အပိုင်း ၇၉

64 4 0
                                    

🔞

' ဟာ ဒီဟာတွေ toilet သွားတာ ဒီလောက်ကြာ... ဟား..'
Dr ဇေက ဒီလိုပြော ထိုင်ရာမှထ သွားကြည့်မလို လုပ်နေရာမှ သူ့ဟာသူ ပြန်တွေး သဘောပေါက် စိတ်ပျက်ပြန်ထိုင်လိုက်တာပင် သူ ပြုံး ကြည့်မိရရင်း
'အကိုဖြစ်ရတာ တစ်ကယ် မလွယ်ဖူးပဲကို။ညီမတစ်ကောင် နွားတစ်ထောင်ဆိုသလို..'
'ဟာ အကို Neo ကလဲ သမီးတစ်ကောင် နွားတစ်ထောင်ပါဟ။'
'ဟပ်ဟပ် ဟား ကိုယ်လည်းသိပါတယ်။တမင် မင်းငိုင်နေလို့ စလိုက်တာပါ။'
သူပြုံး အကို Neo နှင့်ပင် အတူထိုင်သောက် ညီမလေးနှင့်အတူ ပါလာသည်ဆိုသော အမွှာတွေလည်း လှမ်းကြည့်မိရတော့ အမွှာတွေက သူတို့ junior တွေနှင့်ပင် အဖွဲ့ကျကာနေတော့သည်။သူ လွတ်လပ်ပျော်ရွှင်စွာ ရယ်မောနေကြသော မိန်းမပျိုလေးတွေကိုပင် တွေငေးမောကြည့်လိုက်မိရင်း
'လွယ်တော့ တစ်ကယ်မလွယ်ခဲ့ဘူး အကိုရေ။ညီမလေးကို အမေ မရှိတော့တဲ့နောက် ကျွန်တော်ကပဲ အမေလိုတစ်မျိုး အမ လိုတစ်မျိုး စောင့်ရှောက်ခဲ့ရတော့လေ။ ဟား ဒီလိုပြောလို့ အကိုက ရယ်ဦးမယ်မဟုတ်လား ?'
အကိုက ဒီလိုပြောတော့ ခေါင်းပင်ခါလိုက်ရင်း
'မရယ်ပါဘူးကွာ မင်းတို့မောင်နှမ နှစ်ယောက် သံယောဇဉ် ငါသိနေတာပဲ။နောက် ဒီတစ်ညနေ မင်းနှမ ငါထိန်းလိုက်ရတာနဲ့တင် အကိုလုပ်ရတာ ဘယ်လောက် ပင်ပန်းရသလဲ ခက်ခဲရသလဲ နားလည်သွားပါပြီ။'

သူဒီလိုရယ်စရာလို ပြောလိုက်လည်း Dr ဇေက သူ့ပင်တွေကြည့်ရင်း
'ညီမလေးက အကို့ရှေ့ နဲနဲ... မူမမှန်သလိုမျိုး ဖြစ်သွားသေးလား ? သူ မဟုတ်တဲ့ တစ်ခြားတစ်ယောက်လို..ပြုမူသေးလား ?'
မေးလာတော့ သူလည်း Dr ဇေမျက်နှာကြည့်ပြီး
'နဲနဲပါ။ Shinn တို့ ပွဲကြည့်ပြီး shock ရသလို ဖြစ်သွားလို့ပါ။နောက် မိန်းကလေးတစ်ယောက်အနေနဲ့ မကြုံဖူးတာတွေလဲ ကြုံတွေ့လိုက်ရတော့..'
'ဒီလို မဟုတ်ဖူးဆိုတာ အကိုလည်း သိတယ်မဟုတ်လား ?'
ရုတ်တရက် Dr ဇေက သူ့ ရုပ်တည်နှင့်ကြည့် မေးလာလေတော့ သူ ဘာပြောရမည်မသိ ဖြစ်သွားရသည်။နောက် သူ မငြင်းနိုင် ခေါင်းညိတ်မိရတော့ Dr ဇေက
' ညီမလေးက ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာ။ တစ်ခဏ အတိတ်မေ့နေသလို တခဏ စိတ်လွတ်နေသလို တစ်ခဏ ကယောင်ခြောက်ခြားဖြစ်နေသလို တစ်ခဏ ...တစ်ခြားလူ တစ်ဦးရဲ့ စိတ်ဝိညာဉ် ဝင်ပူးကပ်နေသလို ထူးထူးခြားခြားကို ဖြစ်နေတာ။
ဒီလိုဖြစ်နေတာကြာပြီ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်တောင် တစ်ခါတစ်လေ ညီမလေး အစစ်အမှန်က ဘယ်သူ ဘယ်ဝါလဲဆိုတာ ခွဲခြား မသိနိုင်တော့ဘူး။သူတို့ အားလုံးက ခွဲမရအောင် တူသွားကြလို့လေ။ဒီလိုပြော ရယ်စရာ ဖြစ်နေလိမ့်မယ်...
