အခန်း (၃.၂)
သမီး
ရီကျန့်ကျန့်က ကွယ်လွန်သွားခဲ့ပေမဲ့၊ အမတ်နင်ယွမ်ရဲ့အမွေဆက်ခံသူနဲ့ ကျန်းလီရဲ့ စေ့စပ်မှုက တရားဝင်ဆဲ ဖြစ်နေခဲ့နယ်။ ယန်ကျင်း မှာ မကြေငြာထားခဲ့ပေမဲ့၊ လက်ထပ်စာချုပ်ရဲ့ မျက်မြင်သက်သေတွေပါ ရှိနေခဲ့တယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သီလရှင်တစ်ပါးက ထမင်းနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ဖို့ သီလရှင်ကျောင်းငယ်လေးကို လာခဲ့တယ်။ အမတ်နင်ယွမ်ရဲ့ အမွေဆက်ခံသူ နဲ့ ကျန်းမိသားစုရဲ့ တတိယ သခင်မလေး ကျန်းယို့ယောင်က စေ့စပ်လိုက်ကြပြီဆိုတာကိုပါ သူမက ပြောပြလိုက်တယ်။
ကျန်းလီက ရုတ်တရက် အံ့အားသင့်သွားခဲ့တယ်။
အမတ်နင်ယွမ်ရဲ့ အမွေဆက်ခံသူနဲ့ ကျန်းလီတို့ စေ့စပ်ခဲ့တယ်။ဆိုတာက ထင်ရှားနေခဲ့တယ်။ အခုက ကျန်းယို့ယောင်နဲ့က ဘယ်လို ဖြစ်သွားသလ။ ကျန်းလီမှာက ဒေါသကြီးပြီး ရက်စက်ကြမ်းကြုတ်တတ်တဲ့ စရိုက် ရှိခဲ့တယ်။ သူမက ယန်ကျင်းကို ပြန်လာချင်ပြီး ရှင်းပြတာကို လိုချင်ခဲ့တယ်။
အခုအချိန်မှာ ယန်ကျင်းက လူတွေက ကျန်းမိသားစုရဲ့ တတိယ သခင်မလေးကိုသာ သိခဲ့ကြပြီး ကျန်းမိသားစုရဲ့ ဒုတိယ သခင်မလေးက ဘယ်သူဆိုတာကို မသိခဲ့ကြဘူး။ သိကြတဲ့သူတွေကလည်း၊ သူမရဲ့ မောင်လေးကို အန္တရာယ်ပေးတဲ့ သမီးအဖြစ်သာ ရှိနေခဲ့တယ်။ ဒီလိုလူမျိုးဖြစ်တဲ့ သူမက အမတ်နင်ယွမ်ရဲ့ အမွေဆက်ခံသူနဲ့ ဘယ်လို လိုက်ဖက်နိုင်မှာလဲ။ အမတ်နင်ယွမ်ရဲ့ အိမ်တော်ကလည်း ကျန်းလီနဲ့ စေ့စပ်ကြောင်းလမ်းဖို့ ဆန္ဒမရှိခဲ့တဲ့ပုံပေါ်ခဲ့တယ်။ မဟုတ်ရင် တတိယသခင်မလေးကျန်းရဲ့နေရာမှာ ဒုတိယသခင်မလေး ကျန်းကို အစားထျုးဖို့ သဘောတူကြမှာ မဟုတ်ဘူး။
အိမ်ပြန်ချင်လို့ ဆူညံစွာ အော်ဟစ်နေတဲ့ ဒုတိယသခင်မလေး ကျန်းကို အမျိုးသမီးကြီးက ရယ်မောလှောင်ပြောင်ခဲ့တယ်။ အဆုံးသတ်မှာ အမတ်နင်ယွမ်ရဲ့ အိမ်တော်က ရွေးချယ်စရာမရှိခဲ့ဘဲ၊ ကျန်းလီကို လက်ထပ်ခဲ့ရင်တောင်မှ၊ သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာမဟုတ်ခဲ့ဘူးလို့ သူမက ဟာသလုပ်ပြောတယ်။ အဲဒီအစား၊ သူတို့က သူမကို စက်ဆုပ်ရွံရှာလာဖို့က ပိုပြီး ဖြစ်နိုင်လာလိမ့်မယ်။

YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...