နေပြီး နေလို့ကောင်းတဲ့ ရာသီဥတုမျိုးဖြစ်တယ်။ ကျီရှုးရန်က သူ့သမီးကို အမြင်ရှိရှိဝတ်စားပေးထားတာကြောင့် သူမရဲ့ အသားအရည်နဲ့ ဝတ်စုံအရောင်က ဟပ်နေပြီး ဒီသခင်မလေးက ကြာပန်းလေးလို နူးညံ့စွာ လှပတင့်တယ်နေတော့တယ်။

ပွဲကြည့်စင်က သခင်မတွေအားလုံးက ကျီရှုးရန်ကို မနာလိုတဲ့အကြည့်တွေနဲ့ကြည့်လိုက်ကြတယ်။ ကျီရှုးရန်ကတော့ အပြုံးလေးတစ်ခုနဲ့အတူ ခေါင်းငြိမ့်ပြလိုက်တယ်။ အခြားဖက်က ကျီမိသားစုက သခင်မကြီးတောင် သူ့ရဲ့ ဒီထူးချွန်တဲ့မြေးမလေးအတွက် ဂုဏ်ယူဝင့်ကြွားနေတော့တယ်။ မြေးကတောင် ဒီလောက်တော်နေမှတော့ နန်းတော်ထဲက ကိုယ်လုပ်တော် လီက ဧကရာဇ်ရဲ့ အလေးပေးခံရတာမဆန်းပါဘူးလေ။

ကျိုးယန်ပန်ကလည်း လူအုပ်ထဲမှာ ရှိနေပြီး ကျန်းယိုရောင်က စင်ပေါ်တက်လာကတည်းက တမင်လား မတော်တဆလား မသိ သူ့ဘက်ကိုပဲ မခို့တရို့ ရှက်ပြုံးလေးနဲ့ ကြည့်နေတယ်။ ဒါကိုမြင်တဲ့ သူ့အပေါင်းအပါတွေက စနောက်ကာ ဝိုင်းမြှောက်ကြတော့တယ်။

"ကျန်းသခင်မလေး ၃ လာပြီ!"

သူတို့နှစ်ယောက်ရဲ့ စေ့စပ်မှုကို ယန်ကျင်းတစ်ခုလုံးက သိပြီးသား ဖြစ်တယ်။ ကျိုးယန်ပန်က မတတ်သာဘဲ ပြုံးလိုက်ပေမယ့် သူ့အပြုံးက တောင့်တင်းနေတယ်။ ချစ်စရာကောင်းတဲ့ သူမက ချစ်စရာလေး ဖြစ်နေတုန်းဆိုပေမယ့် သူ့နှလုံးသားက တခြားတစ်နေရာကို ပျံသန်းရောက်ရှိသွားခဲ့ပြီးပြီ။ ကျိုးယန်ပန်က သူ့မျက်လုံးသူ မထိန်းနိုင်ဘဲ ကျန်းလီဘက်ကို အကြည့်ရောက်သွားတယ်။ ကျန်းလီကတော့ ဘေးက လျိုရွှီနဲ့ စကားပြောနေတာကြောင့် သူ့အကြည့်တွေကို သတိမထားမိဘူး။

ရုတ်တရက်ပါပဲ သူ့ရင်ထဲ ချိုမြိန်ခြင်းနဲ့အတူ ခပ်ချဥ်ချဥ်ခံစားမှု အလွှာပါးလေး ခံစားလိုက်ရတယ်။အခုတော့ သူ့မှာ မြင်သာမြင် မကြင်ရတဲ့ဘဝနဲ့ လွတ်တဲ့ငါး ကြီးမှန်းသိအခြေအနေဖြစ်နေတော့တယ်။ ဒီခံစားချက်ကြီးက ရှိရှိသမျှ အရာအားလုံးထက် ပိုခံရခက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now