ဒါပေမဲ့ ဒါတွေက တကယ်။ညီမလေးခန္ဓာလေးထဲဝင်နေတဲ့ ဝင်လာတဲ့ သူတွေအားလုံးက ကျွန်တော့ကိုချစ်တယ်။တစ်ခါတစ်လေ ဖေကြီးကိုမုန်းတဲ့သူတွေ ပါနေပေမဲ့လို့ပေါ့။နောက် သူတို့က နောင်ကြီးကိုလည်း ချစ်တယ်။နောင်ကြီးက သူတို့အားလုံး တစ်ယောက်ထဲ မှတ်ထင်နေပေမဲ့ပေါ့။'
'ကိုယ့်ကိုလဲ သူတို့ ခင်တယ်။'
'ဟင် ?'
အကို Neo က ဒီလိုပင် သူ့ကြည့်ပြောတော့ သူလည်း ပထမအံ့ဩသွားလည်း
'အကို Neo တောင် ဘေးက ဒီလိုသူတို့ ခံစားရတယ်မဟုတ်လား ? ဒါပေမဲ့ နောင်ကြီး ဒီအရူးကောင်က ကျွန်တော် ညီမလေး ဒီလိုဖြစ်နေပါတယ်ပြော သိပ်စိတ်တိုတာ..
ညီမလေးက သူ့အတွက် ဘယ်လိုနေနေ ပုံမှန်ပါပဲတဲ့။မျက်စိမှိတ်ကို ချစ်နေတာလေ။
ကျွန်တော်ကတော့ ညီမလေးစိတ်နှစ်ခွဖြစ်နေသလို မဟုတ် တစ်ခါခါသုံးခွ ဖြစ်နေတာကြည့် စိတ်မကောင်း အတော်ဖြစ်ရတယ်။
အရင်က သူ့ ဂရုမစိုက်မိခဲ့တာတွေ အတွက်လေ။ဒါပေမဲ့ ညီမလေးက ဒီလိုဖြစ်နေတယ်ဆိုပေမဲ့ အရမ်းကြီးတော့ မဆိုးဘူး။သိပ်လည်း ပြောင်းလဲမသွားဘူး။ဒါကြောင့် တစ်ချို့လူတွေက သူ ဒီလိုဖြစ်နေတာ မရိပ်မိကြဘူး။အိမ်က ဖေကြီးတောင်မှ ဒါကို သိတာ မကြာသေးဘူး။'
'ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ?'
'ဟင် ဪ သူ အပျိုဖော်ဝင်စ ကတည်းကလေ။ သွေးသားအပြောင်းအလဲကြောင့် ဒီလိုဖြစ်လာတယ် ထင်ရတာပဲ။ဒါပေမဲ့ ကျွန်တော်တို့ လည်း အချိန်အတော်ကြာမှ ရိပ်မိကြတယ်။ကျွန်တော်မပြောနဲ့ အမေတောင် နောက်မှ သိတယ်။'
'သူ စိတ်ပြောင်းသွားရင် တစ်ခြားလူလို လုံးဝပြောင်းလဲသွားလား ? ဘယ်လိုမျိုးတွေက သိသာစေလဲ ?'
'အင်း...သူ့ မျက်လုံး အကြည့်တွေ။အဲ့ဒါတွေက မူ မမှန်တော့ဘူး။ဒါမျိုးတစ်ခြားသူ သွားပြော သွားပြလိုက်မယ်ဆိုရင် သူ့ တစ်ခါထဲတန်း စိတ်ငြိမ်ဆေးတွေပဲပေးတော့မှာ။သူ့လည်း စိတ်ကျန်းမာရေး မကောင်းတဲ့သူလိုပဲ ဆက်ဆံတော့မှာ။
ကျွန်တော်က အဲ့ဒီလို လုံးဝမလုပ်ခဲ့ဘူး။ညီမလေးကို စောင့်ကြည့်ခဲ့တယ်။သူ့ကိုယ်ထဲ တစ်ခြားသူ ဝင်လာတာ သိလည်း ထိုင်ကြည့်နေတဲ့သဘောပေါ့။'
'အဲ့ဒါက ဘယ်အချိန်ကတည်းက စခဲ့တာလဲ ?'
'သူ ငယ်ငယ်ထဲက။ သူ အတော်ငယ်ငယ် သူ လုံးဝ မသင်ဖူးတဲ့ တယောစထိုးတာက စတယ် ထင်တာပဲ။'
'ဟင် ?'
