အပိုင်း ၇၆

137 6 0
                                    

              သူမ အလုပ်ချိန် အလတ်အခန်းမှာပင်ရောက် သူ့အတွက် အပေါ်ဝတ်အင်္ကျီပင် မြန်မြန်ပြီးအောင် အာရုံစိုက်ထိုးနေမိသည်။အလတ်က သူမနှုတ်ဆိတ်နေတာကြောင့် သူမပင်လှမ်းကြည့်
          'သကြားခဲလေး သိပ်နေမကောင်းသေးရင်လည်း သွားနားချည်လေ။ဘာလို့ ဒီလောက် မနားမပြု ထိုးနေရတာလဲ ?´
          'ဟင် ! ဪ သူ့အတွက် မြန်မြန်ထိုးပြီးချင်လို့ပါ။ အလတ် ဒါ Queen အခန်းထဲယူသွားပြီး ထိုးလို့ မရဘူးလား ? အဲ့ဒီမှာ အချိန်က သိပ်မရွေ့ဘူးရယ်။ဒါမှမဟုတ် အားလုံးအဲ့သွား စုထိုးကြမလား။ မြန်မြန်ပြီးသွားအောင်။´
           သူမက အားလုံးခေါ်သွားမည် ပြော၍ မိန်းကလေးများက မျက်နှာလေးတွေ အရောင်လက်သွားကြလည်း အလတ်က
           'မရပါဖူး။ Queen အခန်းက လူတိုင်း ဝင်လို့ရတဲ့နေရာမှ မဟုတ်တာ။´
           'အလတ် တစ်ခါလောက် သွားကြည့်ချင်လို့ မဖြစ်ဖူးလား ?´
           တစ်ယောက်က ပြောလာတော့ သက်ပြင်းချလိုက်ရင်း
            'ကဲ ထကြ။မင်းတို့ တစ်နေရာ ခေါ်သွားပြမယ်။´
            မျက်နှာလေးတွေ ဝင်းသွားကြလျက်
            'Queen အခန်းကိုလား ?´
            'မဟုတ်ဖူး။ကိုယ်နဲ့ တန်ရာတန်ရာ မမှန်းတဲ့လူတွေ ဒါမှမဟုတ် Queen မဟုတ်ပဲ queen ဖြစ်ဖို့ အဆင့်မမှီပဲ queen ဖြစ်ချင်တဲ့သူတွေ သွားရာနေရာ။´
          ဟု ဆိုလိုက်၍ သူတို့အားလုံး အလတ်ပင် မော့ကြည့်မိရပါလေတော့သည်။

                အလတ်က သူမတို့တစ်စုလုံး သူနှင့်အတူ ခေါ်သွားကာ အတန်လျှောက်လာခဲ့ကြပြီး အခန်းတစ်ခုရှေ့ရောက် တံခါးခေါက်လိုက်သည်။တံခါးဖွင့်လိုက်သည်နှင့် အထဲမှ အနံ့တစ်ခု လှိုက်ခနဲ ထွက်လာ၍ သူမမှာ ထိုအနံ့ကို မခံနိုင်
            'ဟပ်ချိုး !!´ ဖြစ်ရလေတော့သည်။
            အလတ်က သူမလှည့်ကြည့်
           'သကြားခဲလေး ကြောင်နဲ့ဓာတ်မတည့်ဘူးထင်တယ်။ကျန်ရင် ကျန်ခဲ့လေ။´
            ဟင့်အင်း လိုက်ကြည့်ချင်တယ်။ဟပ်ချိုး !!´
            သူမက ပြောရင်းနှာထပ်ချီလေတော့ အလတ်က လက်ကိုင်ပုဝါတစ်ထည် ထုတ်ပေးကာပင်
           'အဲ့ဒါနဲ့ နှာခေါင်းအုပ်လာခဲ့။ပရုပ်နံ့စွတ်လာတယ်။အနံ့က အထဲရောက် ပိုပြင်းလိမ့်မယ်။´
           'ဟုတ် ..!!´
            သူမပြောပြီး လက်ကိုင်ပုဝါနှင့် နှာခေါင်းအုပ် တံခါးလာဖွင့်သူ ကြည့်လိုက်တော့ အကြီးဖြစ်နေ၍ အံ့ဩသွားသည်။အကြီးက သူတို့အဖွဲ့ကြည့်
           'ဟဲ့ နင်တို့ အခွံလွတ်တွေအတွက် အနွေးထည်တွေ မပြီးသေးပဲ ဘယ်တွေအလေလိုက် လျှောက်သွားနေကြတာလဲ ? ဒီထဲ နင်တို့အကူ ဘာမှမလိုဘူး ပြန်ကြ။´
           'ဪ အကြီးကလဲလေ။အလတ်တို့က အကြီးစိုက်ခင်း လာကူတာမဟုတ်ဘူး။ကလေးတွေ အခန်းထဲ ကုပ်ထိုးနေရတာတွေ များနေလွန်းလို့ အညောင်းပြေ အညာပြေ ခြေလက်ဆန့်ဖို့ ဒီဘက် လျှောက်လာခဲ့ကြတာ။တံခါးဖွင့်ပေး။´
            အလတ်က ဒီလိုပြောတော့ အကြီးက သူ့အခန်း မဖွင့်ချင်လည်း ဖွင့်ပေးလိုက်သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now