Ch 75
ပြိုင်ကွင်းကကြီးလွန်းလို့ လူ ၆ယောက်မြင်းကိုယ်စီနဲ့ ဘေးချင်ယှဥ်ရပ်လို့တောင် ရတယ်။ သူတို့ပြေးလမ်းက စက်ဝိုင်းပုံမို့ စမှတ်က နောက်ဆုံးအဆုံးသတ်မျဥ်းလည်းဖြစ်တယ်။ ပစ်မှတ်စက်ဝိုင်းတွေက အဆုံးသတ်မျဥ်းနားမှာ သေသပ်စွာအတန်းလိုက်ရှိနေကြပြီး ထိုအပေါ်မှာစိုက်နေတဲ့မြှားတွေလည်းရှိသလို အောက်ကျနေတဲ့မြှားတွေလည်း အများအပြားပဲ။ အဲ့နားမှာ တာဝန်ရှိကောင်လေးတစ်ယောက်က အယောက်စီတိုင်းရဲ့ ရမှတ်တွေကို စာအုပ်လေးထဲချမှတ်နေတယ်။ ပြီးတော့ မြင်းကအရိုင်းမို့ထိန်းမရဘဲ တစ်ယောက်ယောက်များမြင်းပေါ်က ပြုတ်ကျတာမျိုးက အသေးအဖွဲကိစ္စမဟုတ်တာကြောင့် ဒီသခင်မလေးတွေရဲ့ လုံခြုံမှုအတွက် စိတ်ချရအောင် ပြိုင်ပွဲဝင်တိုင်းရဲ့မြင်းတွေအားလုံးကို ခွန်းလျိုကစီစဥ်ပေးထားတာမို့ သူတို့က လူယဥ်ကြတယ်။
ကျန်းလီရဲ့မြင်းက အညိုရင့်ရောင်ဖြစ်ပြီးသိပ်ထူးထူးခြားခြားကြည့်စရာ ဘာမှမရှိဘူး။ ထိုမြင်းက ခေါင်းငုံ့ကာ မြက်တွေဝါးနေတယ်။ ကျန်းလီက သူထုန်ရှန်းမှာရှိစဥ်က သူ့မောင်လေးနဲ့အတူမြင်းစီးကြတဲ့အချိန်လေးတွေကို ပြန်သတိရသွားတာကြောင့် မြင်းကြီးရဲ့လည်ပင်းကို ပွတ်သပ်ပေးလိုက်မိတယ်။ သူရဲ့အသေးအဖွဲအပြုအမူလေးက တခြားသူတွေမျက်လုံးထဲရောက်သွားတော့ သူတို့က ဝေခွဲမရဟန်နဲ့ "ကျန်းသခင်မလေး ၂ကဘာလုပ်နေတာလဲ? သူမြင်းဘယ်လိုစီးရမလဲ မသိလို့ ရင်းနှီးအောင်အဲ့လိုလုပ်နေတာလား?"
"ဘယ်လို ဟာသလဲ? မြင်းတွေအားလုံးက မြင်းတပ်ကသေချာ လေ့ကျင့်ပေးထားတဲ့မြင်းတွေချည်းပဲ ရင်းနှီးအောင်လုပ်လုပ် မလုပ်လုပ် အကုန်အတူတူပဲ ဒါပေမယ့် ကျန်းသခင်မလေးက တကယ်သာမန်လူဖြစ်လိမ့်မယ် သူ့အပြုအမူကလေ့ကျင့်ဖူးတဲ့သူတွေနဲ့တော်တော် ကွာခြားနေတယ်"
ကျန်းလီက ထိုလူတွေပြောတာ ဘာတစ်ခုမှမကြားဘဲ သူကမြင်းရဲ့ခေါင်းကို ဖြည်းဖြည်းလေး ပွတ်သပ်ပေးလိုက်တယ်။ ဆန့်ကျင်ဘက်က မြင်းကြီးကတော့ ကြောင်အသွားပြီး ကျန်းလီနားတိုးမလာတော့ဘူး။ ကျန်းယိုရောင်က ဒါကိုမြင်တော့အထင်သေးသွားတယ်...သူက ကျန်းလီတစ်ယောက် မြင်းစီးတာကိုတကယ်မသိနားမလည်ဘဲ အခုထိမြှားကျည်တောက်ကိုတောင် မတပ်သေးဘူးလို့တွေးထင်သွားတယ်။ ကျန်းယွီအာကလည်းတွေ့တော့ ကျန်းလီကအရင်ဟာတွေလို ဒါကိုကျွမ်းကျင်မှုမရှိဘူးထင်ပြီး စိတ်အေးသွားတယ်။ မဟုတ်လို့ကတော့ ကျန်းလီသာဒီတစ်ခေါက်လည်း အတော်ဆုံးဖြစ်သွားကြည့်...သူ့ရင်ထဲက မနာလိုမကျေနပ်တာတွေကို သူကိုယ်တိုင်မထိန်းနိုင်ဘဲ ပွင့်ထွက်လာမှာတောင် ကြောက်ရတယ်။
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...