သူမ အလတ်ပေါင်ပေါ်ထိုင်နေသော ရွှေရောင် ယုန်လေးတစ်ကောင်ဖြစ်နေသည် အိပ်မက်မက် လူလေးက queen အခန်းထဲ အိပ်ပျော်နေရာမှ လှုပ်နိုးသွားလေတော့ သူကလည်း သူမနောက်မှ သိုင်းဖက်အိပ်ပျော်နေရာမှ လိုက်နိုးသွားရရင်း
'မ ! ဘာဖြစ် ? မဟုတ်မှ အိပ်မက် မက်တာလား ?'
'ဟင် ! ဟုတ်။ဒါပေမဲ့ ဘာမှမဟုတ်..'
'ဟပ် မောင်က ဘာမေးနေသေးလို့လဲ ? မ' ဒီထဲ အိပ်မက် မက်တာကောင်းတယ်လို့။ဒါမှ မ' က ဒီထဲက စာအုပ်တွေထဲ သွားလာနိုင်မှာ။
အိပ်မက်ထဲ မ' က ဘာကောင်လေး ဖြစ်နေလဲ ?'
သူမ မဖြေချင်လဲ
' ယုန် ယုန်လေး။ရွှေရောင်လေး။'
'ဟာ ဟ !! ဒါကောင်းတာပေါ့အမရဲ့။ရွှေရောင် ယုန်လေးဖြစ်ရတာ..
အမကြည့်ပါလား ရှေးပုံပြင်တွေထဲမှာ ယုန်လေးတွေက နေရာကောင်းမှာနေရတာလေ။ ကြည့် မ' မြင်နေရတဲ့ လ' ပေါ်မှာ..
နောက် ယုန်က လ' နတ်သမီးလေးတွေရဲ့ သင်္ကေတတဲ့။ဘယ်လောက် လာဘ်ကောင်းလိုက်သလဲ ?'
'ဒါပေမဲ့ ယုန်လေးတွေက အရမ်းကြောက်တတ်ပြီး အားနဲတဲ့သူတွေလေ။နောက် အမကလည်း Queen ဖြစ်ဖို့ သတ္တိမရှိဖူး။'
'ဟား ဘာများလဲလို့။ မ' သတ္တိမရှိလဲ ကြောက်တတ်လဲ ဘာဖြစ်သလဲ။မောင်က မ' ဘေး အမြဲရှိ ကာကွယ်ပေးနေမှာပေါ့။ဒီလိုပဲ အမြဲကာကွယ်ပေးနေတာပဲလေ။အမ မသိဘူးမဟုတ်လား မောင့် ရွှေယုန်လေးရဲ့။'
'ဟွန်း ဒီလိုပြောလဲ ခုရက်ပိုင်း အနားမရှိတာ သိပါတယ်နော်။'
သူမ ငြူစူမိရတော့ သူက သူမတိုးဖက်လိုက်ရင်း
'ခုရက်ပိုင်း ဝင်္ကပါအပေါ်မှာ အခွံလွတ်တွေပြန်ထွက်လာလို့ပါ။ဒီအခွံလွတ်တွေကလဲ ဘယ်လောက်ထွက်ရှင်းရှင်း ကုန်ပဲမကုန်နိုင်ဘူး။ဘာလဲ အကိုက မ' မခံနိုင်တော့တဲ့အထိ လုပ်လိုက်လို့လား။ဒါမှမဟုတ် သူ့အိပ်မက်တွေထဲအထိ မ' ဆွဲခေါ်သွားလို့လား ?'
'ဒီ ဒီလိုတော့ မဟုတ်..'
'မောင် မ' ကို အကိုနဲ့ အတော် စိတ်ချရမှ ထားသွားခဲ့တာပါ။ဒါပေမဲ့ မ' တစ်ခုခုဆိုရင် မောင့် တ' လိုက်တာနဲ့ ရောက်လာမယ် ပြောခဲ့တယ် မဟုတ်လား။
ဒါပေမဲ့ မဟုတ်မှ မ' က တ' လိုက်လဲ မောင်က ရောက်မလာခဲ့လို့လား။ဒီလိုဆို တောင်းပန်ပါတယ်နော်။မနေ့တနေ့က ..'
သူက ပြောမလိုလုပ်ရင်း ရပ်တံ့သွားတော့ သူမ သူ့စိတ်ဝင်စားကြည့်မိ၍ သူက မပြောရန်ကြံထားလဲ
'အမွှာထဲက တစ်ယောက် အခွံလွတ်တွေလက်ထဲ ပါသွားလို့ လိုက်ကယ်ရသေးတယ်..'
'ဟင် !! ဘယ်သူလဲ မေသက်လား မေခက်လား ? သူတို့က ဘာလို့ စာဖတ်ခန်းထဲ မနေ အပြင်ထွက်ကြရတာလဲ ?'
