28 01
အခန်း (၂၈)
ကျန်းလီက ဟောခန်းထဲကအမျိုးမျိုးသော အကြည့်တွေကိုရင်ဆိုင်ရင်း ဘာမှမဖြစ်ခဲ့သလိုနဲ့ ဆက်လျှောက်လာတယ်။ သူမခြေလှမ်းတွေက ရွှင်မြူးကာ လွတ်လပ် ပေါ့ပါးတယ်..မသိရင် ငယ်ရွယ်နုနယ်တဲ့ သခင်မလေးတစ်ယောက် ပျော်ရွှင်စွာနဲ့ ပန်းကောက်ထွက်လာသလိုပဲ။
သူမက ကျန်းယို့ရောင်ရဲ့ ဘေးကိုလျှောက်လာပြီး အပြုံးနဲ့အတူ ပြောလိုက်တယ်။
"ညီမလေး ၃ မွေးနေ့ကို ဂုဏ်ပြုပါတယ်နော်"
ပြီးနောက် သူက စင်ပေါ်မှာ ရှိတဲ့ ကျန်းယွမ်ပိုင်တို့ဘက်လှည့်ကာ နောင်တရသလိုပြုံးရင်း ပြောတယ်။
"အခမ်းအနားက ဘယ်မှာလုပ်မှန်းမသိတော့ တစ်ယောက်ယောက်ကို လမ်းပြပေးစေချင်ပေမဲ့ ဒီနေ့အားလုံးက အလုပ်ရှုပ်နေကြပြီး အိမ်တော်ထဲ ဘယ်သူမှ မအားလပ်ကြတော့ ကိုယ့်ဘာသာလမ်းရှာရင်း အချိန်တွေအများကြီး ကုန်သွားရတယ် အဖေနဲ့အမေ ကျန်းလီကို စိတ်မဆိုးပါနဲ့"
ဒါကိုကြားတော့ ဘေးနားက လူတွေက ချင့်ချိန်တွေးတောလိုက်ကြတယ်။ ဒီလိုကြီးကျယ်တဲ့ အိမ်တော်ကြီးမှာ ဘယ်လိုလုပ်လူမလောက်ဘဲနေမှာလဲ ကျန်းလီ ဘယ်သူမှ ရှာမရဘူးဆိုတာက သေချာပေါက် တစ်ယောက်ယောက်က တမင်တကာ သူမကိုခေါ်မသွားပေးဖို့ လုပ်ထားတာရှင်းနေတာပဲ။ ဒါမှ သူမကပွဲတက်နောက်ကျပြီး အားလုံးရဲ့ အလှောင်ပြောင်ခံရအောင် စီစဉ်ထားတာကလွဲ ကျန်တာ မဖြစ်နိုင်ဘူး။ သူတို့ကအဲ့လိုတွေးပြီးတော့မှ နေပါဦး.... သူဘာပြောလိုက်တာ ကျန်းလီ
အဲ့-အဲဒါ ဟိုကိစ္စလုပ်ခဲ့တဲ့ ဒုတိယ ကျန်းသခင်မလေး
ပွဲလာကြတဲ့ သူတွေအားလုံးက မျိုးဆက်အရ ကျန်းလီထက်ကြီးရင်ကြီး မဟုတ်ရင် သူမနဲ့ရွယ်တူ ငယ်တဲ့သူတွေချည်းပဲ။ ငယ်တဲ့သူတွေက ကျန်းလီကို တစ်ခါမှ မမြင်ဖူးပေမဲ့ လူကြီးတွေကတော့ မြင်ဖူးကြတယ်.....ဒီထက်အများကြီး ပိုငယ်တဲ့ ကျန်းလီလေးကိုပေါ့။ ယန်ကျင်းက လူအများစုက ကျန်းသခင်မလေးနှစ် ရဲ့အသွင်ကို များသောအားဖြင့် စိတ်ကူးနဲ့သာ ပုံဖော်ကြတာဖြစ်တယ်။ ထိုလူတွေပြောစကားအရ သူမဟာ ရက်စက်ကြမ်းကြုတ်တဲ့ပုံ မဟုတ်ရင်တောင် အကြင်နာမဲ့သုန်မှုန်နေမှာပဲလို့ ထင်ခဲ့ကြပေမဲ့ သူတို့ အရှေ့က ထိုမိန်းကလေးက သိပ်ကိုဖြူစင်သိမ်မွေ့လွန်းနေတယ်။ ဒီလိုမိန်းကလေးတစ်ယောက်က ဒီလိုရက်စက်တဲ့လုပ်ရပ်မျိုး လုပ်လိမ့်မယ်ဆိုတာ စိတ်ကူးနဲ့တောင် တွေးလို့ မရဘူး။
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...