'ညီမလေးက တယောထိုး ဘယ်တုန်းကမှ မသင်ခဲ့ဖူးဘူး။ဒါပေမဲ့ အဖိုးဆီက တယောဟောင်းလေးတစ်လက်တွေ့တာနဲ့ ကောက်ယူ တီးလိုက်တယ်။အဲ့ တယောက အဖိုးရဲ့ သမီးငယ် ဖေကြီးတို့ရဲ့ညီမ၊ ဆုံးသွားပြီဖြစ်တဲ့ ကျွန်တော်တို့ အဒေါ်ရဲ့ဟာ။
ဒါပေမဲ့ အဒေါ်က ထူးထူးခြားခြား သီချင်းတစ်ပုဒ်ထဲကိုပဲ ကျွမ်းကျွမ်းကျင်ကျင် ထိုးတတ်တာ။ညီမလေးက အဲ့သီချင်းကိုပဲ သူ အမြဲ ထိုးနေကျလို ထိုးပြလိုက်တော့ အဖိုး shock ရသွားတယ်။
နောက် ရေဆေးပန်းချီ။ညီမလေးက အခုထိ သူငယ်ငယ်ကထဲက ရေဆေးပန်းချီ သင်ယူခဲ့ဖူးတယ်ချည်း မှတ်နေတာ။ဒါပေမဲ့ သူတစ်ခါမှ မသင်ခဲ့ဖူးဘူး။
သူက စာဖတ်တာပဲ စိတ်ဝင်စားခဲ့ပြီး ပန်းချီဘယ်တုန်းကမှ စိတ်မဝင်စားခဲ့လို့ ရောင်စုံခဲတံတွေတောင် ပစ်ထားခဲ့တာ။ဒါပေမဲ့ တစ်နေ့တော့ အမေ့ပုံ ခဲပန်းချီသေချာအကျ ဆွဲလာပြီး ပြလာခဲ့တယ်။
ဒါနဲ့ အမေလည်း အံ့ဩ သူ့ပန်ချီဆေးဗူးတွေ ဝယ်လာပေးကြည့်လိုက်တော့ အဲ့ဒါတွေနဲ့ ပုံတွေဆွဲလိုက်တာ လန်ထွက်နေရောပဲ။အားလုံးဆိုတာ အံ့ဩသွားရတယ်။
နောက် သူက တစ်ခါတစ်လေ တစ်ခြားသူတစ်ဦးလို စကားတွေပြောနေတတ်တယ်။သူ မရောက်ဖူးတဲ့ နေရာတွေကိုလည်း ရောက်ဖူးခဲ့သလို မဖြစ်ခဲ့ဖူးတဲ့ ကိစ္စတွေကိုလည်း ဖြစ်ခဲ့သလို ထင်နေသေးတယ်။ဆိုးတာက တစ်ခါတစ်လေ သူ ဖြစ်ဖူး မြင်ဖူး ကြုံဖူးခဲ့တဲ့ ကိစ္စတွေ နေရာတွေ လူတွေကျ မေ့နေလေရောပဲ။'
'ဒါဆို Dr ဇေက သူ့ အခု ကုသပေးနေပြီပေါ့။Dr က အာရုံကြော အထူးကုဆိုတော့လေ။'
သူ မေးမိရတော့ Dr က 'ဟပ်' ခနဲ ရယ်လိုက်ရင်းပင်
'သူဖြစ်နေတာ ကျွန်တော်တို့ ဆေးပညာနဲ့ အဖြေထုတ်နိုင်တာမျိုးမှ မဟုတ်တာလေ။ဒါပေမဲ့ ကျွန်တော်က သူဖြစ်နေတာကို လေ့လာ thesis ရေးနေတယ်။နောက် ဆရာကြီးတွေနဲ့ တိုင်ပင်ပြီး ဒီလို အရမ်းမသိသာအောင် လွတ်ထွက် မသွားရအောင်ပဲ ထိန်းပေးနေတာ။ဆေးတွေက ကလေးကို ကုသမပေးနိုင်ပဲ ပိုဂေါက်သွားမှာစိုးလို့လေ။
ဒါကြောင့် ကျွန်တော်က ညီမလေး အပြင်သိပ်မလွှတ်ပဲ အိမ်ထဲမှာပဲထား အိမ်အလုပ်လေးတွေ သူ ဝါသနာပါရာလေးတွေလုပ် တမင်စောင့်ကြည့် ထိန်းထားရတာ။ချုပ်ထားသလိုတော့ ဖြစ်သွားတာပေါ့။ဒါပေမဲ့ ညီမလေးက သူ့ကိုယ်သူသိ နာခံပါတယ်။
နောက် နောင်ကြီးပြန်ရောက်လာတော့ သူ့တမင်လွှတ်ပေးကြည့်လိုက်တယ်။ခုထိတော့ အရမ်းကြီး ဆိုးမသွားပဲ နဲနဲတော့ တိုးတက်လာတယ် ထင်ရတာပဲ။ အကို Neo ကိုလည်း အပ်ပါတယ်။ကျွန်တော့ညီမလေး စောင့်ရှောက်ပေးပါဦးလို့။'
ဟု ဆိုလိုက်တော့ Neo လည်း Dr Zay ကိုပင် ကိုယ်ချင်းစာ ကြည့်မိရပါလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now