သူက သူမအမေးကြောင့် ငိုင်ဆင်းကျသွားရင်း
'အမှန်တော့ မောင် လိုအပ်သွားတာပါ။ကိုယ့်ကို ယုံကြည် ကိုယ့်ကမ္ဘာထဲ လာနေတဲ့သူတွေကို လုံလောက်တဲ့ ထောက်ပံ့မှု့တွေနဲ့ ကာကွယ်မှု့တွေ မပေးနိုင်ခဲ့လို့ ဒီလိုလစ်ဟာသွားရတာ။
သူတို့က စာအုပ်ခန်းထဲအစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတစ်ချို့လိုလို့ လိုက်ရှာကြတာတဲ့လေ။မောင့်လည်း ပြောမသွားကြဘူး။
Zeta ,Thetaတို့နဲ့ မိန်းမချင်းတွေစု ထွက်သွားကြတာ။အခွံလွတ်တွေနဲ့တွေ့တော့ မေခက်ပါသွားတယ်..'
'ဘယ် ..ဘယ်လိုဖြစ်သွားလဲ ? rape အလုပ်ခံလိုက်ရလား ဒါမှမဟုတ်..'
'ဘာမှမဖြစ်လိုက်ပါဘူး မ' ရဲ့။ Gamma က သူတို့ထွက်သွားတာ သိသိချင်း နောက်ကလိုက်သွားလို့ အချိန်မှီ ကယ်လိုက်နိုင်တယ်လေ။ ဒါပေမဲ့ ခမျာ မတရားတော့ အကြောက်လွန် သွားရှာတာပေါ့။
ဒါပေမဲ့ ခုတော့ ပြန်ကောင်းသွားပါပြီ။'
'မောင် မကောင်းဘူး။ မ' ကို ခုမှ ဒီအကြောင်းပြောပြတယ်။ မ' ကို အပေါ်ပြန်ခေါ်သွားပေး။
မေသက်တို့ ညီအမက မ' အတွက် ဘယ်လိုမိန်းကလေးတွေလဲ။သူတို့က မ' အတွက် ညီမရင်းတွေလိုပဲ။'
သူမ စိတ်ပူ သူ့စူပုပ်ပြောကာနေလေတော့ သူက
'အေးပါကွာ အေးပါ။ခုတော့ မောင်လဲ ပင်ပန်းလာလို့ ခဏ နားပါရစေဦး။မောင်လဲ ဘယ်လောက်များတဲ့ အခွံလွတ်တွေနဲ့ ရင်ဆိုင် တွေ့ခဲ့ရမယ် မ'ထင်နေလို့လဲ။
တကယ် အများကြီးနော်။မောင့် ဘေးပတ်လည် ပရွက်အုံလိုအများကြီး ဝိုင်းနေတာ။မောင် အဲ့ထဲက ဘယ်လိုပြန်ထွက်ခဲ့ရတယ် ထင်နေလို့လဲ ?
နောက် မောင်က မ'ကြောင့် ကျောမှာဒဏ်ရာ ရထားတာလေ။
သူတို့စိတ်ပူမနေပဲ မောင့်ကိုပဲ စိတ်ပူ။'
'လုပ်လာပြန်ပြီ။မောင်က ဘာဖြစ်လာလို့လဲ။နောက် ဘာဖြစ်မှာမို့လဲ။မောင်က အမတ လူပဲဟာ။နောက်မောင့် ဒဏ်ရာကလဲ ပြန်ကောင်းနေပြီပဲဟာ။အပေါ်သာ မ' ပြန်လိုက်ပို့ပေး။
မောင်ပဲပြောခဲ့တယ်။ မ' အပေါ်ပြန်သွားချင်ရင် မောင့် အချိန်မရွေးပြောဆို။'
သူ့ဒီလို အတင်းပူဆာမိရတော့ သူက
'အင်းပါကွာ။ အင်းပါ။ မ' သွားချင်ရင် မောင်ပြန်ခေါ်သွားပေးမှာပေါ့။ဒီလောက်ပြောနေစရာမလိုပါဘူး။ခုတော့ ခဏ မောင့်အနားပေး။'
သူက ပြန်လှဲလိုက်လဲ သူမ စိတ်ပူ မပျောက်နိုင်ဖြစ်နေတာကိုပင် စိတ်ပျက်သလိုကြည့်
'ကဲ ဒါကြောင့် မ' ကို ပြောမပြချင်တာ။မ' ဒီလို စိတ်ပူနေမှာစိုးလို့။ဘာမှမဖြစ်တော့ဘူး။ဟိုမှာက Gamma နဲ့ ဇာတ်လမ်းတွေတောင် ဖြစ်သွားကြပြီ။ Gamma က ညီအမနှစ်ယောက်စလုံးနဲ့တဲ့လေ။တော်ကြာနေ gamma က သူတို့ ဒီ ခေါ်ရင်တောင် ခေါ်လာခဲ့တော့မှာ။
gamma ကို လူတိုင်းက အားကျနေကြတယ်။ဒီကောင်က ရှက်တတ်လွန်းလို့ mate တစ်ယောက်တောင် မရှိ နေခဲ့ရလည်း ခု ရမဲ့ရတော့ နှစ်ယောက်တဲ့။
ဟားဟ ဒီကောင့် ကုသိုလ်ကံကတော့ ဟဲ ..
