Part 17

3.2K 279 1
                                    

17 01

အခန်း (၁၇)

ကျန်းပင်းကျီရဲ့ စကားက ကျန်းလီကို အနေရခက်သွားစေတယ်။ ဘေးမှာ ရပ်နေတဲ့ တုန်အာက သူ့သခင်မအတွက် အနည်းငယ် ပြန်ချေပချင်ပေမဲ့ အခုချိန်က သူ့လို အစေခံက ဝင်ပါရမဲ့ နေရာမဟုတ်ဘူး။ ကျန်းပင်းကျီက လူတွေကို ကျန်းလီ အရင်က ဘယ်လောက် ကြောက်စရာကောင်းပြီး ရက်စက်တယ် ဆိုတာ သတိပေးခဲ့တယ်။ ကိုယ့်ရဲ့ သွေးသားရင်းချာ ဆွေမျိုးတွေကိုတောင် ထိခိုက်အောင် ကြံစည်နိုင်ခဲ့တဲ့ မိန်းကလေးအနေနဲ့ အဆုံးမှာတော့ လူတွေကို သူ့ကိုကြောက်သွားစေခဲ့တယ်။ ကျန်းလီက ပင်းကျီရဲ့စကားကို မကြားသလိုဟန်နဲ့ မျက်နှာပေါ်က အပြုံးက နည်းနည်းလေးတောင် မပျောက်သွားဘူး။ သူက ကလေးကို မျက်နှာချင်းဆိုင်လိုက်ပြီး ပြောတယ်။

"ဆိုတော့ ဒါက မောင်လေးပေါ့ ဒီကိုပြန်ရောက်တာနဲ့ သူ့ကို သိပ်ချစ်ဖို့ကောင်းပြီး အရပ်တွေတောင် ရှည်နေလိမ့်မယ်လို့ မထင်ထားဘူး"

သူ့ချီးကျူးမှုက ဟန်ဆောင်နေပုံ မပေါ်ပေမဲ့ ကျီရှုးရန်အတွက်တော့ မလိုမုန်းတီးမှုတွေပါတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လို့ဘဲထင်နေတယ်။ သူမက ပါးစပ်မဟခင်ဘဲ ပင်းကျီက အကျယ်ကြီး ထအော်တယ်။

"ဘယ်သူက နင့်ရဲ့ မောင်လေးလဲ နင်က လူသတ်သမားပဲ"

သူ့ပထမစကားကိုတောင် လစ်လျူရှုထားလို့ရသေးပေမဲ့ ဒီဒုတိယစကားကြီးကတော့ အတော်လေး ကြားရတဲ့အခါ နားဝင်ဆိုးတယ် သူက အကျယ်ကြီး ပြောလိုက်တော့ ပိုဆိုးသွားတယ်။ ကျန်းယွမ်ပိုင်ရဲ့မျက်နှာက ပျက်ယွင်းသွားပြီး ပြောတယ်။ "မင်းကို ဒီလိုတွေပြောဖို့ ဘယ်သူ သင်ပေးလိုက်တာလဲ"

ပင်းကျီက ဂုတ်ပုဝင်သွားပြီး ဘာမှ မပြောတော့ဘူး။ ကြည့်ရတာတော့ သူ့အဖေကို အတော် ကြောက်ပုံပဲ။ သခင်မကြီးက သူ့ရဲ့ ကျောလေးကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်တယ်။ သူမက ကျန်းယွမ်ပိုင်ဆီ အကြည့်စူးစူးတစ်ခု ပေးလိုက်ပြီး "သူက ဒီအတိုင်းပဲ ပြောလိုက်တာလေ.. ကလေးတစ်ယောက်ကို ဘာလို့ အဲ့လောက် ဒေါသထွက်နေတာလဲ"

သူက ကျန်းလီဘက် လှည့်ပြီး ခပ်တိုးတိုးပြောတယ်။ "မိန်းကလေးနှစ် မင်းရဲ့ ဦးလေးနဲ့အဒေါ်တွေကို တွေ့လိုက်ဦး"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now