Part 69.2

608 77 1
                                    


အားလုံး ရထားလုံးပေါ် အသီးသီးတက်လိုက်ကြပြီး စစ်ဆေးချက်ပြုလုပ်မယ့် နေရာကိုထွက်ခွာလာခဲ့ကြရာ အမွှေးတိုင်သုံးတိုင်စာ အချိန်ကြာပြီးနောက် သူတို့အားလုံး စာမေးပွဲကျင်းပတဲ့ ကွင်းပြင်ကိုရောက်ရှိခဲ့ပြီ ဖြစ်တယ်။ မင်ယီကျောင်းတော်ရဲ့ စစ်ဆေးချက်အတွက် အသုံးပြုတဲ့ဒီကွင်းပြင်က အရင်မင်းဆက်တုန်းက တိုက်ခိုက်ရေးကိုယ်ခံပညာ လေ့ကျင့်သင်ကြားပေးပြီး အတော်ဆုံးတိုက်ခိုက်သူတစ်ယောက်ကို ရွေးချယ်ဖို့ သုံးခဲ့တာ ဖြစ်တယ်။ နောက်ကျတော့ အရင်ပြည့်ရှင် ဧကရာဇ် ကျုံးမင်းကထီးနန်းဆက်ခံပြီးနောက် တော်ဝင်နန်းတော်ကို ရွှေ့ပြောင်းလိုက်တာကြောင့် ဒီကွင်းကြီးက နှစ်ပေါင်းများစွာ စွန့်ပစ်ခံခဲ့ရတယ်။ ဧကရာဇ် ဟုန်ရှောင်းနန်းတက်တော့မှ မင်ယီကျောင်းကိုတည်ထောင်ကာ ဒီနေရာကို စာမေးပွဲအတွက်အသုံးပြုဖို့ပြောင်းလဲလိုက်တာ ဖြစ်ပြီး အဲ့ထဲက မင်ယီကျောင်းရဲ့နှစ်စဥ် နောက်ဆုံးစစ်ဆေးမှုသုံးခုကို ဒီမှာပဲကျင်းပခဲ့တာ ဖြစ်တယ်။

များပြားလှတဲ့ လူအုပ်ကြီးက ပွဲကြည့်စင်မှာရောက်နေကြပြီဖြစ်ပြီး မျိုးရိုးမြင့်တွေကလည်း မြင်ကွင်းကောင်းတဲ့နေရာတွေမှာ အပြည့်နေရာယူထားကြတယ်။ ဒီနေ့လာတဲ့ မျိုးရိုးမြင့်အများစုက စစ်ဆေးချက်မှာပါတဲ့ သခင်မလေးတွေရဲ့ အဆွေအမျိုးတွေဖြစ်ကြတယ်။ ပြီးတော့ ကျန်းကျင်းရော့ပြောသလို သူတို့သားသမီးတွေအတွက် သမက်လောင်း ချွေးမလောင်းတွေလာရှာကြတဲ့ သခင်ကြီးတွေလည်းအများအပြားရှိတဲ့အပြင် သတို့သမီးလောင်းလာရှာတဲ့ လူငယ်သခင်လေးတွေက ပိုများနေတယ်။

ကျန်းလီရောက်တော့ တခြားသူအများအပြားရောက်နှင့်နေတာကို တွေ့လိုက်ရတယ်။ မဒမ်လျိုဘေးက လျိုရွှီကသူ့ကိုမြင်တော့ အပြေးလေးလာနှုတ်ဆက်တယ်။ ကျန်းလီက သူမလက်ကိုဆွဲကာ မဒမ်လျိုဆီအတူတူသွားပြီး နှုတ်ဆက်လိုက်တော့ မဒမ်လျိုက အရမ်းပျော်သွားပြီး ကျန်းလီကိုပြောတယ်။

"ကျန်းသခင်မလေး ၂က အရင်စာမေးပွဲတွေမှာ ပထမရမယ်ဆိုတာ သိသားပဲ သမီးကို ဂုဏ်ပြုဖို့သိပ်နောက်မကျသေးဘူးမလား ဒီနေ့လည်း ထပ်ပြီးပထမရဖို့ မျှော်လင့်ပါတယ်နော်"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now