.. မောင်တောင် သူ့ ..'
သူမ သူဘာထပ်ပြောမည်သိ စိတ်ကလေးပင် တိုလာမိရလျက်
'ဟင် !! တော်ပြီ တော်ပြီ။ထပ်မကြားချင်တော့ဘူး။တက်လဲ တက်မကြည့်ချင်တော့ဘူး။ခေါ်သွားမပေးနဲ့တော့။'
'ဟားဟား ငါ့အမကလဲလေ။သူများ jealous ဝင်တာလေးကလဲ ချစ်စရာ စွတ်ကောင်းနေရောပဲ။လာပါဦး ချစ်ချင်သေးလို့။'
'ဟင် !! ဘာမှ ထပ်ပြောမနေနဲ့။လာလဲ မလာချင်ဘူး။သွားတော့မယ်။မောင် ဒီလောက် အိပ်ချင် အိပ်ကျန်ခဲ့ဦး။'
သူမ ကုတင်ပေါ်မှပင် ဆင်းမလိုလုပ်တော့ သူက သူမခါးသိမ်လေး ဆွဲဖက်လိုက်ကာ
'ဟားဟား အမကလဲဗျာ လာပါဦး။ဟ!! ကျွန်တော့် အမောပြေလေး။ကျွန်တော်က ဘာပြောသေးလို့လဲ။ဒေါကြီးပဲ။ကျွန်တော်က အမနှစ်ယောက်လိုချင်တယ် ပြောနေလို့လား။
ဒီတစ်ယောက်နဲ့တင် လုံလောက်နေပါပြီဗျာ။နှစ်ယောက်မလိုဘူး။တအားချစ်စရာကောင်းနေလွန်းလို့။နှစ်ယောက်ရှိနေရင်တောင် ဒီကောင် မ'တို့ကြား ဘယ်လောက်များ ဗြာများလိုက်ရမလဲလို့။'
'ဒါဆို ဝတ္ထုထဲက ရှင်းဆီမလာခဲ့နဲ့။'
'ဟောဗျာ ! အမ မကြိုက်လို့လား ? မောင်က အဲ့ဒီလိုလာရင် မ' ကြိုက်မယ်လို့ပဲ ထင်နေတာ။ဘာလဲ ဝတ္ထုထဲက ရှင်းလေးကိုလဲ အမ Jealous ဝင်နေပြီလား။မတော် မောင်နဲ့ဖြစ်သွားမှာ ကြိတ် စိုးရိမ်နေတာလား ?'
'ဒီ ဒီလိုတော့ မဟုတ်ပေမဲ့..'
မျက်လှည့်ဆရာလေးက သူမပင် အတန် စိုက်ကြည့်လိုက်ရင်း ခဏနေပြုံး သူမပင်ပွေ့ဖက်လိုက်ကာ
'ဟား မွှေးလိုက်တာ။ငါတို့ ရွှေယုန်လေး ဘာတွေများလိမ်းလာခဲ့လို့လဲ ?'
'ဟင် !! ဘာမှမလိမ်းခဲ့ပါဖူး။ ဒါပေမဲ့ ခုန မောင်ယူလာပေးတဲ့ အမွှေးရည်နဲ့ ရေချိုးလိုက်တာ။တကိုယ်လုံး ကြောင်စော်တွေ နံနေတယ်ထင်လို့။'
သူက သူမပင် ဖက်နေရာမှ မော့ကြည့်လိုက်ရင်း
'ကြောင်နံ့ နံနေရအောင် ကြောင်တွေအများကြီးနဲ့တွေ့ခဲ့ရလို့လား ? မဟုတ်မှ !!'
'အင်း ဒီနေ့ အလတ်က အကြီးအခန်းထဲ ခေါ်သွားပြတယ်။'
သူမပြောတော့ သူက သူမစိုးရိမ်ကြည့်ရင်းပင်
'အကြီးအခန်းသွားတာ သဘောမကျဖူး မဟုတ်လည်း သူတို့နဲ့ မ' ဒီလောက်ရင်းနှီးလာတာ မောင်သဘောမကျဘူး။'
'ဘာလို့လဲ မောင်ရဲ့။အလတ်တို့ ညီအမတွေက ကောင်းကြပါတယ်။အကြီးနဲ့ အငယ်ကို အလတ်လောက် မသိသေးပေမဲ့ သူတို့က အများထင်သလို ဆိုးတဲ့ ညီအမတွေ မဟုတ်ကြပါဖူး။'
ဆိုနေ၍ သူလည်း သက်ပြင်းချ သူမပင် ငေးကြည့်နေလေတော့သည်။
![](https://img.wattpad.com/cover/371319178-288-k773886.jpg)
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။