အခန်း (၃၇.၂)
အောင်ပွဲ
"အစ်ကိုဝမ်းကွဲက ကျွန်မကြောင့်နဲ့ အမေကို မဆန့်ကျင်ချင်တာကို၊ ကျွန်မ ကောင်းကောင်း နားလည်ပါတယ်။ ကျန်းအိမ်တော်က လူတွေအားလုံးက တစ်ခြားအရာတွေရှေ့မှာ ကိုယ့်အန္တရာယ်ကင်းဖို့ကိုပဲ လုံးဝ ဂရုစိုက်ကြတယ်။၊ ကျွန်မလည်း သူတို့ကို အပြစ်မတင်ပါဘူး။ ရှေ့လျောက် ဝမ်းကွဲအစ်ကိုက ကျွန်မနဲ့ အခုလိုမျိုး တရင်းတနှီး မပြောပါနဲ့။ ကျွန်မကတော့ ဒီလို ပုံရိပ်တွေကို စောင့်ထိန်းစရာမလိုတဲ့ ဒီလိုလူတစ်ယောက်ပါ" ကျန်းလီက အလျင်စလို မဟုတ်ဘဲ၊ ဖြည်းဖြည်းချင်း ပြောခဲ့တယ်။
ကျန်းကျင်းရော့ က ဒီစကားလုံးတွေက အလွန်ခံရခက်ပြီးတော့ ဘယ်လို ပြန်ပြောရမလဲကို မသိခဲ့တော့ဘူး။ ကျန်းလီက သူ့ကို သတ္တိမရှိတဲ့ လူလိုမျိုး လှောက်ပြောင်သရော်စွာနဲ့ ပြောနေခဲ့ ပြီးတော့ ခေါင်းကို မရိုက်ရဲရုံဘဲ ရှိနေခဲ့တယ်။ အဆုံးသတ်မှာတော့၊ သူက ငယ်စဉ်ကတည်းက အလိုလိုက်ခံပြီးရတော့ ပျက်စီးနေတဲ့ လူငယ်တစ်ယောက်သာ ဖြစ်နေခဲ့တယ်။ သူက ဒီစော်ကားမှုကို ဘယ်လို လက်ခံနိုင်ခဲ့လိမ့်မလဲ။
သူက ချက်ချင်းပဲ ပြောလိုက်တယ်။
"ငါ သိပါပြီ၊ အရမ်းမနှစ်မြို့တဲ့ပုံနဲ့တော့ မပြောပါနဲ့။ ငါ နောက်ထပ် လာမှာ မဟုတ်တော့ဘူး"
ပြောပြီးတဲ့အချိန်မှာ၊ သူက လက်ဖက်ရည်ခွက်ကို အသံမြည်အောင် ချလိုက်ပြီးတော့ ဒေါသတကြီးနဲ့ ထွက်သွားခဲ့တယ်။
တုန်အာက တုန်လှုပ်သွားခဲ့ပြီးတော့ ငြီးတွားပြောဆိုလိုက်တယ်။
"ဒုတိယသခင်လေးက ဒီလို ရက်စက်တဲ့ စိတ်ထားမျိုး ဘယ်လို ရှိနိုင်ရတာလဲ"
အဲ့ဒီနောက်မှာ သူမက ကျန်းလီကိုကြည့်လိုက်တယ်။
"သခင်မလေးက သူ့ကို ပြောတုန်းက အရမ်းကြောက်နေခဲ့သေးလား"
ကျန်းလီက သူမရဲ့ လက်ဖက်ရည်ခွက်ကို ထိလိုက်တယ်။
"ကျန်းကျင်းရော့၊ ဒီလူရဲ့ မွေးရာပါ အရည်အချင်းက မဆိုးပါဘူး။ တစ်ကိုယ်ကောင်းဆန်ပေမဲ့၊ သွေးအေးရက်စက်တဲ့အထိတော့ တစ်ကိုယ်ကောင်း မဆန်ပါဘူး။ အဲ့လိုမှ မဟုတ်ရင် သူက အရင်တုန်းက ငါ့ကို သတိပေးနေမှာ မဟုတ်ဘူး။ လူသိများတဲ့ မိသားစုကြီးမှာ နေရတာက၊ ဝါသနာတွေက ရှုပ်ထွေးဆန်းကြယ်နေပြီးတော့၊ အရာရာတိုင်းကို စိုးရိမ်ကြောင့်ကြနေခဲ့ရတယ်။ သူ လုပ်ခဲ့ပေးတဲ့အရာကို ငါ နားလည်ပေမဲ့ ငါမကြိုက်ဘူး"

YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...