Part 53.2

1K 101 0
                                    


MDD-53.2

အလည်အပတ်

ဝမ်ဖုန်းခန်းမကနေ အတူတူ ထွက်လာပြီးတော့၊ ကျိရှုရန်က ကျန်းပင်းကျီနဲ့ မကျေမနပ် ဖြစ်နေတဲ့ ကျန်းယို့ရောင်ကိုပါ ခေါ်ဆောင်သွားခဲ့တယ်။ ကျန်းလီက ဖုန်းဖေး ဥယျာဉ်တော်ဆီကို လျှောက်လှမ်းဖို့ အဆင်သင့် ဖြစ်နေခဲ့ပေမဲ့၊ ကျန်းယွဲ့အာရဲ့ စိုက်ကြည့်တာကို ခံခဲ့ရတယ်။ သူမက အေးတိအေးစက်နဲ့ ပြောလိုက်တယ်

"ဒုတိယညီမက တကယ်ကို အရည်အချင်းရှိတာပဲ။ စကားလုံးအနည်းငယ်လောက်နဲ့ အဖွားကို စိတ်ရှုပ်စေပြီးတော့ နောက်ထပ် ဘာကိုမှ ထပ် မပြောစေနိုင်တော့ဘူး"

သူမရဲ့ အပြုံးကို မလျော့စေဘဲ၊ ကျန်းလီက ပြောလိုက်တယ်

"လေးယောက်မြောက် ညီမလေးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"

သူမရဲ့ အပြောအဆိုတွေက ရိုးသားပြီးတော့ သူမရဲ့ အပြုံးက ကျန်းယွဲ့အာရဲ့ လှောင်ပြောင်သံကို မကြားရသလိုမျိုးနဲ့ ဖော်ရွှေနေခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့တော့၊ ကျန်းယွဲ့အာက အရမ်းဒေါသထွက်သွားခဲ့တယ်။

ကျန်းယွဲ့အာက ဒေါကန်ပြီးတော့ စကားမပြောနိုင်ဖြစ်နေတာကိုတွေ့တော့၊ ကျန်းလီက ပိုင်ရွှယ်ကို ခေါ်ပြီးတော့ ထွက်သွားခဲ့တယ်။ သူမရဲ့နောက်မှာတော့၊ ကျန်းယွီယွမ်က ကျန်းယွဲ့အာရဲ့ အင်္ကျီလက်ကို မဝံ့မရဲ ဆွဲထားခဲ့တယ်။ သူမက အသံသေးသေးလေးနဲ့ ပြောလိုက်တဟ်

"ဒုတိယအစ်မတော်ကို အမြဲတမ်းသွားပြီးတော့ ဒုက္ခရောက်အောင် မလုပ်ပါနဲ့ "

"အဝေးကို ထွက်သွား"

ကျန်းယွဲ့အာက ဒေါသတကြီးနဲ့ ကျန်းယွီယွမ်ရဲ့ လက်ကနေ သူမရဲ့လက်ကို လွတ်အောင် ခါယမ်းလိုက်တယ်။ သူမရဲ့ မျက်လုံးထဲမှာ စက်ဆုပ်ရွံရှာတဲ့ အရိပ်အယောင်တွေ ရှိနေခဲ့တယ်

"ငါ့မှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး သတ္တိမရှိ၊ သူရဲဘောကြောင်တတ်တဲ့ အသည်းငယ်တဲ့ ညီအစ်မ ရှိနေရတာလဲ"

အဲ့ဒီနောက်မှာတော့၊ သူမက တော်တော် ကသိကအောက် ဖြစ်သလိုမျိုး ခံစားလိုက်ရတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now