Maze အပိုင်း ၈၁။ 🖊️
**အထူးကျေးဇူးတင်လွှာ**စာရေးသူသည် စာရေးသူအပေါ် ဂရုစိုက်ပြီး၊စေတနာ မေတ္တာအပြည့်အဝထားပြီး စာရေးသူ၏ ဝင်္ကပါကို ဖတ်ရှုအားပေးနေကြသော စာဖတ်ပရိသတ်များကို ကျေးဇူးမတင်ပဲ မနေနိုင်သည့်သူ ဖြစ်သည်။
စာရေးသူကို တောက်လျှောက် အားပေးနေသူများကို အလွန်ကျေးဇူးတင်စိတ်ဖြစ်မိသလို ထိုအထဲ စာရေးသူအား Comment ကောင်းလေးတွေရေးပြီး အားပေးနေသူများအားလည်း အထူးကျေးဇူးတင်မိသည်။
စာရေးသူ၏ စာဖတ်ပရိသတ်များသည် အလွန်အေးဆေးသူများ ၊စိတ်ကောင်းနှလုံးကောင်း ရှိသူများဖြစ်ပြီး စာရေးသူ၏ စာများတွင် လိုအပ်ချက်များ စိတ်သဘောမကိုက်ညီမှုများ အနဲနှင့် အများ ရှိမည်မှန်လည်း စာရေးသူအပေါ် ညှာတာစိတ်နှင့် အပြစ်အနာအဆာများ ရှာကြံ မရေးသားကြပဲ မပြောကြားကြပဲ မလှောင်ပြောင်ကြပဲ စာရေးသူ အားမလျှော့အောင်သာ ပုံမှန် vote ပင်ပေး အားပေးနေကြကြောင်း စာရေးသူက နားလည်ထားသည်။
ဝင်္ကပါ ဝတ္ထု စတင်ချိန်မှစ ယခုထိ စာရေးသူ၏ ဝတ္ထုကို ကြိုက်ကြောင်း သဘောကျကြောင်း ဆက်ရေးသားပေးပါကြောင်း စသည်ဖြင့် comment လေးများ ရရှိခဲ့ပြီး ဒီအထိ ဆက်ရေးရန် အားဖြစ်စေခဲ့၍ ဒီလို comment လေးတွေရေးပေးသော စာဖတ်သူများအား စာရေးသူက အမြဲအမှတ်တရ ဖြစ်နေပြီး ကျေးဇူးတင်စိတ်လည်း အမြဲဖြစ်နေရပါသည်။
ထိုအထဲ ယခု အထူးတလည်ပင် ဖော်ပြ ကျေးဇူးတင်မည့် စာဖတ်သူ ၅ဦးကတော့ comment ကောင်းလေးတွေပေးပြီး စာရေးသူအား ချီးကျူးသူ၊ အားပေးသူ၊ တွန်းအားပေးသူ၊ ဆုတောင်းပေးသူ နှင့် စာရေးသူ၏ စိတ်ကို တည်ငြိမ်စေသူများဖြစ်သည်။အကြောင်းက ခုရက်ပိုင်း စာရေးသူထံ ရေးသားထားသည့် ဝတ္ထုအပိုင်းလေးများ ဖတ်ပြီးတိုင်း vote ပေးသလို တစ်ချို့ အပိုင်းများတွင်လည်း comment ကောင်းလေးများ ရေးပေးတတ်သော စာဖတ်သူကောင်းတစ်ယောက် ရရှိလိုက်၍ စာရေးသူက အလွန်ပျော်ရွှင်မိသည်။
တစ်ဦးနှင့်တစ်ဦး စကားကောင်းလေးတွေပြောရန်ပင် အလွန်တွန့်တိုနေကြသော ခက်ခဲနေကြသော အစရှာမရ ဖြစ်နေကြသော ခုခေတ်လူသား လူ့သဘာဝတွေကြားထဲ တွေ့ရခဲသော စိတ်စေတနာကောင်း ရှိသူ၊အားပေးတတ်သူ ဖြစ်ပါသည်။
သူက စာရေးသူ ဖန်တီးထားသည့် ဝင်္ကပါသည် သူ့အတွက် attraction ရှိပြီး ထိုမှ confuse, anger, enjoy,funny & sorrow ကို ခံစားရသည်ဟု ဖော်ထုတ် ရေးသားပေးထားသည်။နောက် စာရေးသူ စာများက crude of humanity ကို ဖော်ပြနေပြီး သူကလည်း ဒါကိုသိမြင်ခံစားရသည်၊ ကြိုက်လည်း ကြိုက်နှစ်သက်သည် ဟု ရေးသားထားသည်။
ဒီလို သေချာပင် ဖော်ပြအားပေးထားသည့်အတွက် အထူးဝမ်းသာ ကျေးဇူးတင်မိပါသည်။ စာရေးသူ ပုံဖော်ရေးသားထားသည့် ဝင်္ကပါထဲ စာဖတ်သူက သွားလာနေရင်း စာရေးသူ မြှုပ်နှံထားသည် mysterious box လေးတစ်ခုကို တွေ့ရှိ ဖွင့်မိသွားပြီ ဖြစ်ပါသည်။
ဝင်္ကပါထဲ၊ ဝင်္ကပါ၏ အတော်များများ ထောင့်လေးတွေထဲ စာရေးသူ လျှို့ဝှက် ထည့်ထားအပ်သည့် mysterios box အတော်များများလည်း ရှိပါသေးသည်။ဆက်လက်၍ သွားလာနေရင်း ပျော်ရွှင်စွာ ခံစား ရှာဖွေ ဖတ်ရှုပေးပါဦး ဟု။
ဒါပေမဲ့ စာဖတ်သူက ထို mystery box အသစ်လေးများထဲမှ စာရေးသူ ထည့်ထားသည့် အကြောင်းအရာသစ်များ ထပ်မံတွေ့ရှိ ဖွင့်မိပါက ဒီလိုပင် တစ်ခြားသူများသိအောင် စာရေးသူကိုယ်စား ဖော်ထုတ်ဖွင့်ဆိုပြစေချင်လည်း တစ်ချို့ အကြောင်းအရာလေးများကိုတော့ စာရေးသူအတွက် လျှို့ဝှက်ထားပေးပါဦး ဟု။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Siêu nhiênlove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။